အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ် ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက် လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။ ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို ကျွန်တော့်ကို ခံပြင်းပါ။ နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ် အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
13 December 2010
စိတ်မလို လက်မရ တစ်နေ့ 
ဘယ်နေရာမှာ ဘယ်အရာက အသေချာဆုံးလဲ
ကံတရား မင်းတိုင်ပင် နည်းနည်းနှေးနေတယ်
ဆရာစိမ်းခက်စိုးရဲ့ လတ်တလော ပြင်နေတဲ့ ဘားလမ်းလို
နွေရာသီ နဖူးလေးမလိုဘူး
ဒီနေရာမှာ
ပပ၀တီမရှိလည်း
ကုသမင်းတော့လိုအပ်မယ်
ချစ်လှစွာသော ဆန်ကုန်ရေရှား သူငယ်ချင်း
မင်း ကမ္ဘာဘယ်နှစ်ပတ် တိုင်ခဲ့ပြီလဲ
ငါ့အင်္ကျီ မင်းနဲ့ မတော်သလို
မင်း ဘောင်းဘီ ငါစွပ်ချင်မှစွပ်မယ်/အားနာလို့ ဝတ်မယ်/အလကားရလို့  ယူမယ်
ဟေး သနပ်ရေ
ဆားလေးတယ် ကွယ်။
ခပ်ညံ့ညံ့တွေထဲက ငါလည်းမဟုတ်ပဲ
ဆိုက်ကားနင်းတတ်တယ်
ကြက်သွန်ဖြူကြိုက်တယ်
လူကြီးလူကောင်းဆန်ဆန်ဆဲ တတ်တယ်
အိနြေ္ဒရရ တုံးတတ်တယ်
ခွင့်လွတ်ပါ လုံးကြီးပေါက်လှလေးရေ
နင်ဥတဲ့ မျောက်ဥကို
ငါလေ တကယ်မတူးတတ်ဘူး။
တွေးကြည့် ရယ်စရာကြီးပါ
မတွေးလည်း ပြုံးလို့ ရတယ်
မပြုံးပဲနဲ့ ရယ်
ရယ်ပြီးမှ မတွေးနဲ့ 
တကယ်
မြန်မာ ဗီယက်နမ်ကို ၁-၇ နဲ့ ရှုံးတယ်။
လောလောဆယ်
မိုးပျံဘူဖေါင်းပေါက်တယ်
(အသစ်ထုတ် ထပ်မှုတ်မယ်)
ပြီးတော့
ခင်ဗျားကောင်မလေး စိတ်ကောက်တယ်
ငါ့စိတ်က
လွယ်မယောင်နဲ့ မခက်ဘူး
တစ်နှစ်တစ်ခါ ပိတောက်မပွင့်ဘူး
ထီနဲ့ လက်ခလယ်ကလွဲပြီး
ဘယ်သူ့ ကိုမှ မထိုးဘူးဖူး။
(မနက်ခြောက်နာရီမှ ညနေခြောက်နာရီ အထိသာ)
တိတ်
မှန်မှန်ရှူ
ရှေ့ /နောက်ကြည့် မှန်ကြည့်
ဒီ အို ဂျီ…ဒိုဂျီ
သေရင်မြေကြီး ရှင်ရင်မြေပဲ
အချိန်တန်တော့ ရောင်းစားခံရမှာပဲ
အားနာရုံသက်သက်ကျွန်ဖြစ်လာကြတာလား
မျက်မှန်စိမ်းကြီးနဲ့ နှစ်ထောင့်တစ်ဆယ်
ဟေး
ဟေး
“ဓာတ်တိုင်”
နင်မူးလာတိုင်း ငါ့ကိုလာတိုက်နဲ့ ။
အခြေအနေက ဒီလိုပဲ
လက်ထဲက အလိပ်ဖြေကြည့်တော့လည်း ဗလာပဲ
ခါတိုင်းလို
ငါလည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ခဲ့တာပဲ။ ။
ညီဇံလှ
09 December 2010
ကမောက်ကမ ကတောက်ကစမှ ဤသို့ 
ဆန်ကွဲနဲ့ ဆန်
တူတူပဲ ရွေးလိုက်မိတယ်
ကွင်းကျဉ်းနေတဲ့ပုဆိုးမှာ
ခါတိုင်းလို
ကျွန်တော်နဲ့ ခင်ဗျားခဏခဏကျွတ်ကျနေမှာပဲ။
“ဒကာတော်…လူပေါင်းများစွာသတ်ခဲ့စဉ်က
ကိုယ်တိုင်စိတ်ပါပါရဲ့ လား”
“မပါပါဘုရား…တာဝန်အရသာ ဖြစ်ကြောင်းပါ”
“သူတစ်စေခိုင်း၍ပြုလုပ်ရသည်။ဒကာတော်ထံ အပြစ်ရှိနိုင်၏လော”
“ရှိမည်မထင်ပါ ဘုရား…”
(ရှင်သာရိပုတ္တရာ နှင့်တမ္ဗဒါဋ္ဌိကစောရဃာဗာက ၀တ္ထုမှကောက်နှုတ်ချက်)
အရပ်ရှစ်မျက်နှာဟာ ဖုန်းနံပါတ်အမှားကြီးနဲ့ 
ကောင်မလေး မင်း ကွန်နက်ရှင်ကျနေပြီလား
သတ်ပုံကြီးငယ်မဖြစ်ခင်
စကားတွေထန်လာတာလည်း
တစ်မျိုးကောင်းပါတယ်။
လွယ်လွယ်လေးပါခွေးမလေး
ရှင်လျက်နဲ့  ငိုတယ်
ဇွတ်ကွယ်။
ဒါ ငါ့ကွင်း
ငါစိတ်ကြိုက်သွင်းမယ်
ဒီကွင်းမှာ ဒိုင်မရှိဘူး
အရေးအကြောင်းဆို
သိကြားမင်းဟာ ကျောက်ဖျာပဲ တင်းတတ်တယ်။
သို့ 
အားအားယားယားကင်းမဲ့ဇုံရေ
ငှက်မွှေးလောက်မဟုတ်တောင်
ကျွန်တော့်ကိုပေါ့ပါးခွင့်ပေးပါ။ ။
ညီဇံလှ
06 December 2010
ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့
မိုး ဆိုပြီး
မ မိုးပဲထားလို့ လည်း ရတယ်
ဝတ္ထုရဲ့ အစ ဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့။
ခင်ဗျားရဲ့ အစမှာ
တိုက်ပုံဖြစ်ဖြစ် နက်(က)တိုင်ဖြစ်ဖြစ်ပေါ့။
ကန်ရေပြင်ကိုကြည့်မယ်
ငှက်လို နားချင်နားမယ်။
ဓာတ်ကြိုးလိုတွေ့ တဲ့သူ ရင်လိုက်ခုန်ချင်ခုန်မယ်
ကံဆိုးရင် အိမ်သာကျင်းလဲ တူးရမယ်။
ခင်ဗျားဟာ ၀တ္ထရဲ့ အစဖြစ်တယ်ဆိုပါတော့
ည ဘက် ကေတီဗီ သွားမလား
မာဆတ် သွားမလား
တိမ်တစ်ဆုပ်လောက်လက်မှာထည့်
ခင်ဗျားကိုယ်တိုင် ကဗျာဆရာလုပ်မလား။
ဝတ္ထုဟာ ခင်ဗျားရဲ့ အစ ဖြစ်တယ်ဆိုပါတော့
ဆင်းရဲသားလည်း ခင်ဗျားပဲ ပျော်တယ်
ထီပေါက်လည်း ခင်ဗျားသွားထုတ်မှာပဲ။
ခင်ဗျားရဲ့ အစဟာဝတ္ထုဖြစ်တယ်ဆိုပါတော့
ကွမ်းယာရမယ်
ဆေးလိပ်ရမယ်။
လိုအပ်သလို
ကမ္ဘာကြီးကို ပြားလိုက်လို့ ရမယ်။
အစဟာခင်ဗျားရဲ့ ဝတ္ထုဖြစ်တယ်ဆိုပါတော့
ကိုယ့်ကိုယိကို ပြန်ပြီး ဖတ်ချင်မှ ဖတ်မိမယ်
နွေရာသီဆိုလည်း
ခင်ဗျားချမ်းနေမှာပဲ။
ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့
ခင်ဗျားကိုယ်တိုင်ဝတ္ထုဖြစ်သွားတဲ့အခါ
ကြိုက်သလိုငိုချင်းလည်း ချနိုင်ပါတယ်
' ဘာလင်က ဒါလင်ရေ'
ခုတော့
ကွဲပြီ ။ ။ ။ ။
ညီဇံလှ
29 November 2010
မနက်မိုးသောက်ရင်လေ ငါ မင်းကို
ထူထူခြားခြားကွန်ပြူတာကို မျက်နှာပြပြီး log in ၀င်
ဆန်ရေ
ထူးထူးခြားခြားအပင်များနဲ့ ဆိုဂိုထရာ ကျွန်း
Www.facebook.com/username မှာမိမိလိုချင်တဲ့ နာမည်ပေးမယ်
လုပ်ဇာတ်တွေကြား အကျွမ်းမ၀င်တဲ့ အရာ
ရွာရင်ရွာ၊၊ပြားချင်ပြား၊မခြားလျှင်တော်တယ်
မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ခဲ့ပါ
ဝေလည်းမွှေး၊ကြွေလည်းမွှေး
(Next အပြင်ဘက်လို့  ခန)
ဤနေရာတွင် ခွေးများသာသေးပေါက်ရန်
ပုံ
ခွေးဥက္ကဌ
ညတိုင်းသောက်တယ်
သောက်တိုင်းမပိုဘူး
သောက်ပိုတွေ သိပ်လုပ်တာပဲ
သိပ်ပြီး သောက်စပ်မြင်ကပ်တာပဲ
(Previous အထဲသို့ ခန)
ညီမငယ်များသိထားဖို့ လောကမှာ ဥပုဒ်စောင့်သော ယောက်ျားမရှိ
ဒေါင်းဖြူမြင်ရင် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ့ ရမယ်
အနမ်းသင်္ကေတလေးတွေမော်ကွန်းထိုးဖို့ 
ခွက်ကပ်စား
Gmail အဟတ်ခံစားရသူများအတွက် ၀မ်းသာစရာ သတင်း
တေးရေး တေးဆို ယဉ်မောင်း စက်ပြင်
တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့ 
ရခိုင်မှ လေဘေးသင့်သားခြင်းများအတွက် ညီညွတ်စွာပူးပေါင်းပါဝင်ပေးရန်
အိပ်ရာထဲကနေ ပြတိုက်ကိုလေ့လာမယ်
လူပျိုကြီးများအတွက် စိတ်ဝင်စားဖွယ်
ကွန်ပြူတာ ပိတ်ထားလိုက်သည်
နားခိုရာ….ရှင်သန်ရာ…..ဆောက်တည်ရာ
ဝါ့ကာ ၀ါ့ကာ အေးအေ
မြန်မာ (Rap) အစ ၀ ထ က လ သ (မောင်ချောနွယ်)
ဂလိုပဲ
မဆူပဲထားတော့ ရေကျက်အေးပေါ့။
(Next အပြင်ဘက်သို့ ခန)
တောက်
ဒီရာသီဥတုနဲ့ တော့ “ ထီး “ပဲ ….
မနေနိုင်လို့ ရေးတဲ့ကဗျာမို့ မနေနိုင်ဘူး
သွေးဆူလွယ်တဲ့အလှတရားတွေ
မီးဖိုအောက်က ဂက်စ်အိုးလို ရင်ခုန်လိုက်တယ်
ကျေးဇူးပြု၍
စိတ်လှုပ်ရှားအောင် မလုပ်ကြပါနှင့်
ကျွန်တော့် ညီလေး နိုး,နိုးနေသည်
ငိုပြီးမှ အိပ်တတ်သည်။
ညီဇံလှ
25 November 2010
မဝေးတဲ့စံပယ်
(လွန်လေပြီးသောကဗျာလေးကို ပြန်တင်လိုက်တယ်)
လှေနံထစ်သွားတဲ့ ဓါးမလိုဘူး
သေချာတဲ့ရေဒါနဲ့ 
ဖွတ်မရလို့ ဆုံးသွားတဲ့ ဓါးမ တစ်ချောင်းလောက်
ပြန်အသက်သွင်းမယ်
သူငယ်ချင်း
ရိုးရိုးလေးပါပဲ
ရိုးရိုးလေးတွေးနေလို့ ရိုးရိုးလေးထိုင်နေကြတာ
ရိုးရိုးလေးထိုင်နေလို့  ရိုးရိုးလေးအနင်းခံနေရတာ
တကယ်ကို ရိုးလွန်းမက ရိုး။
ဘောလုံးကွင်းလည်း
ရောက်ခဲ့ဖူးတာပဲ။
ဘေးမပြောရဆိုတဲ့ ကျားဝိုင်းလေးက
ကျဉ်းကျဉ်းလေးပါ သူငယ်ချင်း။
ဒီမိုကရေစီ လမ်းရှာခေတ်ကြီးထဲမှာ
ဒီ မိုကရေစီဆိုပြီး
မို ရိုက်ပုံသွင်းပြောမိတာလေးနဲ့ 
က နေ့ ခတ်
ရေ တိမ်နစ်ခဲ့တဲ့ ဘ၀တွေ
စီ ကနဲ နေအောင်ရိုက်နှက်မှုတွေ
များပေါ့သူငယ်ချင်း
သူငယ်ချင်း
အသံတိတ်ငိုနည်းမှာ
ပန်းသစ်လေးတွေ ဂုဏ်ထူးမထွက်ဖို့ 
့
ဥယျာဉ်မှူးတစ်ယောက်ဖျားနာတိုင်း
ငါတို့ တွေ ၀ိုင်းဝန်းပေါင်းသင်ဖို့ ။
တကယ်တော့ အဝေးကြီးသွားကောက်စရာမလိုပါဘူး
စိတ်ကူးပေါ်လက်တင်ရင် စံပယ်ပန်းဖြစ်တယ်။
ညီဇံလှ
(4 Jan 2005)
24 November 2010
ကောင်းရာမွန်ရာသို့ ကဗျာ
ဒါ သက်သက်မတရားတာ
တိုးတိုးပြောပါဆိုနေမှ လမ်းဘေးဈေးရောင်းနေတာမဟုတ်ဘူး
သက်သက်မတရားတာ
ပြောပြန်ပြီ ဟော ကြည့် ကဲ ဈေးမရောင်းရတော့ဘူး
ငါ့နေရာမှာ ငါထိုင်နေတာ
မင်းထိုင်ရင်လည်း ငါဖယ်ပေးမှာ
နင် ဟောင်ရင် ငါပြန်ကိုက်မှာပဲ
သို့  လက်တစ်ခုပ်စာလေးရေ…
ခြေထောက်နှစ်ချောင်း လှုပ်လိုက်ရတာ
ပေါင်ကြောတွေတင်းလိုက်ရတာ
အစာ တစ်လုတ်အတွက်
ငုတ်တုတ်လေးစောင့်လိုက်ရတာ။
အသက်တွေကြီးလာတာနဲ့ အမျှ
ကဗျာပါးနည်းနည်း ၀တတ်လာတာနဲ့ အမျှ
လူဟောင်းမှ လူပျက်ဖြစ်လာတာနဲ့ အမျှ
ကျွန်တော်ညီဇံလှအား လည်ကောင်း
ကိုကြီး ကျော်ညိုသွေးအပါအ၀င် အပါင်းအသင်းများကို လည်းကောင်း
အမျှ…အမျှ…အမျှ…..
သို့  ရေတစ်ပွက်စာလေးရေ
အိပ်မက်တွေတစ်ပြွတ်ပြွတ်မွေးမယ့်အချိန်ကျရင်
ငါ့ဆီ ဖုန်းဆက်လိုက်ပါ။
ညီဇံလှ
23 November 2010
ဒီနေ့  ရယ်ရတာ အထိုင်မကျဘူး
ဒီအရွယ်ရောက်မှတော့ လွယ်လွယ်ကူကူလေးအမြီးပေါက်ခဲ့ပါတယ်
စဉ်းစားခန်းကျယ်ကျယ်ကြီးကြီးတွေ မ၀င်ပါနဲ့ 
ငိုရတာအသက်၇ှူကြပ်တယ်။
ဟေ့ လက်မြှောက်လိုက်၊
မဟုတ်ဘူး
လက်ရောခြေထောက်ရော မြှောက်ခိုင်းတာ ပိုသေချာမယ်
သရက်သီးအသေတွေ၊ရာသီဥတု အသေတွေ၊
မျှော်လင့်ချက်အသေတွေ၊သက်ပြင်းအသေတွေ
ကဗျာဆရာ စိမ်းခက်စိုး အဆို
“ခေတ်ပျက်ကြီးထဲမှာ အသေတွေမွေးလာခဲ့တာ”
နိစ္စဓူဝ နေ့ တဒူဝ နေတိုင်း နေ့ စဉ်
နံစော်နေသော ချစ်သော ရေဒီယို
လတ်တလော သတင်းအရ
ကဗျာဆရာ ဆူးခက်မင်းရဲ့ မေလက သစ်ရွက်များ
နိုဝင်ဘာအထိ ခုန်ကျော်လာ၊
ကျွှန်တော်နားလည်သော ရှော့ပင်းဆိုတာ လျှောက်ကြည့်ခြင်း
ဥပဒေထက်မှာ ဘယ်သူတွေဆေးလိပ်ခိုးသောက်နေကြလဲ
"အား"................ဆိုတာ တစ်ခါတည်းအော်ရင် ပိုကျယ်တယ်။ ပိုအားပါတယ်။
ပြီးတော့
ဖြစ်ခဲ့တာတွေ နည်းနည်းပဲယူ ချန်မထားနဲ့  အကုန်စားလိုက်
ပြီးတော့ ပြီးတော့ပဲ မပြီးနိုင်သေးမျှ။
ပြီးတော့
အမာရွတ်တွေပျောက်သွားတာ လူမဟုတ်ဘူး။
ပြီးတော့
ဝါသနာပါရင်
လက်ေ၇းလက်သား မကောင်းလည်း စိတ်ရှည်လက်ရှည် ငိုလို့ ရတယ်။
ညီဇံလှ
22 November 2010
ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ
ငါမအိုသေးဘူး၊အိုးမသေ သေဘူး။
ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်
လူပျိုဖြစ်လာပြီ
စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး
အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်
ဒီကားနစ်ကားစဉ်းစားထားတယ်။ု
စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။
ငါးဖယ်ကို သုံးထပ်က
မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်
လှေခါးနားက ဝယ်တယ်။
လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်
ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ
ကိုယ့်ခြေရာနဲ့ ကိုယ်
revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်
Subliminal Message ကို သုံးပြီး ပြောတာ များတယ်
ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး
ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်
နိဒါန်းဆိုရင် အစ
နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ
ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)
တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။
ညီဇံလှ
20 November 2010
ကျွန်တော် စောင်ပါးပါး ခြုံထားတယ်
တစ်ဖြည်းဖြည်းနဲ့ 
တစ်လေးလေးနဲ့ 
တစ်ကန်ကန်နဲ့ 
တောအုပ်တွေက အဝေးကြည့်မှန်ပြောင်းနဲ့ 
(ထူးဆန်းသည်မှာ အနီးသို့ လည်း ကြည့်၍ရသည်)
ငေးမော။
လူနဲ့ ဆင်သောသတ္တ၀ါများကို၊
ဆင်နဲ့ ဆင်သော လူများကို၊
ငေးရင်းမော…တွေးရင်းတော
(ကာရန်သုံးထားသဖြင့် မော်မဒန် ဟု ပြောလည်း ရသည်)
ဆာတယ်
ဗိုက်ဆာလို့ ရေးတဲ့ ကဗျာမို့  ပိုဆာတယ်
ခေတ်တစ်ခေတ်(သို့ မဟုတ်)
တစ်နေရာရာကို ဆာတယ်။ဆာတယ်။
ပြာလောင်တယ်။
ကြားနေရတယ် ခေါ်သံတွေ၊ငိုသံတွေ၊
ပြက္ခတိန်စာရွက်လှန်သံ၊ လှံသံ၊
ကြိုသူမဲ့ ၊ လက်မှတ်မဲ့၊ လက်မဲ့။
အစိမ်းရောင် တိမ်တိုက်များ
ဘုန်းကြီးကျောင်း အမိုးထက်မှာ တစ်ဂွပ်ဂွပ်မြည်သံ
မြည်သံဟာ တစ်ဂွပ်ဂွပ်နဲ့ ဆိုပဲ
ငါတို့ အားလုံး ဇက်ကြောတွေလေးလံ
မျက်ခွံတွေလေးလံ
သမိုင်းတွေလေးလံ
တကယ်ကိုလေးလံ အောက်ထစ်အကုန် လေးလံ
ဦးခေါင်းထက်က အစိမ်းရောင်တိမ်တိုက်များ။
လမ်းလျှောက်ရင်း လမ်းတွေပါးလာတယ်။
ဖိနပ်တွေပါးလာတယ်
စကပ်တွေပါးလာမယ်
လူတွေပါးလာမယ.်
(ငွေတွေထူလာမယ်)
နာရီနဲ့ ထိတိုင်း အတိတ်ဖြစ်ရင်
အတိတ်နဲ့ ထိသမျှ နာရီမဖြစ်ရင်
ငါတို့ ဟာ တစ်ခုခု ကျန်ခဲ့သလို၊
ငါတို့ ရှေ့ မှာ ခြေသံတစ်သံ ရှိသလို
ခွေးရူးလိုက်သလို..ငှက်ဖျားမိသလို
သလို…သလို..သလို…သလို
လိုသမျှမရသလို
ပွဲခင်းထဲ အမေ ပျောက်သလို၊
သားရယ်..ငါတကယ် မသိတာပါ…
ဘာတဲ့..ရပ်ကွက်ပျက်မတတ် အလွမ်းတဲ့
ဆောင်းလည်းမချမ်းဘူး မချမ်းလည်း ဆောင်းပဲ
အိမ် ပြန်ရောက်လာတော့လည်း ခေါင်မိုးက ပေါက်နေဆဲ..။
ညီဇံလှ
18 November 2010
၂၀၁၁ နှင့် သူမဧ။်နောက်ပိုင်း တစ်စိတ်တစ်ပိုင်း သို့ အမျှော်
ပင်လယ်ကြီး တစ်ပင်လယ် လည်း လိုချင်ရင်ရမယ်
မလိုလည်းဖြစ်တယ်၊နေပူချင်ပူ။…..။မိုးရွာချင်ရွာ။
ကိုယ်ကြိုက်တဲ့ ခုနှစ်ကို ကိုယ်တိုင်မျှားလို့ ရမယ်၊
ငါးမျှားချိတ်
သတ္တုမရွေးဘူး၊
ဟုတ်တယ် မရွေးဘူး..။လုံးဝ။
ငါးမျှားချိတ်
ထိပ်မှာ
(အစာအတွက် နှစ်သက်ရာ မော်ဒယ်ဂဲ
အားတပ်ထားနိုင်သည်)
ရေငုံ့ ပြီး ၀ါသနာပါလျှင်ပြန်မတက်လာလည်း
တရားမစွဲံပါ
တည်းခိုးခန်းများ ၂၄ နာ၇ီ၊ရေ၊မီး၊ဂီတ
ကော်ဇီခါးခါး၊အရက်များများ၊၊ရှင်မတောင်
သနပ်ခါးနဲ့ ဂျင်သီး
ရာသီဥတု အဆိုးဆုံး ခံတပ်ပြို။ပူလာ..ပိုပူလာ…
အကြောင်းပြချက်ရပြီးနောက်
မျက်စိသေသေရှင်ထားရမည်
အရပ်ဆယ့်ခြောက်မျက်နှာမှ
မသန်မစွမ်းမှ သည် သန်သန်စွမ်းစွမ်းသို့ 
ဟယ်…………………………………..ဟယ်
…………………ဟယ်……………………….
ဟယ်…………………………………..ဟယ်။
မီနီစကပ်မှသည် မိုက်ခရိုစကပ်သို့ 
အပေးအယူအချိန်အဆက်မိမိနဲ့ 
လိမ၊်ခေါက်၊ဆွဲ၊ပြေး
အချိန်ပိုင်းဆေးပေးမီးယူဆိုတာ ငရုတ်သီးစပ်စပ်နဲ့ 
လူကျွံဘောများ ခွဲစိတ်ကုသရန်
ဆရာဝန်များအတွက် ကျောင်းမဖွင့်သေး
ရှေ့ မြင်နောက်မြင်များထက် ကျွန်တော်တို့ အမြင်
ပိုကျယ်လာနိုင်
မှတ်ချက်။ ။ သန်းခေါင်ကျော် ရောက်သောအခါ
ကြက်မ များသည်
ကြက်ဖများ ဖြစ်သွားလိမ့်သည်။
ညီဇံလှ
15 November 2010
နေရောင်ကန်းစွာ ဆွံ့ အသွားသော နိုဝင်ဘာ
(သူ့ အတိုင်းအတာနဲ့ သူ)
နိုဝင်ဘာဟာ ဖြူစင်ခဲ့တယ်။
နို့ ရည်ဝကာအိပ်နေသော ကလေးငယ်လို
အပြစ်ကင်းတယ်။
တစ်ခါတစ်လေလည်း
သားသတ်သမားလက်ထဲက သိုးငယ်လို
ဆတ်ဆတ်တုန်ရင်နေပြန်တယ်။
နိုဝင်ဘာဟာ
အပျံသင်စ အရွယ်မဟုတ်ပါ၊
နိုဝင်ဘာ ဟာ
မေတ္တာထားတတ်သလို
လိုအပ်သလို ဒေါသလည်းကြီးသင့်တယ်။
“ကျွန်တော်ခမောက်ဆောင်း ထားပါတယ်ဗျာ”
နေမင်းနဲ့ မာရ်နတ်ကို မော့ကြည့်
သွေးတစ်စိမ့်စိမ့်နဲ့ 
ကောက်ရိုးဆန်ဆန် ကတိက၀တ်တွေကြား
အပြုစားခံလိုက်ရတဲ့ နိုဝင်ဘာ။
လက်ခုပ်အတုတွေတီးပါ
ဗြောက်အိုးအစစ်တွေဖေါက်ပါ
တ၇ုတ်က တွေကလိုက်ပါ။
ဒီတစ်ဆောင်းလည်း စောင်းပြန်ပြီပေါ့။
ကျားပြုံးနဲ့ မျက်နှာဖုံး၊သစ်ဆွေးကိုင်း နဲ့ တံတားသစ်၊
သေနတ်နဲ့ ဘုရားရှင်၊
သွားပွတ်တံဟောင်းနဲ့ နေ့ စွဲသစ်၊ ။
……….အား……………………….
……….အား……………………….
……….အား………………………. ။
ကံစမ်းမဲသံကြားတိုင်း
လန့် လန့် နိုးတတ်တဲ့ နိုဝင်ဘာသာ
မျက်တွင်းဟောက်ပက်။ ။
ညီဇံလှ
19 October 2010
အိပ်ရာထပြီးနောက် ( ၅ )
လတ်တလော ရာသီဥတုက
စိတ်မပါတစ်ပါ ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ပြီး
ကျွန်တော်က ဒီနေ့ 
နောက်ဆုံးပေါ်လက်ဘက်ရည်ဆိုင်ထဲမှာ။
ခင်ဗျား ရင်ထဲက ဆောင်းမှာ
အနွေးထည်ကောင်းကောင်း လိုအပ်ပါသလား။
ခင်ဗျားအိမ်မှာ
အရေးအကြောင်းတိုင်တောစရာ လူကြီးရှိလား။
“………………………………………….”
သောက်ပိုတွေပါကွာ
ငွေမရှိရင် ရေမရှိဘူး။
ဘယ်သူတွေ ဆေးလာ ခြယ်ခြယ်
ဘယ်ခေါင်းစဉ်နဲ့ လာလာ
ခင်ဗျားရော ကျွန်တော်ရော
မနှစ်က မိတ္တူစက်ထဲမှာ..။
ပြန်ပြီဗျာ
ခင်ဗျားလည်း အသက်ကောင်းကောင်း ရှူထားပါ။
ကျွန်တော့် အိတ်ကပ်ထဲတောင်
အောက်ဆီဂျင်တော်တော်နည်းနေပြီ။
ညီဇံလှ
12 October 2010
နွားကျောင်းသား သာဂိရဲ့ သေနတ်
ဒီနေရာမှာ
ကန်ကြီးတစ်ကန်ရှိစရာ မလိုဘူး
နောက်ခံ ကောက်ရိုးပုံလည်း မလိုဘူး။
နွားတစ်ကောင်မှ မလိုသလို
အဓိက ဇာတ်ဆောင်က သေနတ်လည်း မဟုတ်သလို
သာဂိလည်း မဟုတ်ဘူး။
နားမလည်ဘူး။
နေထွက်လာတာက အစ
ကျွန်တော့်ကောင်မလေး ဆံပင်ဖြောင့်ချင်တာ အဆုံး
နားမလည်ဘူး။
အယ်လ်ပီ နားမလည်သလို
နားလည်ဖို့ မလိုသလို၊
နတ်သျှင်နောင်လည်း နားမလည်ဘူး
ခင်ဗျား ကဗျာစာအုပ်
ကျွန်တော့်လက်ဖက်ရည်ခွက် ကိုကွယ်နေတယ်။
ဒီဘက်နည်းနည်းတိုးပါလား၊ ခင်ဗျား
(ဒါမှမဟုတ်)
ဟိုဘက်နည်းနည်း ခင်ဗျားတိုး
(ဒါမှမဟုတ်)
အလယ်မှာ ခင်ဗျားနေချင်နေ
(ဒါမှမဟုတ်)
ခင်ဗျား မတ်တပ်ချင်ရပ်၊ ထိုင်ချင်ထိုင်။
ဒီလိုနဲ့ သာဂိ ပစ်လိုက်တယ်။
ငှက်တစ်ကောင်မှ ကောင်းကင်က ကျမလာလည်း
သူပျော်တယ်။
ညီဇံလှ
05 October 2010
ငါမသိဘူး လောက
ညီမလေးရေ
လောကတစ်ချက်အလှုပ်မှာ
တို့ မိသားစု ငုတ်တုတ်လေးပါပဲလား…
နှုတ်ခမ်းလည်း မနာခဲ့ဘူး
မုန့် ဆီလည်းမကြော် ခဲ့ဘူး
ဖြစ်သမျှအကြောင်းမပြောနဲ့ တော့
ပြောသမျှ ဖြစ်လာမှာမှ မဟုတ်ပဲ။
စာတမ်းလေးတွေတင်နဲ့ တင်
လူ့ သမိုင်းတစ်ခုလုံး ပိသွားတယ်။
အေးအေးဆေးဆေး ပြောလို့ ရတဲ့ တယ်လီဖုန်းကျ
လိုင်းမမိဘူး။
ခေတ်ကြီးရေ
တရားသံတွေ နာကျင်နေသရွေ့ 
ငါတို အရိပ်အောက်မှာ တောအုပ်တစ်ခုရှိလည်း
နေက ပူနေမှာပဲ..
ညီဇံလှ
02 October 2010
အိပ်ရာထပြီးနောက်(၄)
ဖုန်းဆက်တယ်။
ကာဘွန်းဒိုင်အောက်ဆိုဒ်တွေဆီ
သစ်ပင်တွေဝမ်းချုပ်နေကြောင်း
နေမင်းက။
လမ်းတစ်ကွေ့ မှာ တွေ့ တယ်
ပြောတယ်၊
ကံကြမ္မာက
သူ့ တစ်ကိုယ်လုံး ယားနာပေါက်နေကြောင်း
(ဦးခေါင်းမှ လွဲ၍)။
ကျွန်တော်တို့ က
ပြောတယ်၊
ကျွန်တော်တို့ မှာ ယားနာမပေါက်ကြောင်း
(ဦးခေါင်းမှ လွဲ၍)။
အဲကွန်း အနံ့ မကောင်းဘူးတဲ့
ချစ်သူက ပြောတယ်၊
အမေ့ ကို ပြောတယ်
အမေ့ ယပ်တောင်တစ်ချောင်းကြိုးနေပြီ
ကျွန်တော်က...။
ဟဲလို
ခင်ဗျား အပြင်မှာလား
ဟုတ်ကဲ့
ကျွန်တော်လည်း အတွင်းခန်းထဲမှာ မဟုတ်ဘူး
ခင်ဗျား ရှေ့ မှာ
မှန်ကွဲစတွေကြဲ ပြန့် နေပြီ
ခင်ဗျားရော ကျွန်တော်ပါ အတွင်းခန်းမှာ ရောက်နေပြီ။
ညီဇံလှ
(02 Oct 2010)
01 October 2010
ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား
(သူငယ်ချင်းတစ်ယောက်ပို့ ထားတဲ့  ကောင်းကင်မဂ္ဂဇင်းက ကဗျာပါ...ကြိုက်လို့ တင်လိုက်မိပါတယ်)
ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား
အမည်မသိ ဆက်သွယ်ချက်
ဝက်သစ်ချပင်မှာ ချည်ထားခဲ့ ဖဲကြိုးဟာ အ၀ါရောင်ပါ။
ဟာသဓာတ်ခံနည်းနည်း ရှိဖို့ရယ်
အမြင်မတော်ရင် အဲ့ဒီလမ်းကို မသွားရုံရယ်ပဲ ရှိတယ်
နေပျော်တဲ့ ခေတ်ကြီးပါ။
မိဘကို ဆည်းကပ်ပါ
ချစ်သူကို အစွမ်းကုန်ချစ်ပါ
အမှန်တရားကို ကာကွယ်ပါ
ကိုယ့်နီတိနဲ့ကိုယ် ရှင်သန်ပါ
နှင်းဆီကိုတော့ အနီရောင် အတိုင်းပဲ ထားပေးလိုက်တာ ကောင်းတယ်
ဘုရားသခင်လည်း သွားချင်ရာ သွားပါစေတော့၊ သူ့ဘ၀နဲ့သူ။
ကမ္ဘာကြီး ၂၃ ၁/၂
ဒီဂရီစောင်းနေကြောင်း
သူတို့ပေးတဲ့ သက်သေပြချက်နဲ့တင်
ကျွန်တော့်မှာ မလုံလောက်တော့လို့ပါ။
မြင်ဖူးမှ ယုံစဖွယ် ကမ္ဘာကြီးထဲ
ချိုးဖြူငှက်များ မျိုးသုဉ်းရန် စက္ကန့်နှစ်ဆယ်အလို
ညနေက၀ယ်လာတဲ့ ၂၀၁၂ ရုပ်ရှင်ဒီဗွီဒီအချပ်က ထစ်နေတယ်။
မျိုးတေဇာမောင်
17 September 2010
အချစ်
08 September 2010
အချစ်မှာ တယ်လီဖုန်းဟာ အသံလှိုင်းမဲ့
ခလုတ်နှိပ်မရရုံနဲ့ တော့
ကက်ဆက်ကို အပြစ်တင်မနေနဲ့ တော့
ချစ်ဦးသူတို့ မနက်ခင်းဟာ
ပေါင်မုန့်  ထောပတ်နဲ့ လုံလောက်ရဲ့ လား….။
အချစ်မှာ
မုန်တိုင်းမရှိတဲ့ပင်လယ်ကို
ကန္တာရလို့ ခေါ်ချင်ခေါ်မယ်။
အချစ်မှာ
ချစ်နေသူအချင်းချင်း နေ၀င်သွား၊
တစ်ယောက်ကိုတစ်ယောက် ပြန်တူးဖော၊်
ဘယ်သူမှ ရှာမတွေ့ တဲ့ မြို့ ဟာ
ချစ်သူတို့ အတွက် ပါရီပဲ။
အမှန်တရားဟာ ရက်ချိန်းမမှန်တဲ့နောက်
ကျွန်တော်တို့ ဆိုနေတဲ့အလီ လည်း
အမြဲတမ်းအမှားပဲ။
တစ်ခါတစ်လေ ရမိတဲ့နောင်တကလည်း
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
အရသာရှိနေပြန်တယ်။
တော်ပြီကွယ်..
ခေတ်တန်ဆာပလာနဲ့ 
လိင်မှုတိုးတက်ရေးစာမျက်နှာသစ်မှာ
ငါဟာ
နင်မသိအောင်တူးခါးမိတဲ့ အမဲရိုးတစ်တုံးပါ။
ငါဟာ ပြန်သွားရမလား
အခါခါ ရပ်တည်ရမလား
အခြေအနေဟာ
ပိုင်ရှင်မဲ့ မှတ်ပုံတင်တစ်ခုလား
ဒီဘ၀မှာလည်း ငါပဲလား။
ကိုယ့်ဗီဇာနဲ့ ကိုယ်ရောက်လာပြီးမှတော့
ပူတယ်အေးတယ်မပြောနဲ့ ၊
ကိုယ့်ကော်ဖီကိုယ် ဖျော်သောက်နေရုံပေါ့။
ကမ္ဘာကြီး ရွာကြီးဖြစ်ပြီလား
ကျွန်တော်တို့ အချစ်မှာလည်း
ထန်းရည်ဆိုင်အပြည့်ပဲ…..။
ကျွန်တော် ငိုရမလား…
လမ်းဘေးက မြက်တွေ ပြေးရှင်းလိုက်ရမလား။
ရထားဟာ
အချိန်မတိုင်ခင် ထွက်ချင်ထွက်မယ်၊
ငါ့ရင်ဘတ်ထဲ မှေးနေတဲ့ကောင်မလေးမျက်နှာလောက်
ဘယ်နိုင်ငံမှ မလိုချင်တော့ဘူးကွယ်.။
ညီဇံလှ
12 May 2010
တစ်ယောက်တည်းလင်းနေတဲ့  ည
တက်မရှိလို့  အချစ်နဲ့ လှော်နေတဲ့ လှေငယ်လေ
ဘယ်နတ်သမီးနဲ့ မှ ညစာမစားဖူးပါဘူးကွာ
ဟိုအရင်လေကြီးမိုးကြီး ၀ုန်းဒိုင်းမှာတောင်
သံကြိုးစာလေး သတ်ပုံမှား မိတဲ့ကောင်ပါ…။
ကောင်မလေးရယ်…
ကျေးဇူးပြုပြီး
ငါ့ကို ချယ်လ်ဆီးကြည့် မကြည့်ပါနဲ့ ..။
သူမ စိတ်ဆိုးတိုင်း
ကမ်းခြေမှာ ညို့ နေတဲ့ မိုးတိမ်
ကျွန်တော့်ရှေ့ မှာနှင်းဆီအသေတွေ အတုန်းအရုံး
နောက်ဆုံး
ခံတပ်တစ်ခုလုံး ဆုတ်ပေးလိုက်ရတဲ့  အထိ။

03 May 2010
ခရမ်းရောင်တွေခြုံထားတဲ့နေ့ က သူမနဲ့ ကျွန်တော်
ထိုနေ့ က အိပ်မက်တစ်ခုမက် ဖြစ်ခဲ့သည်။အိပ်မက်ထဲတွင် အိုမာခေရမ် နှင့် ရှယ်လီတို့ နှစ်ယောက် ကျွန်တော့်ဆီ အလည်လာကြသည်။အိုမာခေရမ်က အရက်ခိုးတွေဝေသီနေသောအကြည့်ဖြင်
့ ကျွန်တော့် ကြည့်ပြီး၊
"ဒုက္ခနဲ့ တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ခွင့်ရတာ ၊ မြင့်မြတ်တဲ့သစ္စာတရားက သီးလာတဲ့အသီးအပွင့် လေးတစ်ခုပဲလေ"
ပြီးတော့ သူက ကျွန်တော့်လက်နှစ်ဖက်ကို ကြည့်သည်။ကျွန်တော်လည်း ယောင်ယမ်းပြီးကိုယ့်လက်နှစ်ဖက်
ကို ငုံ့ ကြည့်လိုက်ရာ၊ကျွန်တော့်တွင် လက်နှစ်ဖက်လုံးမရှိတော့။ချွေးများက ကျွန်တော့်မျက်နှာပြင်တွင် အလုအယက်နေရာယူနေလေပြီ။ကျွန်တော့်... အထိတ်တလန့်အော်ဟစ်လိုက်သော်လည်းဘာသံမှထွက်မလာ။ရှယ်လီက ရေစိုနေသော အ၀တ်အစားများဖြင့် ကျွန်တော့်ကိုဂရုဏာအကြည့်ဖြင့်ကြည့်ပြီး
"ကိုယ့်ကိုယ်ကို မညာတာ ကိုယ့်အတွက်အသက်ရှုလမ်းကြောင်း ရိုးရိုးလေးပါကွာ၊ငါကတော့ ငါ့သစ္စာတရားနဲ့ ငါ ပင်လယ်ပြင်ကိုပဲစောင့်ကြည့်နေရဦးမှာ"
စင်စစ် ကျွန်တော်သည် ကိုယ်ကိုယ်ကို ညာခဲ့သူတစ်ယောက်ဖြစ်သည်။ကမ္ဘာဦးစကားသည် လည်ချောင်းဝတွင် စောင့်ကြိုလျှက်ရှိနေလေပြီ။
ကျွန်တော့်နိုင်ငံတော်မှာ ဥယျာဉ်တစ်ခုရှိခဲ့ရင်လည်း ထိုဥယျာဉ်နံရံတစ်လျှောက် ချိတ်ဆွဲမယ့် ပထမဆုံးပန်းချီကားမှာ ကျွန်တော်တွင်ရှိသော သူမ၏တစ်ခုတည်းသော ရုပ်ပုံသာဖြစ်ပေမည်။
ဒါ..
ကျွန်တော့်ကို ကြိမ်ဖန်များစွာ ရိုက်ခတ်နေသော လှိုင်းဖြစ်သည်။နှလုံးသားဒဏ်ရာ အကင်းမသေသေးသော သူတစ်ယောက်ကိုချစ်ရေး ဆိုသင့်ပါသလား။ကျွန်တော့်ရဲ့ လူသားဆန်သောမေးခွန်းပဲလား၊အချစ်၏တုန်ခါမှုများကြားက လွတ်ရာလွတ်ကြောင်း ဆင်ခြေတစ်ခုလား မသိပါ။ကိုယ်တိုင်လည်း အခုထိ မရင့်ကျက်နိုင်သေးပါ။အချစ်သည် မမြင်ရသောရှုထောင့်မှနေပြီး ကျွန်တော့်ကို ချောင်းမြောင်းပစ်ခတ်နေဟန်ရှိ၏။
မကာရရာသီဖွားတစ်ယောက်ပါသူမ,ရယ်လို့  အကြိမ်တစ်ရာမကဆိုညည်းဖူးပါသည်။ဒါ သူမ,လုံးဝမကြားနိုင်သည့်ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်မျှသာ။ကံကြမ္မာသည် အလွန်တော်သော မုဆိုးတစ်ဦးဖြစ်ကြောင်း သာဓကနှင့်တစ်ကွ သူမကိုရှင်းပြချင်ပါသေးသည်။ကျွန်တော်သည် အချစ်ကို မီးလောင်ရာ လေမပင့်ချင်သူသာဖြစ်သည်။ထို့ ပြင်
လောကကိုအရွဲ့ တိုက်တတ်သော ဘာသာရပ်တွင် ကျွန်တော်သည် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။ကျွန်တော့်သီချင်းသံများသည် လက်ခုပ်သံများဆိတ်သုဉ်းနေပေလိမ့်မည်။ကမ္ဘာပေါ်တွင် ကျွန်တော်အဆိုချင်ဆုံးသီချင်းမှာ သူမအတွက် သစ္စာရားပင်။ထို့ အတွက် သူမထံမှ ရင်ခုန်သံနှင့်ညီမျှသော ဂစ်တာတစ်လုံးသည် ကြိုးပြတ်ရန် အဆင်သင့်ရှိနေချေလိမ့်မည်။
သူမ,က ဥမ္မာဒ္တီမဟုတ်သလို ကျွန်တော်လည်း သီဝိမင်း မဟုတ်ခဲ့ပါ။ငြိမ့်ငြိမ့်လေးစီးဆင်းမှုကိုသာ ကျွန်တော် ခံစားသည်။တစ်စိမ့်စိမ့်စီးဝင်စေမည်။ပြင်ပမှ သက်ရောက်မှုများ ဘာမှမလိုအပ်ပါ။အိပ်မက်ဆန်သောလက်တွေ့ ကို ကျွန်တော်ကြည်နူးသည်။ဆန်ရဲသော သတ္တိလည်းရှိ၏။သို့ သော် အားအင်တို့ သည် တစ်ခါတစ်ရံ အင်အားတော့မဖြစ်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော် ဘ၀သည် ဘ,တစ်လုံးနှင့်ဝ,တစ်လုံး ပေါင်းစပ်ရန်မလွယ်ကူသောကြောင့်ပင်။ကျွန်တော်သည် မုသားမပါသော စကားတို့ ဖြင့် အသက်ရှုရန် ကြိုးပမ်းနေသူသာ၊သူမ,ထံမှ ချောကလက်ရောင် လှောင်ရယ်သံများ လက်ခံရရှိပြီးလည်းဖြစ်သည်။သိပ်တော့ မဆန်းလှပါ။သူမ,က ကျွန်တော့်ကို သူမထက် အသက်အနည်းငယ်သာကြီးသော ကလေးတစ်ယောက်လို သဘောထားနေဟန်ရှိနေသည်။
သူမထံမှ ကျွန်တော်မျှော်လင့်ပြီးသော၊ကျွန်တော်ကိုသွေးပျက်စေသော စကားတစ်ခွန်း(သို့ မဟုတ်)
ကျွန်တော့်ရင်ခွင်ကို ဖြတ်နင်းသွားမည့်ရယ်သံတစ်ချို့ ရောက်လာမည်မှန်း ကြေကွဲစွာကြိုသိနေ၏။ထိုခရမ်းရောင်တံခါးဝမှဝင်လာမည့် စကားများအား ရင်ခွင်လမ်းရိုးတစ်လျှောက် နှလုံးသားအထိ စီးဝင်စေမည် ဖြစ်သည်။(တရားမ၀င် ပစ္စည်းတင်သွင်းမှုနှင့် တရားစွဲလျှင်လည်း ရပါသည်)
သူမတွင် ဂရိကျောက်ဆစ်ရုပ်နှင့်တူသော မေးချွန်ချွန်လေးများမရှိသလို၊ကျွန်တော်လက်နှစ်ဖက်သည်လည်း ထိတိုင်းရွေဖြစ်သည့် မိုက်ဒက်ဘုရင်၏လက်များ မဟုတ်ခဲ့ပါ။သီချင်းတစ်ပုဒ်လို ကျွန်တော့်ကို ခပ်ပျော်ပျော်လေး ဆိုမသွားရန် တောင်းပန်ချင်သည်။ဒါ...မတော်တစ်ဆကြွေသွားသော သစ်ရွက်တစ်ရွက်မဟုတ်ပါ။ကမ္ဘာကျော်ပြဇာတ် တစ်ပုဒ်မဟုတ်သလို ဆယ့်နှစ်နာရီတစ်ချက်ကျော်က ၀တ်လစ်စ
လစ် အနမ်းမျိုးလည်းမဟုတ်ပါ။သစ္စာတရား၏ မြစ်လက်တက်လေး တစ်ခုမျှသာဖြစ်သည်။
နာဖျားခြင်းနဲ့ ရက်စွဲများတွင် ကျင့်သားရနေပြီဖြစ်ကြောင်း၊ဘ၀ကို လူနည်းနည်းဖြင့် ဖြတ်သန်းချင်ကြောင်း အခါအားလျှော်စွာ ကျွန်တော်ပြောပြခဲ့သည်။သူမထံပျံသန်းသွားသော စကားလုံးတို့ ကို
သစ်ပင်စိမ်းစိမ်းတို့ က ၀ါးမြိုစားသောက် ပစ်လိုက်ဟန်ရှိသည်။အဘယ်ကြောင့်ဆိုသော် ကာဗွန်ဒိုင်အောက်ဆိုဒ်
သည် အပင်တို့ အတွက် နာမည်ကြီးစားသောက်ဆိုင်ဖြစ်သောကြောင့် ပင်။
အထက်ပါအတိုင်း တိမ်တွေညိုခဲ့ရသည်။
အထက်ပါအတိုင်း ရယ်သံများ၊
အထက်ပါအတိုင်း ၀တ်ကျေတမ်းကျေ ယဉ်ကျေးမှုများ။
သူမ အပေါ်ထားသည့် စိတ်ကို အချစ်ဟု လွယ်လွယ်လေး ဖွင့်ပြောမည့်သူ လည်းမဟုတ်ပါ။
Romantic ၏ပြီးလွယ်ပျက်လွယ်သော သဘောကို ကျွန်တော်မုန်းသည်။
နေရောင်ခြည်လိုမလင်းလက်ခဲ့သောဘ၀မို့  ကျွန်တော့်ဘက်သို့ မျက်နှာမူနိုင်သော နေကြာပန်းတစ်ပွင့်မှ မမျှော်လင့်ခဲ့သည်မှာ ကံကြမ္မာ၏အလိုတော်အတိုင်းသာဖြစ်သည်။နှလုံးသားသည် မွန်းကြပ်
ဟန်ဖြင့် ကျွန်တော့်ကို ခေါင်းမော်ကြည့်နေလေပြီ။
ဘ၀တွင် ကျွန်တော်အမုန်းဆုံးအရာင်မှာ အဖြူရောင်ဖြစ်သည်။(တိုက်ကြီးတွင် စာသင်
နေသော စာရေးဆရာမအဖြူရောင်မဟုတ်ပါ)အဖြူရောင်သည် အဖြောင့်ဆန်သည်။တစ်လမ်းမောင်းသော လမ်းဖြစ်သည်။ပျက်လျှင် ပြင်ရန်မလွယ်ချေ။ကျွန်တော်မုန်းသည့် အဖြူရောင်၏အဓိက အချက်မှာ ပြောင်းလဲလွယ်ကူသောကြောင့်ပင်။
ထပ်ပြောရလျှင် ကျွန်တော်အချစ်ဆုံးအရာင်မှာ အကြည်ရောင်ဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက် ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။ကျွန်တော်သည် သူမနှင့်တွေ့ တိုင်း အကြည်ရောင်လွှမ်းသော နှလုံးသားဖြင့်သာ
ဆက်ဆံခဲ့သည်။သူမ,သိသော ကျွန်တော့်ရာသီဥတုသည် ကျွန်တော့်ပတ်ဝန်းကျင်နှင့် တိုက်ရိုက်အချိုးကျစေခဲ့သည်။အကြည်ရောင်၏ နှစ်မြတ်ဖွယ်ကောင်းသောအချက်မှာ မုသားစကားတို့ ကို တား
မြစ်ထားပြီး၊သနားစရာကောင်းသော အကြည်ရောင်၏အားနည်းချက်မှာ လှောင်ရယ်သံတို့ နှင့်ရင်ဆိုင်ရမြဲ ဖြစ်
သည်။ယခုတိုင် သူမ၏ရယ်သံများ ကျွန်တော်ထံ တိုးတိတ်စွာ ပေါက်ကွဲနေဆဲ။
အမြဲတမ်းလိုလို..
ပြဒါးသုတ်ထားသော ပြက္ခတိန်တစ်ချို့ ကို ရုတ်သိမ်းပေးရန်တောင်းဆိုခဲ့ဖူးသည်။သို့ သော် သူမ,က ကျွန်တော်ကို ကြည့်ပြီးလှောင်ရယ်ရသည်ကို ကမ္ဘကျော်ဒေးဗစ်ကော်ပါဖီး၏ မျက်လှည့်ထက် ပိုပြီး
စိတ်ဝင်စားနေပုံ ရသည်။ကျွန်တော်လည်ချောင်းဝ၌ အကျဉ်းကျနေသော ကမ္ဘာဦးစကားသည်လည်း အားကောင်းမောင်းသန် ညှိုးငယ်စူးရှနေဆဲ။
ဘာမှမသေချာသောလောကကြီးတွင် ချစ်ခြင်းတစ်ခုတည်းကို သေချာခဲ့ချင်သူမှာ ကျွန်တော်သာဖြစ်သည်။ချစ်သူကို ချစ်ရင်းနှင့် ချစိစိတ်ကို အမြဲတမ်းနှိုးဆွနေတတ်သော လူတန်းစား မှာလည်း
ကဗျဆရာပင်ဖြစ်သည်။ထို့ အတွက် နှုတ်ခမ်းနီမလေးများ နှခေါင်းရှုတ်လိမ့်မည်မှာသေချာသည်။
ထို့ ထက်သေချာသည်ကား..
ကျွန်တော်သည် သူမအတွက် စိုင်းစိုင်းခမ်းလှိုင် မဟုတ်ခဲ့ခြင်းပင်..။

29 April 2010
သူငယ်ချင်းမလေးရဲ. စိတ်အိမ်လေးထဲ မိုးရိပ်လေရိပ်တွေ ပျံလွင့်လာတဲ့နေ့ 
စကားလုံးတွေကြီး သက်သက်ဆို
ကျွန်တော် ဘယ်သူနဲ့ မှစကားမပြောဘူး
ကျွန်တော်က
ကမ္ဘာကျော် မိုနာလီဇာ.အပြုံးကို
တစ်စက်လေးမှ ကြည့်မရခဲ့သူ၊
စကားနည်းတယ်၊ ရုပ်ဆိုးတယ်၊
ဘ၀ကိုယ်တိုင် အချိုနည်းခဲ့တော့
ကြက်ဟင်းခါးသီး အရွဲ့ တိုက်ပြီး စားဖြစ်တယ်။
လောကကြီးကိုယ်တိုင်က စာလုံးပေါင်းမှန်ရဲ့ လား။
လိပ်စာမှားပို့ လိုက်တဲ့ စာတစ်အိတ်လို
ဘယ်အလင်းတန်းမှရောက်မလာဘူး။
ကမ္ဘာမြေရဲ့လက်ဆောင်လရောင်တစ်ခုလို
သူမရဲ့  သက်မဲ့ဓာတ်ပုံလေး ကျွန်တော့် လက်မှာ ရှင်သန်လို့ ..။
သောကြာနေ့  အားတယ်တဲ့
ယုန်နဲ့ လိပ် အပြေးပြိုင်သွားတယ်
မောင်ပိုကို ကျားကိုက်သွားတယ်
စင်ဒရဲ လား ကိုယ်တိုင်
ဖိနပ် နံပါတ် မှားသွားတဲ့နေ့ ။
ကျွန်တော်က
တံခါးတွေဖွင့်ထားပြီး
အခန်းလေးခန်းရဲ့ ခြေသံအတိုင်း
သူမဆီ တံခါးခေါက်တယ်။
သူမက.....
ပွင့်အံဆဲဆဲနှင်းဆီပွင့်ဖတ်တခုနောက်ကွယ်
ပုံပြင်ဆရာတစ်ယောက်ရဲ့ စန္ဒရားသံနဲ့
ကျွန်တော့်ကို ချောင်း...ချောင်းပြီးကြည့်နေလေရဲ့။
အလင်းရောင်ပြည့်ဝတဲ့အခန်းထဲ
ကျွန်တော်ကိုခေါ်သွားပါ
ရဲတစ်ယောက်မျက်လုံးနဲ့ ကျွန်တော့်ကိုကြည့်ပါ၊
ပြီးမှ
ရင်ထဲက ရှိတဲ့အတိုင်းပြုံးပြပါ၊
ကျွန်တော်ဟာ
အပူ ရော အအေး ရောလောင်ကျွမ်းခဲ့ဘူးသူပါ.။

24 April 2010
အရူးစကားတိုးတိုးလေး ပြော
လူစုံအောင် စောင့်စရာမလိုဘူး
လရောင်နဲ့  လျှပ်စစ်မရှိလည်း ကဗျာရေးလို့ ရတယ်။
ကမ္ဘာသစ်တည်မယ့်အကြောင်း
ငှက်မွေးမယ်ဆိုတဲ့  အကြောင်း
ငှက်တွေ အပြင်ထုတ်ပြီး ချစ်သူကို
ငှက်လှောင်အိမ်ထဲ ထည့်ထားမယ်ဆိုတဲ့ အကြောင်း။
ရာသီဥတုပူတယ်
မသန့် ဘူးတဲ့
သစ်ပင်တွေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အန်ချ၊
လူတွေ တရားတွေ အန်ချ၊
ကမ္ဘာကိုယ်တိုင် လူတွေကို အန်ချ။
တစ်နေရာရာကို ခုန်တက်မှာလား
တစ်နေရာရာက ပြုတ်ကျလာတာလား၊
လွတ်သွားတဲ့ အထူးကားကို ငေးမော
ထမင်းချိုင့်တန်းလန်းနဲ့  ကျွန်တော့်ညီမလေးများ။
တစ်ယောက်တည်းပြေးနေတဲ့အမှောင်တွေ ဖတ်ဖတ်ကိုမောလို့ ပေါ့
ဖုတ်ဖတ်ခါထလာတဲ့ ဒဏ်ရာတွေ
လောကဓံကို ရှက်ပြုံးလေးပြုံးလို့ …၊
“နေရောင်ခြည်ထိရတာ နာတယ် အမေရယ်”

12 April 2010
တစ်ခြမ်းပဲ့ သင်္ကြန်
“ညီမ မအားဘူး…
နောက်လည်း ထွက်လာချင်မှ လာခဲ့တော့မယ်”
သက်ြန်ဟာ သက်ြန်မပီသပေမယ့်
နွေကြိုတေးကတော့ နွေကြိုခဲ့တယ်။
ကောင်းကင်အောက်က ပင်လယ်လို
အလွမ်းဟာ အငွေ့ ပျံချင်သလို ပျံ၊
ခမ်းနေတဲ့  နှလုံးသား ဟာ
ခံနိုင်ရည်ကို ဆာတယ်…။
ပိတောက်တစ်ပင်လုံး လဲပြီးမှတော့
ဘယ်ရနံ့ မှ ရနံ့ မပီတော့ဘူး။
ပေါက်ပန်းလေးဆယ်ဂီတ
ရေအတုတွေနဲ့ ကျောပြောင်နေတဲ့  သက်ြန်လမ်းမမှာ
မင်းကို မြင့်မြင့်မြတ်မြတ်ကြီး လွမ်း…
ကိုယ်ဟာ မင်းအပူနဲ့  ပဲ့ကျလာတဲ့
အမည် မသိရပ်ဝန်းက ရေခဲအပိုင်းအစလေးလည်း ဖြစ်တယ်။
ညီဇံလှ
(၁၂.၀၄.၂၀၁၀)
Type the rest of your post here.

09 April 2010
အိပ်ယာထပြီးနောက် (၁)
သွေးကြွသောမုန်တိုင်းလို
မြင်ကွင်းကို ခိုးယူသွားပြီ။
စိတ်ဆာတိုင်း ထသောက်လိုက်မိ
ရေအတု၊
နှလုံးသားရဲ့ သာရေးနာရေးအကြောင်း ဖတ်မိတော့
သံယောဇဉ် အတု၊
မီးစာကုန်ရေခမ်း ပြက္ခဒိန်ကိုကြည့်မိတော့
ရက်စွဲအတု၊
စူပါမားကတ်ဆန်ဆန် ဈေးကွက်ဝင်လာတယ်
အဆင့်မြင့်ချွေတာရေးစနစ်နဲ့  ၀ဖီးနေတဲ့ 
အပြုံးအတု။
ကိုယ့်ဖိနပ်အောက်က မြေကြီးဟာ ကမ္ဘာနဲ့ ဝေးနေဆဲ
အတုတွေ အမှန်တကယ် စိမ်းလန်းဖို့ 
ညကပေးထားတဲ့ နှိုးစက်
မနက်ဘက်မမြည်ဘူး။ ။

01 April 2010
ကိုယ်တိုင်ရေးဒဏ်ရာ
နောင်တအရောင်းဆိုင်ရှေ့ 
အိပ်မောကျနေတဲ့ သိုးတစ်ကောင်လား၊
တစ်ဝက်ဟနေတဲ့ ပြတင်းပေါက်လား၊
မဖွင့်ရသေးတဲ့ ဆိပ်ကမ်းတစ်ခုလား။
ထိမိရှမိတိုင်း
စာရွက်ပေါ်လိမ့်နေအောင်ပြေးတဲ့ ကျွန်တော့်ကမ္ဘာလေး..။
ကျေးဇူးပြုပြီး
မီးတောင်ချော်ရည် တစ်ဖန်ခွက်နဲ့ 
ညီမျှတဲ့
ဆောင်းတစ်ရာသီစာလောက် mailပို့ လိုက်ပါ၊
စိတ်က တရားကိုမမိသေးဘူး။
နေ့ တွေက...
ကျေးဇူးတင်ပါတယ်ပြောသွားတဲ့ ကံစမ်းမဲလို။
ဝတ်ကျေတမ်းကျေ လာလည်သွားတယ်၊
လက်မှတ်ရ ဧည့်ကြိုအပြုံးနဲ့ 
တွဲလက်များ၊
လှောင်ရယ်သံတွေ သီးလို့ ။
ကိုယ့်ရှေ့ က ခြေလှမ်းများ...
မိုးတိမ်လို၊မီးခိုးငွေ့ လို၊ဆပ်ကပ်သမားလို၊ကွံင်းလယ်ဒိုင်လို၊
ဆရာဝန်လို၊ သားသတ်သမားလို။
မိုးလင်းတာနဲ့ 
သမင်လည်ပြန်အကြည့်တွေသာ
ကိုယ့်မျက်နှာကို ဖြတ်,ဖြတ် ရိုက်သွားလေရဲ့ ။

31 March 2010
ကမ်း ဝေး ပင် လယ်
အ မျိုး ကွဲ တ နင်္ဂ နွေ တွေ ၀င် လိုက် ထွက် လိုက်
မြစ် တစ် မြစ် ထဲ နှစ် ခါ ပြန် ဆင်း ခွင့် မ ရ လည်း
ဒဏ်ရာ တွေ မ ကြာ မကြာ ပြန် ပြန် ဆင်း ကောက် ချင် မိ
ကျိန် စာ လား.............
ဒါ ကျိန် စာ လား
လော က နီတိ ရဲ့ သင် အံ မှု မှာ
ငါ့  မျက် ၀န်း ရဲ့ လက် လက် ထ ခြင်း ကို မှေး မှိတ် ပစ် တာ
စာ မျက် နှာ ကို အ စဉ် တ ကျ ဖတ် တဲ့ ထုံး တမ်း တွေ မှာ
ငါ့  အ ပြုံးက စိတ် ကူး နဲ့  ပဲ ရွှန်း ရွှန်း ဝေ ရ တဲ့ အ ခါ
ချစ် သူ ရဲ့ ခြေ သံ တွေ ပဲ ထစ် ချုန်း သွား တာ မ ဆန်း ဘူး
ငါ့ ကို ဆွဲ ညှိ ယူ ပါ ကမ်း ခြေ ရယ်
တိတ် တ ခိုး အ သံ ပြာ ခဲ့ ပါ ရဲ့
လမ်း ဆုံး ထိ ခြေ ရာ တွေ မ ညီ ကြ တဲ့ အ ခါ
ဒီ သံ ယော ဇဉ် ရပ် ၀န်း ဟာ စစ် တ လင်း လား
ချစ် သူ
ဒါ ငါ့ နောက် ကျော ပေါ့ 
ဓါး နဲ့ ထိုး ဖို့  လွယ် ကူ ပါ စေ
ဆာ တယ်
ဖွေး ဖွေး လှုပ် အောင် မွှေး တဲ့
ချစ် သူ ပေး ဖူး တဲ့ အဲ့ ဒီ တစ် ရာ သီ လုံး ကို အ ခု ထိ ဆာ တယ်
မုန်း ရောင်တွေ မှိုင်း မှိုင်း ညို သွား ရင် လည်း
ငါ့  စာ မျက် နှာ တွေ မှာ
နင် ဟာ လာ ခြင်း ကောင်း ခဲ့ ပါ ရဲ့ ကွယ်...........
ကဗျာသင်္ခါရ

25 March 2010
ရေချိုးဆိပ် အပြင်းဖျားထားတဲ့ မြစ်တစ်စင်း
( ဆံနွယ်တစ်ခုဧ။်အလျား ကဗျာစာအုပ်မှ ၁၉၉၄)
လက်မထပ်နိုင်တာပဲ ရှိတယ်
အဲဒါကိုပဲ ငြင်းပယ်
ဒါကလဲကွယ်
ကောင်းကင်ကြီး ဖြုတ်ချရသလိုပါပဲ။
တန်ဖိုးဆိုတဲ့  ဒြပ်မဲ့ တောင်
ချုံပုတ်ထဲ ခိုအောင်းနေရ
လောကကြီးတစ်ခုလုံး
အမြဲစိမ်းလန်းရေး ယုံကြည်မှုတွေ
အဲဒီနောက်
အရာအားလုံး
ပလပ်စတစ် မြုံးတွေဖြစ်ခဲ့။
ရယ်လိုက်ကြ မျက်ရည်
ငိုလိုက်ကြ ပွင့်ဝေ
လက်ဖက်ရည်အဖျော်သမားတစ်ယောက်တောင်
ဥယျာဉ်မှုးဖြစ်သွားချင်ရဲ့ ။
ဟိုတုန်းကတော့
သူ့ လက်ချောင်းတွေဆုပ်ကိုင်ထားလို့ ပေါ့
ကမ္ဘာပေါ်မှာရှိရှိသမျှ
အချစ်အမှတ်တရနေ့ တွေ
အားလုံးနဲ့ အသားကျခဲ့တာ
အချစ်ဦးဆိုတဲ့ မှတ်တိုင်တွေပဲ။
ခြေရာ လက်ရာ ကိုယ်ရာ ဦးခေါင်းရာ
နောက်ဆုံး
ဒဏ်ရာရနေတဲ့  နှလုံးသားကိုတောင်
မောင်လို့ သည်းညည်းခံပေးခဲ့တဲ့ အတွက်
ဆုလာဘ်ချီးမြှင့်လိုက်ပြန်ပြီ။
အချစ်ဆုံးဆိုတာပေါ့။
အဲဒီနောက်
တွယ်ဖက်ထားတဲ့  လက်ချောင်းတွေ
ပြုတ်ထွက်လောက်တဲ့ အလင်းတန်းရှည်ကြီး
ထိုးစိုက်ကျရောက်လာတော့တယ်။
မိုးရေစိုလက် လမ်းမီးတိုင်တွေ
မျက်ရည်ဥတွေနဲ့ ထွန်းလင်းနေ။
နေခဲ့...တဲ့ 
နှုတ်ဆက်သွားသူပဲ ကျန်ခဲ့ရတဲ့ အဖြစ်
သိပ်ချစ်လွန်းသူရဲ့ နစ်ဝင်တွယ်ကပ်မှုတွေ
ဟေ့...မြေကြီးဆန်ကုန်ပြီ။
ဒီတော့လည်း
ဒုံးကျည်တစ်လက်နဲ့ 
အိပ်မက်မက်နေဲ့ ကမ္ဘာကြီးပေါ်ကနေ
တစ်စ တစ်စ ဖဲ့ချ
ဧရာဝတီလိုပဲ
ဝမ်းဆွဲဆရာမ မလိုစွာ
မွေးဖွားပစ်လိုက်ပြီ။
ပင်ပန်းလိုက်တာ
စိတ်တွေမှန်သမျှ
အုတ်ခဲကျိုးတွေ ချိတ်ဆွဲခံထားရသလို
မလွမ်းရဲ မဆွေးရဲ
ကြေကွဲမှု သိပ်ဖြစ်လိုက်တာနဲ့ 
အသက်ပါ အဆစ်ပြုတ်ထွက်သွားလောက်တယ်
ပင်ပန်းမှုတွေ...ပင်ပန်းမှုတွေ။
အချိန်ရဲ့ တောက်လောင်မှုဆိုတာ
သေချာအောင် ပြောပြရရင်
စီးကရက်တစ်လိပ်ကိုတောင်
ပြာခြွေခွင့် မရှိလိုက်သလိုပါပဲ
ပြီးခဲ့ပြီ...တဲ့ 
အဲဒီလိုပေါ့ပေါ့လေးပစ်လိုက်လို့ ဖြစ်မလား
ဧရာဝတီရဲ့ လှပနက်ရှိုင်းမှုမျိုးနဲ့ 
ရေချိုးဆိပ်အပြင်းဖျားထားတဲ့  မြစ်တစ်စင်း
မိန်းမတစ်ယောက်စီဆင်းနေတုန်းဆိုတာ
ယုံလား...ဒီမှာ
့ရင်တွေသာ လာခွဲကြည့်တော့ကွယ်။ ။
မိုးဝေး

ဝမ်းနည်းဖွယ်ရာ စီးကရက်တွေ မသောက်ချင်ဘူး
( ဇေယျာလင်းရဲ့  ကြာပြီ ဖြစ်တဲ့ ကဗျာလေး တစ်ပုဒ်ပါ...အတတ်ပညာတစ်ခုခုကို ဒီကဗျာမှာ သူပြသွားပါတယ်...)
တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်းကစားစရာ
ကစားစ၇ာနှစ်ယောက် ကစားတမ်းဆော့ကြတယ်
အလေးအနက်ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို ပြန်ကစားတယ်
ပျော်စရာကြီးပါပဲလို့ တော့
ဘာကမှ ယောင်လို့ တောင် မဟကြဘူး
ကြည့် သူကစားနေတယ်
ကြည့် သူမကစားနေတယ်
ကြည့် ကစားတမ်းကြီးကစားနေတယ်....။ ။
ဇေယျာလင်း
Type the rest of your post here.
တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်းကစားစရာ
ကစားစ၇ာနှစ်ယောက် ကစားတမ်းဆော့ကြတယ်
အလေးအနက်ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို ပြန်ကစားတယ်
ပျော်စရာကြီးပါပဲလို့ တော့
ဘာကမှ ယောင်လို့ တောင် မဟကြဘူး
ကြည့် သူကစားနေတယ်
ကြည့် သူမကစားနေတယ်
ကြည့် ကစားတမ်းကြီးကစားနေတယ်....။ ။
ဇေယျာလင်း
Type the rest of your post here.
18 March 2010
ငယ်ငယ်တုန်းက ရှေ့ တစ်ပြ
လန်းတုန်းဆန်းတုန်း တစ်ခုခုလုပ်ကြရအောင်။
လွယ်လွယ်နဲ့ မေ့ ပစ်ခဲ့တဲ့ မေးခွန်းတွေဆီ ပြန်သွားမလား၊
လွတ်သွားလို့ ပိုကြီးတဲ့ ငါးကို လိုက်ဖမ်းမလား၊
လမ်းပေါ်ကြဲပြန့် နေတဲ့ တောက်ခေါက်သံတွေ ကြိုးချည်မလား၊
နေရောင်ခြည်ရဲ့  လူယောင်ဆောင်စကားလုံးတွေ ဆဲရေးမလား။
တစ်....နှစ်....သုံး......
ပြိုင်တူ ရှောင်လိုက်ကြရအောင်
ရှေ့ တပြမှာ
ရှေ့  တစ်လှမ်းတိုးဖို့ 
နောက်ဆုတ်လာနေတဲ့  ဆင်အုပ်။
ရှေ့ တပြမှာ
ဆေးလိပ်ထိုင်ဖွာနေတာ
ထောင်ထွက်သမားတစ်ယောက်လား၊
တောင်တက်သမားတစ်ယောက်လား။
တကယ်တမ်းလရောင် ဆိုတာလည်း
သူချည်းသက်သက်တော့ မအေးပါဘူးကွာ။
ဒီဖိနပ်တွေ ဘာကြောင့်ခွာထူနေကြသလဲ
တစ်ချက်ချက်နဲ့ နာရီသံတွေက
လူကို မြွေလို အရေခွံလဲစေချင်နေသလား။
မင်း မသိပါဘူးကွာ
ငါလည်းမသိဘူး
မသိခြင်းမှာ ရေငုံနှုတ်ပိတ်နေတာကောင်းမလား
သူ့ ကိုယ်သူလည်း မသိဘူး။
ရထားသံလမ်းတွေ ပါးလာတယ်။
စက်ရုံကြီးတွေ ငေးကြည့်ရင်း
ရေကာတာကြီးတွေငေးကြည့်ရင်း
သူ့ ဖိနပ်သူ ငုံ့ ကြည့်ရင်း
ဇရာတွန် နေပြီဖြစ်တဲ့  ရှေ့ တပြဟာ...။

10 March 2010
ရုပ်ရှင်
လေသံဖြော့ဖြော့လေး မရှင်းမလင်းနဲ့
ကန့်လန့်ကာမတင်ခင်တည်းက
ရင်ခုန်သံက စင်အရှေ့ထွက်နေပြီ
ဒီလိုနဲ့
နေကြာစေ့ထုတ်လည်းပျောက်သွားတာဘဲ။
ရေသန့်ဘူးလည်းမှောက်သွားတာဘဲ။
ဇာတ်လမ်းလည်း သွားတာဘဲ။
ကဲပြီးရင် ရပ်လိုက်တော့
ရင်ရှုပ်အောင်မလုပ်ပါနဲ့ကွယ်
ပြောရင်းဆိုရင်း
ဇာတ်လမ်းက
ငါတို့ချစ်ခြင်းကိုပြန်ကြည့်နေတယ်။
အခု
ငါက
နေကြာစေ့ခွံလေးတွေနဲ့အတူ
ရေသန့်ဗူးလေးတွေနဲ့အတူ ပျောက်ဆုံးမသွားတဲ့
အတိတ်ကရှက်ပြုံးလေးတွေကို
စလိုးမိုးရှင်းနဲ့
စာလုံးပြန်ပေါင်းကြည့်မိနေတာပါ..။
စိမ်းခက်စိုး

06 March 2010
ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ
ယူတတ်ရင် ဒီဇင်ဘာဟာ သံဝေဂ
မသွေးရသေးတဲ့ မျက်နှာနဲ့ 
ညိုးငယ်နေတဲ့  သံချေးတက်ဒီဇင်ဘာ၊
ကောက်ရိုးပုံထဲကျသွားတဲ့ အပ်ဟာ
ငါ့ရှာနေတဲ့  ဒီဇင်ဘာလား။
တစ်ကိုယ်စာနွေးရုံလောင်စာနဲ့ 
တစ်ခါလေ လေကြီးမိုးကြီး အော်ရယ်လိုက်ပုံက
“အခြေနေအရတဲ့ ”။
သူ့ အတွက် ပိုလျှံနေတဲ့  နှင်းတောင်
ငါတို့ပေါ်ကွက်ကြားကြဲ နေတဲ့  ဒီဇင်ဘာ..။
ဒီဇင်ဘာ ထဲ ဘာတွေစိမ့်ဝင်နေလဲ
ငါတို့ ဟာ ငါတို့ မပီသခဲ့တော့
ခေတ်ဟာခေတ် မပီသခဲ့တော့
ငါတို့ ထဲမှာ ခေတ်ဟာ ရှိချင်မှ ရှိခဲ့ လေတော့
ညဆိုတာလည်း
ဖွာလန်ကြဲနေတဲ့  ဂစ်တာတစ်လက်နဲ့ 
အပျော်ဖတ်သက်သက်ကြီးပါကွာ။
ဒီဇင်ဘာကို ဘယ်သူတွေပုံပြောခဲ့လဲ
နေရောင်ခြည်ဆိုတာ နောက်ကျလေ့ရှိတတ်ကြောင်း၊
အောက်တိုဘာနဲ့ ညဘက်လမ်းတွဲမလျှောက်သင့်ကြောင်း၊
ခေတ်ကာလ ရောဂါဆန်းတွေကြား
ဒီဇင်ဘာကိုယ်တိုင် ရေးချိုးမမှားသင့်ကြောင်း၊
………………………………………………………
ပုံပြင်သံတွေနဲ့  ဒီဇင်ဘာဟာ ငွေ့ ငွေ့ လေးမှိုင်လို့ ၊
နောက်ကျောကို ဓါးထောက်
ချစ်လို့ စတာ ဆိုတဲ့ သားချော့တေးတွေကြား
ဒီဇင်ဘာဟာ ကလေးတစ်ယောက် မဟုတ်ခဲ့တာ သေချာပါတယ်။

05 March 2010
ကျွန်တော့်ရဲ့ သော့ချက်
နေ့ တာတိုတတ်တဲ့ 
တို့ မြို့ လေးထဲ
စံပယ်တွေမှာ
ဘယ်တော့မှ အဖြူမမီဘူး။
တို့ ဖွဲ့ နွဲ့ တဲ့ ကြယ်တွေကလည်း
ကြယ်မဟုတ်တော့ဘူး ဆိုတော့
အလင်းနှစ်သန်းပေါင်းများစွာထဲ
ကောင်းကင်ဟာလည်း
ကောင်းကင်မဟုတ်နိုင်တော့ဘူး။
စိတ်ကူးနဲ့ 
လက်တွေ့ လွဲပြီး
အိမ်ပြန်လာခဲ့ရတယ်
ကျွန်တော်လည်း လူမဟုတ်တော့ဘူး။ ။
ဝင်းမြင့်
Type the rest of your post here.
တို့ မြို့ လေးထဲ
စံပယ်တွေမှာ
ဘယ်တော့မှ အဖြူမမီဘူး။
တို့ ဖွဲ့ နွဲ့ တဲ့ ကြယ်တွေကလည်း
ကြယ်မဟုတ်တော့ဘူး ဆိုတော့
အလင်းနှစ်သန်းပေါင်းများစွာထဲ
ကောင်းကင်ဟာလည်း
ကောင်းကင်မဟုတ်နိုင်တော့ဘူး။
စိတ်ကူးနဲ့ 
လက်တွေ့ လွဲပြီး
အိမ်ပြန်လာခဲ့ရတယ်
ကျွန်တော်လည်း လူမဟုတ်တော့ဘူး။ ။
ဝင်းမြင့်
Type the rest of your post here.
27 February 2010
သင်ယူရမယ့်လမ်း
(ချယ်ရီမဂ္ဂဇင်း ဇူလိုင်လ၊၂၀၀၃ မှာဖော်ပြခဲ့တဲ့ စိုင်းဝင်းမြင့်ကဗျာလေးပါ။ဖတ်ကြည့်ပေးပါဦး)
မင်းမျက်နှာမတွေ့ ရတဲ့ နေ့ ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်။
မင်းဆီက ပျော်ရွှင်မှုကိုမရတဲ့ နေ့ ဟာ
တစ်နေရာရာမှာပျက်ကျတော့တာပဲ။
မင်းက
ဆယ့်ငါးမိနစ်တစ်ခါ
တကယ်ချစ်ရဲ့ လားမေးပြီး
ငါးမိနစ်တစ်ခါ
"ပြန်မယ်" "ပြန်မယ်" ပြောလို့ 
ပျံသန်းခြင်းအတတ်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါကမစဉ်းစားပဲ အော်ဟစ်နေသူလား
မင်းဘယ်တော့မှ မမှားဘူး။
ငါ့ရဲ့ အမှားက တစ်အားထက်လို့ 
ဘာမဆိုငါ့ကိုထိရင် ပြတ်လို့ 
စိတ်ရူးပေါက်ခဲ့စဉ်အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးဖူးတယ်။
ငါ့အနားမှာ မင်းရှိရုံနဲ့ 
မလုံလောက်သေးဘူး
ငါက အရမ်းလောဘကြီးတာပဲ
မင်းကိုမရရင် ဘာမှမယူဘူး
ငါတစ်ယောက်တည်း ရှိနေတဲ့ အခန်းတွေမှာ
မီးရှို့ ဖို့ 
ငရဲဆီသွားမယ့်လမ်းဆိုလည်း
မင်းနှုတ်ခမ်းတွေကို နမ်းချင်တယ်
ရေ၀င်ပေါက်လေးတစ်ပေါက်နဲ့ 
သဘော်ကိုမနစ်မြုပ်စေနဲ့ 
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုတ်ထွေးနေပေမယ့်
သူ့ သွေးနဲ့ သူစီးနေတယ်
မင်းသူငယ်ချင်းတွေကို
မင်းပြောခဲ့တယ်ဆို
"ကျွန်မတို့ ပြတ်သွားတာမဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
"ကျွန်မတို့ ပြတ်သွားတာမဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
ကျွန်မတို့ ...
ကျွန်မတို့ ...
ဇန်န၀ါရီ ကုန်သွားတယ်
ဖေဖေိာဝါရီ ကုန်သွားတယ်
ဒီဇင်ဘာရောက်လာတယ်
ငါတစ်ယောက်တည်း ရှိတယ်ဆိုပေမယ့်
ငါတစ်ယောက်တည်း ရှိနေတာမဟုတ်ဘူး
တစ်ယောက်တည်းစကားတွေပြောနေတယ်
ပြတင်းပေါက်တွေဖွင့်နေတယ်
တစ်နေ့ တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက်ဖြဲပစ်လိုက်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်၇ှိသူအဖြစ် ဟန်ဆောင်တွေ့ ဆုံလို့ 
"ဒီမှာလည်း ကျွန်မကိုယ်ကျွန်မ ထိန်းရတာ
"ဟိုမှာလည်း ကျွန်မကိုယ်ကျွန်မ ထိန်းရတာ"
"ကျွန်မ ရန်ကုန်သွားမယ်"
"နင့်အဖေမျက်နှာကို မြင်ချင်ရင်"
"နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်"
ရန်ကုန်ကို ဘာထင်နေလဲ
လွယ်လွယ်နဲ့ အသက်မရှင်ဘူး
ရန်ကုန်ဟာ စစ်မြေပြင်။
ငါတို့ က ဘ၀နဲ့ တွေ့ ခဲ့ရတာဆိုတော့
အရူးသက်သက်နဲ့ စလို့ မရဘူး၊
မင်းဝေးကွာခြင်းကို စတင်မယ်ဆိုရင်
ငါကဝေးကွာခြင်းကို ချဲ့ ထွင်မယ်
ပုခုံးပေါ်က လက်ကိုဆွဲဖြုတ်ဖို့ မစဉ်းစားနဲ့ 
အဲဒီချောက်ကမ်းပါးက ကျရင်မပေါ်တော့ဘူး
မင်းရှေ့ မှာ ငါရပ်နေရင်း
မင်းအနောက်ကိုငါရောက်ရောက်သွားတာမြင်ရ
မင်းလက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့ လက် သွေးဆုတ်သွားတာမြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့ 
မင်းကအမြဲတမ်း နောက်လှည့်လှည့်ကြည့်နေတော့တာပဲ။
အခုတော့ လိုနေတဲ့ ရောင်တစ်ရောင်နဲ့ 
အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား
စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ ဆုံမှုဟာ
တကယ်ချစ်ခဲ့တာမဟုတ်ဘူး ငြင်းမလို့ လား
ဘ၀ကိုလောင်နေတဲ့ မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲယူတယ်
ငါ့အချစ်ကလည်း အသက်မစွန့် ရရင် မပျော်ရွင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ်။
စိုင်းဝင်းမြင့်

25 February 2010
ရေထဲကျသွားတဲ့ ပုစ္ဆာ
"ကမ္ဘာကြီးကို နေထိုင်လိုစိတ်မကင်းကွာသူများ အတွက်တော့ တနည်းနည်းနဲ့ အသက်ရှူနေရမှာပဲ"
(အိပ်ရာဝင် သစ်ပုတ်ပင်မှ)
ဘ၀ကို နာရီတစ်လုံးလို့  သတ်မှတ်ထားရင်တော့ ခင်ဗျားနဲ့ ကျွန်တော်ဟာ လက်တံတစ်ချောင်းချောင်းလို့  ဆိုကြပါစို့ ။ဒီနေရာမှာ စိတ်သဘောထား တိုက်ဆိုင်တာ မတိုက်ဆိုင်တာ အရေးမကြီးပါ။ကျွန်တော့်ရဲ နာရီဟာ ရိုးလက်စ်လား၊ရာဒိုလား၊ကက်စီရိုလား၊ဆွစ်လား ..ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့။ကျွန်တော်ဟာ နာရီတစ်လုံးကို ပိုင်ဆိုင်ခဲ့ပြီးပြီ။တစ်စက္ကန့် ချင်းစီကို ဖန်တီးပြီးရှင်သန်နေရသလို တစ်စက္ကန့် ချင်းစီဟာလည်းကျွန်တော့်ရဲကပ်ပါးကောင်များအဖြစ်ရပ်တည်နေကြတယ်။သက္ကရာဇိခြုံနွယ်တွေရဲ့ နောက်မြွေတွန်သံကြားနေရတယ်။ကြယ်နဲ့ လကို ဘယ်တုန်းကမှ မမြင်ဘူးတဲ့ လမ်းမဟာ သူ့ ကို ဓူဝံကြယ်အကြောင်းဟောပြောမယ့် လူတစ်ယောက်ကို စောင့်နေသလိုပဲ။လက်တံတစ်ချောင်းအဖြစ်လှည့်ပတ်ရင်း မောပန်းလာတဲ့ တစ်နေ့  ကျွန်တော်ခပ်စောစော အိပ်ရာဝင်လိုက်မိတယ်။
အိပ်မက်ထဲမှာ ကျွန်တော်ဟာ နာ၇ီလက်တံပြောင်းပြန်ကြီး လည်နေတယ်။အလွန်မြင့်မားတဲ့ ရေတံခွန်အောက်က ရေဒလက်လို ကျွန်တော်လည်ပတ်နေတာ။ရပ်တန့် ဖို့  စွမ်းသလောက်ကျွန်တော်ကြိုးစားကြည့်ပါသေးတယ်။နောက်မှ တဖြည်းဖြည်း
နှေးရာက ရပ်သွားပြီး ညာဘက်ကိုပြန်လည်ပတ်တော့တယ်။ဖောက်ပြန်တတ်တဲ့ အဲဒီနာရီထဲက ခုန်ဆင်းလိုက်တော့ ကျွန်တော်ဟာ
ပင်လယ်ကမ်းခြေမြိုးလေးတစ်မြို့ ကို ရောက်သွားတယ်။မကြာသေးခင်က အသုဘချသွားတဲ့ သေးလ်ရဲ့ နာရေးသတင်းကို ဦးဦးဖျားဖျား ကြားလိုက်ရတယ်။ကုန်သည်တွေ၊ရွက်လှေတွေ ဒိုက်ပွနေတဲံ့ မြို့ လေးမှာ ခဏတာတည်းခိုပြီး ကျွန်တော်ခြေဦးတည့်ရာ
လျှောက်သွားမိတယ်။(အဲဒီမြို့ လေးမှာ မိုင်လိတပ်စ် ဖြစ်ခဲ့သည်)လမ်းမှာဘာတွေ ဖြတ်သန်းခဲ့လည်း သိပ်တော့သတိမထားမိလိုက်
ဘူး။ဒါပေမယ့်အလွန်စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့  ခဏတာသိကျွမ်းဆုံတွေ့ ခဲ့ရတယ်။တစ်ပေပတ်လည်လောက်ရှိတဲ့ ဓါးသွေးကျောက်ပေါ်မှာ သူဓါးသွေးနေတယ်။(ဘာဓါးလည်း သေချာမမှတ်မိပါ)ဓါးကို ကိုးဆယ်ဒီဂရီထောင်ပြီးသွေးနေတာ သူ့ ဘေးမှာ ရပ်ကြည့်နေတဲ့ ကျွန်တော့်ကိုတောင် အရေးလုပ်ဖော်မရဘူး။
"ဟေ့လူ ဓါးကိုဒီလိုမသွေးရဘူး၊စောင်းပြီးသွေးရတယ်"
သူက ကျွန်တော့်ကို တစ်ချက်မော့ကြည့်ပြီး
"စောင်းပြီးသွေးရင် တစ်စောင်းကြီးဖြစ်နေမှာပေါ့"
"နှစ်ဖက်မျှသွေးမှပေါ့"
ကျွန်တော့်စကားကို ထိုသူကခေါင်းခါရင်း သွေးမြဲတိုင်းဆက်သွေးနေတယ်။နောက်တော့ ဘာစိတ်ကူးပေါက်သွားတယ် မသိ၊သူသွေးပြီးသား ဓါးတစ်ချောင်းကို ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တယ်။သူပေးတဲ့ဓါးကို ယူပြီး ကျွန်တော် လမ်းဆက်
လျှောက်ခဲ့တယ်။လမ်းမှ ကျွန်တော့်ကို ဟောင်တဲ့ခွေးတစ်ကောင်ကိုခုတ်လိုက်တော့ ခွေးခေါင်းမှာ ဘုထသွားတယ်။ကျွန်တော်လည်း အဲဒီဓါးကို လွင့်ပစ်ပြီးဆက်လျှောက်ခဲ့တယ်။(ဓါးလက်ဆောင်ပေးသောလူမှာ ဒေးကား ဖြစ်ခဲ့သည်)
အဲဒီနောက်မှတော့ ကျွန်တော်လူတစ်ယောက်ကို ထူးထူးဆန်းဆန်းတွေ့ လိုက်ရတယ်။ထိုသူက မှန်ကြီးတစ်ချပ်ကိုင်ပြီး
ကျွန်တော့်ဆီလျှောက်လာကာ အနားရောက်တော့
"ခင်ဗျားရုပ်ကို အမှန်အတိုင်း မြင်နိုင်တယ်"
"သိပ်ပြီးထူးခြားတယ် မထင်မိဘူး"
"မဟုတ်ဘူး၊ခင်ဗျား မြင်ရတဲ့ ရုပ်က ခင်ဗျားရင်ထဲရုပ်နဲ့  ထပ်တူထပ်မျှ ဖြစ်စေရမယ်"
သူ့ ကို ရူးနေလားဟု ကျွန်တော်အကဲခတ်မိလိုက်တယ်။သူ့ ကြည့်ရတာ အကောင်းပါ။ပြီးတော့ ဒီနာတစ်ဝိုက်မှာလည်း
သြဇာရှိပုံရတယ်။မှန်ထဲက ကျွန်တော်ဟာ အပြင်ကထက် ပိုပြီးချောနေတယ်(အမှန်မှာ ထိုသို့ မဟုတ်မှန်း ကျွန်တော့်ကောင်မလေး လည်းသိပြီးဖြစ်သည်)စိတ်ကို ကျွန်တော် ဘယ်လိုမှ လွန်ဆန်လို့ မရဘူး။ဒါကို ရိပ်မိနေပုံရတဲ့ ထိုသူက
"ခင်ဗျား ကဗျာဆရာလား"
"အင်း ဆိုပါတော့ ရာခိုင်နှုန်းနည်းနည်းတော့ ပတ်သက်ခဲ့ဖူးတယ်"
"ကဗျာဆရာမှာ ဦးနှောက်မရှိဘူး၊ခင်ဗျားမှာလည်း မရှိဘူး"
ထိုစကားကြောင့် ကျွန်တော် ထိုသူနှင့်ရန်ဖြစ်မလိုဖြစ်သွားရတယ်။ဆူပူတဲ့ အသံတွေကြောင့် အနီးမှာ ရှိတဲ့သူတွေ ၀ိုင်းအုံလာပြီး ကျွန်တော့်ကိုမောင်းထုတ်လိုက်ကြတယ်။ကျွန်တော်လည်း လမ်းဆက်လျှောက်ခဲ့ရပြန်တယ်။(ကျွန်တော်နှင့်၇န်ဖြစ်သော လူမှာ ပလေတို ဖြစ်ခဲ့သည်)မောလည်းမော ဆာလည်းဆာနေတဲ့ ကျွန်တော်ဟာပင်လယ်ကမ်းခြေဘက်ကို ထွက်ခဲ့တယ်။ငါးမျှားနေ တဲ့သူတွေကိုမေးပြီး ငါးမျှားတံတစ်ချောင်းနဲ့ လှေတစ်စင်း ၀ယ်လိုက်တယ်(ထိုငွေနှင့်ခေါက်ဆွဲကြော်တစ်ပွဲ အေးအေးလူလူ ၀ယ်စား နိုင်မှန်းကျွန်တော်သိပါသည်)အဲဒီနောက် စတင်ငါးမျှားရန် မနီးမဝေးရေပြင်ကို စိတ်ချလက်ချ ထွက်လိုက်တယ်။ရေပြင်က လှိုင်းနည်း နည်းလေးနဲ့ ငြိမ်သက်နေတယ်(လှိုင်းကြက်ခွပ်လေး ဟူသောအသုံး ကျွန်တော် မသုံးတတ်ပါ)အချိန်ဘယ်လောက်ကြာသွားလည်း မသိလိုက်ပါဘူး။ငါးမျှားကြိုးတင်းသွားလို့  အသာအယာဆွဲလိုက်တော့ ပန်းချီကား တစ်ချပ်ပါလာတယ်။ဒါဗင်ချီရဲ့ ကမ္ဘာကျော်မပြုံးကြီး ပါ။ထိုအပြုံးကို စက္ကူနဲ့ လုပ်ထားတဲ့  အပြုံးလို့ မိတ်ဆွေတစ်ဦးကို ပြောပြဖူးတယ်။(ထိုမိတ်ဆွေပေးလိုက်သော ဂျိုစောင်းမှ ဒဏ်ရာ က သက်သေခံနေသည်)ပန်းချီကားကို ကျွန်တော်ရေထဲပြန်ပစ်ချလိုက်တယ်။
ကျွန်တော် ငါးဆက်မျှားနေချိန်မှာ နေ၀င်တော့မယ်။ငါးတစ်ကောင်မှ မမိသေးဘူး။ဗိုက်ကလည်း မတရားကြီးကို ဆာနေပြီ။နောက်တော့ နေသည်ဝင်လိုက်ထွက်လိုက် ရက်စွဲတွေကို ရေလဲသုံးနေတယ်။ငါးတစ်ကောင်မှ မမိသေးပါ။အဲဒီအချိန်ပင်လယ်
နက်ပိုင်းဆီက လှေလေးတစ်စင်း ကျွန်တော်ရှိရာဘက်ကို ဦးတည်လာနေတယ်။မြင်သာတဲ့နေရာ ရောက်မှ ကြည့်လိုက်တော့သူ့ လှေဘေးမှာ ငါးရိုးကြီး တစ်ခု ကပ်ချည်ထားတယ်။သူ့ မျက်လုံးများက ညိုးရော်နေတယ်။ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲရသလို ပဲ။အမှန်စင်စင် ထိုသူဟာ အဖိုးအိုတစ်ဦးပါပဲ။အဘိုးအိုရဲ့ မျက်နှာမှာနှမြောတမ်းတခြင်း၊၀မ်းနည်းဝမ်းသာဖြစ်ခြင်း၊ဂုဏ်ယူဝင့်ကြွားခြင်း များပြည့်နှက်နေတယ်။လက်ဖ၀ါး ပြင်နဲ့ ကျောပြင်မှာလည်း သွေးစသွေးနတွေ ချည်းပဲ။စုတ်ဖွာနေတဲ့ ကျောပြင်မှ ငါးမျှားကြိုးရာများ ကိုကျွန်တော်တွေ့ လိုက်ရတယ်။
"နောက်ဆုံးတော့လည်း လောကကြီးဟာ ဘာမှ မရှိပါလား"
အဘိုးအိုသည်သူ့ ကိုယ်သူ ညည်းတွားရင်း ပွင့်တစ်သက်မျက်လုံးများနှင့် ကျွန်တော့်ကိုကြည့်သွားတယ်။သူရဲ့ မျက်ဝန်းထောင့်လေးတွေမှာ ခိုကပ်နေတဲ့လက်ကျန်အား တစွန်းတစ်စကို ကျွန်တော်တွေ့ လိုက်၇တယ်။(ထိုအဘိုးအိုမှာ ဟဲမင်းဝေးရဲ့ အဘိုးအို ဆန်တီယာဂို ဖြစ်ခဲ့သည်)ကျွန်တော်ရှိနေတဲ့ ရေပြင်ကတော့ ငြိမ်သက်လျှက်ပါပဲ။နောက်ဆုံးဆာလောင်မှုဒဏ်ကြောင့် ခေါင်းများမူးဝေလာပြီး ကျွန်တော် သတိလစ်သွားရတယ်။
သတိပြန်လည်လာတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ နာ၇ီတစ်လုံးထဲပြန်ရောက်နေပါပြီ။အရင်ကလို ပုံစံခွက်လေးထဲမှာ လည်ပတ်နေရပြီ။မှန်ခတ်ထားတဲ့  အခန်းလေးထဲမှာ တစ်ခါတစ်လေ ခြံပြင်ထွက်ပြီး တစ်ခုခုကို ဆွေးနွေးချင်တယ်။တစ်ခါတစ်လေ မိန်းမ ပီသတဲ့ ယောင်္ကျားတွေအကြောင်း သိချင်တယ်။တစ်ခါတစ်လေ ပန်းတစ်ချို့ ရဲ့ အောက်က အဆိပ်အတောက်တွေအကြောင်း ဖတ်ချင်တယ်။အမှန်တော့ ကျွန်တော်ဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ နေတတ်တဲ့  သတ္တ၀ါမဟုတ်ဘူး။ဒီတော့ ဒါဟာ အိပ်မက်တစ်ခုလို့ ပဲ သတ်မှတ်လိုက်ကြပါစို့ ။ဒါပေမယ့် အိမ်မက်ထဲမှာ ကိုယ့်အသားကိုယ် ဆွဲဆိတ်ကြည့်တော့လည်း နာတယ်။

24 February 2010
အသုံးမကျတဲ့ကောင်းကင်
ကြားရတဲ့ အတိုင်းလမ်းလျှောက်တော့
ကောင်းကင်က ကွေ့ ကွေ့ ကောက်ကောက်
မျှော်လို့ မဆုံးဘူး။
ကောင်းကင်က အမြဲတမ်းရွာချ
ကွက်ကြားမိုးတွေ
သွေ့ အက် လယ်ကွင်းပေါ်မှာ
အောက်တန်းစားသုံးလက်နှီးစုတ်ပေါ်မှာ
ကြမ်းပိုးများတဲ့ကုတင်ပေါ်မှာ
သရဲသကြားလုံးလို ရွာချ
ကွက်ကြားမိုးတွေ..။
လူတွေလည်း အတွေးနဲ့ ထုလုပ်ထားရုံကလွဲပြီး။
နွားကျောင်းသားကျောပြင်ရေမစိုဘူး
သစ်ပင်တွေလည်း
တစ်ယောက်အကြောတစ်ယောက်ဖြေလျှက်
ဒီကောင်းကင်ဟာ အတုစစ်ရဲ့ လား
သူ...
ရေဒီယိုတစ်လုံးလို မတွေးရဲဘူး။ ။

20 February 2010
မွေးဖွားခြင်းရဲ့ တနဂ်နွေ
စုတ်ချက်ကြမ်းကြမ်းတွေရဲ့  မုန်တိုင်းဆန်မှုနဲ့ 
ပြာအက်အက်ပိတ်ကာပေါ်က ဖော်ဝေးငှက်တစ်ကောင်လို
ကောင်းကင်ကြီးကို မရေးခြစ်ချင်ဘူး။
ငါက
ကုမရတဲ့  ကင်ဆာကျိတ်လို
နှင်းဆီတစ်ပွင့်ထဲရိုက်သွင်းသိုလှောင်ထားတဲ့ 
အလွမ်းလည်းဖြစ်ရဲ့ ။
ငါက
မငိးရှိရာ မ၀ပ်ဆင်း၊မကြွေကျတဲံပန်း
တစ်မျှော်တစ်ခေါ်အိပ်မက်ထုရဲ့  ပန်းတိုင်လှလှ
ထုမရရဲ့  ပန်းပုကြမ်းလည်း ဖြစ်ရဲ့ ။
ငါက
ကိုယ့်ဝေဒနာကိုယ်ကု
ကုမရတဲ့  အဆုံး
နောင်တတစ်ရှရှနဲ့  ကန္တာရလည်း ဖြစ်ရဲ့ ။
ငါက
မင်းမသိနိုင်တဲ့  ရပ်ဝန်းဒေသဆီက
မင်းမသိနိုင်တဲ့  ကာလတစ်ခုဆီသွားမယ့်
မင်းနားမလည်နိုင်တဲ့  ယန္တရားလည်းဖြစ်ရဲ့ ။
ငါက
အရေပြားတစ်ထောက်စာ ဘုံကြိုးပြတ်အလှကိုမှ
အကာအကွယ်မဲ့ စွာ ချစ်မက်ခဲ့သူ
အငွေ့ မကုန်တဲ့  မိုးပျံဘူဖောင်းလည်းဖြစ်ရဲ့ ။
ဆောင်းဦးမယ်လိုဒီ ညီမလေးရေ...
အရာရာတိုင်းပျားရည်လိုမော့သောက်လို့ မှမရတာ
ဆန့် ကျင်ဘက်တွေသီးပွင့်နေတဲ့ ကမ္ဘာမှာ
တနဂ်နွေကိုချီလာတဲ့ ငှက်လေး
နာဖျားခြင်းကင်းပါစေ။
အဝေးမျှော်ရှုခင်းများရဲ့  စမ်းရေစီးသံအဆုံး
စိတ်အံဝှက်ထဲ
အတ္တချိုချိုတွေရဲ့  အနာဂတ်မှာတော့
ဘ၀ဟာ
တစ်နှစ်သားကလေးလို အရိုးဆက်လို့ ကောင်းတယ်။
ညီဇံလှ
Type the rest of your post here.
15 February 2010
ကျွန်တော်အခုဆေးလိပ်မသောက်ဖြစ်တော့ပါ…
ကျွန်တော်အခုဆေးလိပ်မသောက်ဖြစ်တော့ပါ…။
ရုံးစားပွဲကိုဆွဲဖွင့်လိုက်တော့….နှစ်နှစ်လိုလိုပြုံးပြနေတဲ့ သူ့ဓာတ်ပုံအဟောင်းလေးက ကျွန်တော့်ရင်ဘတ်ထဲ ကိုခုန်ဝင်လာတယ်…။ အော်တစ်နှစ်တောင်…..ကြာခဲ့ပြီဘဲ။ အသံအက်ကွဲတိတ်ဆိတ်ပြီး တကိုယ်တည်း ရေ ရွတ်မိတာတောင် မီးလိုလောင်လာသလိုဘဲ…။
သိလား..ချစ်သူရေ အနိုင်လိုချင်စိတ်တွေကိုချော့မြူပြီး အောင်မြင်မှုတစ်ခုခုဆီကို ငါသွားနေပါတယ်။ ဒီလမ်း က ငါမကြိုက်ဆုံးလမ်းဖြစ်သလို မင်းညွှန်ပြပေးခဲ့တဲ့လမ်းလည်းဖြစ်ပါတယ်…။ ငါလေ အိပ်မက်ကနေလမ်းထ လျောက်နေရသူလို ဆက်လျောက်နေဖြစ်ပါတယ်…။
တရွာမပြောင်းပေမယ့်…အလေးချိန်မစီးသေးနိုင်သေးတဲ့ ဘဝဟာ သူကောင်းလည်းမဖြစ်လိုဘဲ သူတောင်း စားသာသာနဲ့ ငါဟါ မင်းကိုသာ တမ်းတပြီးရင်းတမ်းတနေစဲပါ..။ မျက်စိအောက်ကနေ့တွေဟာလည်း လက် ဖျောက်တစ်ချက်တီးတိုင်း ပါးပါးလျလျကျကွဲလို့……..တစ်နှစ်ဆိုတဲ့ရှိန်က ငါရင်ညွန့်ကိုကန်ချိုးလိုက်တယ်…။
အခုတော့………ကော်ဖီဆိုင်အတူထိုင်ခဲ့ဖူးတဲ့ ကာလတွေဟာ အမှတ်တရတွေဖြစ်လို့…ကော်ဖီဆိုင်တွေကို လှည့်မကြည့်ရဲအောင် ငါ့ကိုဆွဲဆောင်နေပါရောလားကွာ…။ “အသစ် အသစ်တွေ ထပ်ချုပ်လည်း အချစ်စစ် အချစ်ဝေး.” ကိုမျိုးကြီးရဲ့ကြေကြေကွဲကွဲအော်သံ အခုငါ့ခံစားချက်နဲ့ ထပ်တူအပြန်အလှန်…။ တစ်ခါက စိတ်ကောက်ပြီးလို့ပြန်လည်တွေ့ဆုံချိန်တိုင်းဟာ အနမ်းတွေထန်ခဲ့ကြတာ….အခုချိန်မှာ ဗလာဟင်းလင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက် ငိုကြွေးလို့ပါလား…။……ငါတို့ဆုံဆည်းမှုတွေက အရောင်ဖျော့လိုက်တာနော်..။ အခုတော့ ဘယ်စိတ်နဲ့ အချစ်သီချင်းဆိုရလဲ..။ ဘယ်လိုအဓပ္ပာယ်နဲ့ အချစ်ကိုဖွင့်ဆိုရမလဲ..။
လေပြေ….မုန်တိုင်း ကွဲပြားသိလာချိန်မှာတော့ နာရီတွေရပ်တန့်ပြီး မြူခိုးတိမ်တိုက်တွေကြားထဲမှာ ငါတစ် ယောက်တည်း ကျန်ရစ်လို့။ မေတ္တာရောင်ပြန်ကိုစိုက်ပျိုးပေါင်းခံနေပါတယ်..။
ဂမ္ဘီရသမားတစ်ယောက်လို တစ်ခုခုကို တတွတ်တွတ်ရွတ်..မင်းသာယာပါစေ။ မင်းအေးချမ်းပါစေ။ အမှောင် ထဲမှာတောင် လင်းပါစေ။ .အထုံအထိုင်းကာလရိုင်းတွေထဲမှာလည်း သင်ကြားတတ်မြောက်နိုင်ပါစေ ၊ သံစဉ် အစစ်ရှာမရတဲ့ ခေတ်ကာလတွေထဲမှာလည်း …သီဆိုချင်းအသစ်တွေနဲ့ စူးရှတောက်ပနေပါစေ….ငါ အခုရပ် နေတဲ့….…အိပ်မက်ရှည်ထဲမှာ ခြေပစ်လက်ပစ်အိပ်ချလိုက်တယ်…။ မြူခိုးတိမ်ညွန့်တွေကိုလည်း လက်ခံ လိုက်တယ်…။ သိလား ချစ်သူရေ……………………ငါအခုဆေးလိပ်သောက်ပြီး ဘာကိုမှတွေးမတော့ဘူး…။
စိမ်းခက်စိုး
(အင်္ဂါနေ့) ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၀ ခုနှစ်။
ည ၁၁း ၃၃နာရီ။
တစ်နှစ်ပြည်အမှတ်တရ…..။
Type the rest of your post here.
28 January 2010
အသံလှိုင်းထဲကလူနာ
နေမင်းဆီ ဖုန်းဆက်တော့
လောင်စာကွန်တင်နာများ အသစ်ရောက်ကြောင်းသိရ၊
နွေရာသီဆီ ဖုန်းဆက်တော့
အိပ်မောကျနေတာ ကြာပြီဖြစ်ကြောင်းသိရ၊
မြစ်ဆီ ဖုန်းဆက်တော့
ပင်လယ်နဲ့  ရန်ဖြစ်ထားကြောင်းသိရ၊
ညနေခင်းကို ဖုန်းဆက်တော့
သိုးများအိပ်ပြန်ချိန် နောက်ကျလာကြောင်းသိရ၊
ညီဇံလှဆီ ဖုန်းဆက်တော့
ကဗျာအယောင်ဆောင် တွေနဲ့  ရန်ဖြစ်နေကြောင်းသိရ၊
ချစ်သူဆီဖုန်းဆက်တော့
ပန်းသီးတစ်လုံးရဲ့ ကုန်နံပါတ်ပျောက်နေကြောင်းသိရ၊
အစာစုရပ်ဆီဖုန်းဆက်တော့
အစာချေဂလင်းများကျကွဲနေကြောင်းသိရ၊
အိမ်မက်ဆီ ဖုန်းဆက်တော့
ဒေါင်းယောင်ဆောင်သောကျီး အကြောင်း
သင်ရိုးစာအုပ်တွင် အဖြဲခံရကြောင်းသိရ၊
အပေါင်းအသင်းတွေဆီ ဖုန်းဆက်တော့
ဘော့ဘရစ်တီးက အပြင်သွား၊
ကမ္ဘာကြီးဆီ ဖုန်းဆက်တော့
ကိုင်မယ့်သူမရှိဘူး...။ ။
ညီဇံလှ
27 January 2010
ရေဆာနေတဲ့ ပင်လယ်
နံရိုးအချင်းချင်း ရိုက်ခတ်သံလား
ခိုတစ်ကောင်ချီလာတဲ့  ရက်စွဲတွေလား။
လူ့ သက်တမ်းနည်းလာသလောက်
မေးခွန်းတွေများလာတယ်။
ဟေ့ ဒီမှာ ရောင်စုံဖိနပ်တွေလေ
သနပ်ခါးထူထူကြီးတွေနဲ့  လမ်းလျှောက်နေကြ၊
တစ်စိမ့်စိမ့်နဲ့  လှိမ့်ဝင်လာတယ်၊
မျှော်တော်ရောင် တေးသွားနဲ့ 
သာပေါင်းညာစား ပြက္ခဒိန်၊
အိမ်ရှေ့ နဲ့  အိမ်နောက်တောင်
ဖဲပွတ်သလို ကြည့်နေကြ။
နေကောင်းကြရဲ့လား၊
စားပြီး ပြီးလား၊
ဘယ်သွားမလို့ လဲ
မတွေ့ တာကြာပြီနော်၊
ဒီဘ၀ ဒီမျှပဲလား
အသံတွေ တိတ်သွားကြ။
ငါ့အကြောင်းမက်တဲ့ မင်းအိပ်မက်မှာ
ဆီနဲ့ ဆားလောက်တော့ ဆမ်းပေးပါကွာ
ဒီလိုပဲ ဘ၀ဆိုတာ
ဟားတိုက်ရယ်လိုက် ဒူးထောက်တောင်းပန်လိုက်ပေါ့။
အထက်ပါအတိုင်း
ဒီခေါင်းစဉ်အောက်တွင်
၂၀၀၉သည်လဲလျောင်းခဲ့ရသည်။
ညီဇံလှ
မတွေ့ ရတဲ့ နေ့ 
မတွေ့ ရတဲ့ နေ့ မို့ 
ငါတို့ မတွေ့ ရ။
ပွဲလမ်းသဘင်နဲ့ 
ချိုချဉ်မုန့် ထုပ်နဲ့ 
တံလျှပ်လို
ဘောလုံးလို
မင်းသား အယ်လ်ပါစီနီလို
သတင်းစာလို
စီးကရက်လို
ပြတယ် ထုတ်ပြတယ်
ကျေနပ်ဖွယ်ရှိပါတယ်
ဒါပေမယ့် မတွေ့ ရတဲ့ နေ့ မှမဟုတ်ပဲ။
ဆာခဲ့
ငါမျှော်ခဲ့
တစ်သိန်းလောက်
တစ်သန်းလောက်။
မတွေ့ ရတဲ့ နေ့ ဟာ
ပေါ့ကျ လက်ဖက်ရည်လောက် လေးနက်တယ်။
မတွေ့ ရတဲ့ နေ့ ဟာ
ဆောင့်ကြီး အောင့်ကြီး သီချင်းလောက် ပွင့်လင်းတယ်။
ပိုကောင်းမယ်
ပြောစမှတ်ဖြစ်လိမ့်မယ်။
ရည်းစား မရနိုင်တဲ့ အချိန်မှာ
ရည်းစားရခဲ့တာ ဖြစ်လိမ့်မယ်။
မတွေ့ ရတဲ့ နေ့ ဟာ
တွေ့ ရတဲ့ နေ့ မဟုတ်ဘူး။
မတွေ့ ရသေးဘူး
မတွေ့ ရတဲ့ နေ့ များ။
အတူကံနည်းခဲ့
မတွေ့ ရတဲ့ နေ့ များ။ ။
အောင်ချိမ့်
စဉ်းစားနေတဲ့ကဗျာ
မနက်ဘက်ခြေဆန့် လိုက်တော့
ဂျင်းမွေးပြောင်ဘောင်းဘီ တစ်ထည်။
လောကဓံခပ်ပါးပါးပွတ်တိုက်သွားသော
အင်္ကျီအိတ်က ဒိုးယိုပေါက်။
ပက်ကြားအက်နေသော ကမ္ဘမြေအတွက်
စနေဆန်ဆန်ကဗျာများ။
ဂုဏ်သိက္ခာမြှင့်တင်နေသော လက်ဖက်ရည်ခွက်ထဲ
ဟိုင်းဝေးကားများ ခုတ်မောင်းသွား။
မနေ့ က မိုးမရွာဘူးဆိုတဲ့  ကမ်းခြေမှာ
ဗီဇာအမြန်ကြေးနဲ့ ကျားပြုံးပြုံးနေတဲ့  မုန်တိုင်း။
ကြိုးတုပ်ခံနေရတဲ့  ကဗျာလေးတွေအတွက်
ကောင်းကင်မှာ အဆုံးရှိတယ်ပြောရင်
ခင်ဗျားမရယ်နဲ့ ။
နောက်ဆုံးပေါ်ကားတစ်စီး ကြိတ်နင်းသွားတဲ့ 
ရွံ့ စက်တစ်ချို့ ရဲ့  အပြုံးများ
ရင်ခွင်အဖြူမှာ လာစိုက်တယ်။
ဒီလိုပါ
မာပိုလို စီးကရက်ဘူးခွံထဲက ဖက်ကြမ်းတွေအကြောင်း
လူသိတာမှတ်လို့ ၊
အဲဒီနေ့ ချစ်သူနဲ့ ရိုက်တဲ့ ဖဲဝိုင်းမှာ
ကွင်းက ကင်းကို စားသွားတယ်။
ညီဇံလှ
နွေဦးကော်ပီ
နှစ်တွေကြာလှပေါ့…။
ဒီလောက်လောင်မီးကျခဲ့တာတောင်
အဲဒီ…မျက်နှာလေးက တသွင်သွင်လှနေတုန်းပဲ…။
အနမ်းတွေ
ငါ့အတွက်မို့ ရွာသူ ဖမ်းစားခံရတယ်လေ
မြင်းတစ်ကောင်မှ မကတဲ့  ရထားလုံးအိမ်ထဲမှာ
ငါဘယ်ကိုပြေးရမလဲ…။
ကိုယ့်ကိုယ်ကို တစ်ပွင့်ခြင်းပြန်ခူးကြည့်တော့လည်း
ဆူး…စူးတာပါပဲ။
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေ ကျကွဲပြန်တယ်။
နှင်းဆီစော်နံတယ်။
အချစ်ဟောင်းရေ…
ကိုယ့်လှေစီးကြောင်းတွေလည်း
ပြောင်းပြန်စီးမျောခဲ့ပေါ့။
လွန်လေပြီးသောစနေနံနက်တစ်ခုကို
လွမ်းမြဝေရီရင်း…
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
မင်း…ချမ်းမြေ့ပါစေ….။
တာရာမင်းဝေ
26 January 2010
ရေသေအိုင်ထဲက လမင်း
တော်တော်များများကို ငြင်းဆန်ခဲ့ပြီးပြီ။
အလိုမတူတဲ့သူတွေကိုပြုံးရတာလောက်
စပ်ဖျင်းဖျင်းဖြစ်တာမရှိဘူး။
အိမ်တံခါးဖွင့်ဖို့ တောင် သော့ပျောက်နေတဲ့ ကောင်လေ
ငါနဲ့ ငါ့ခြေရာတောင်
တစ်ဘ၀စာလောက် ဝေးသွားသလို။
တစ်ကယ်ကို ပစ်စလတ်ခတ်နိုင်လွန်းတယ်
ပကာသန အစပ်မတဲ့မှုတွေကြားမှာ
ငါဟာ စောင်းနေတဲ့ ၀ါကျတစ်ကြောင်း။
ငါရဲ့ အောက်တိုဘာဆရာမလေးရေ..
ဒါအဖွက်ခံလိုက်ရတဲ့ မီးတောင်တစ်လုံးလေ
အရေးအကြောင်းဆို စာတစ်ကြောင်းတောင်
အိမ်ပြန်မလာဘူး။
ကြယ်တွေမကြွေပါနဲ့ 
ငါ ဆုမတောင်းတတ်ဘူး။
ငါလိုချင်တဲ့ သစ္စာတရားမှာ
ငါစီးတဲ့ဖိနပ်လေးပဲ
ဘယ်ညာမှားပိုင်ခွင့်..။
ညီဇံလှ
Subscribe to:
Posts (Atom)