29 April 2010

သူငယ်ချင်းမလေးရဲ. စိတ်အိမ်လေးထဲ မိုးရိပ်လေရိပ်တွေ ပျံလွင့်လာတဲ့နေ့ 

စကားလုံးတွေကြီး သက်သက်ဆို
ကျွန်တော် ဘယ်သူနဲ့ မှစကားမပြောဘူး
ကျွန်တော်က
ကမ္ဘာကျော် မိုနာလီဇာ.အပြုံးကို
တစ်စက်လေးမှ ကြည့်မရခဲ့သူ၊
စကားနည်းတယ်၊ ရုပ်ဆိုးတယ်၊
ဘ၀ကိုယ်တိုင် အချိုနည်းခဲ့တော့
ကြက်ဟင်းခါးသီး အရွဲ့ တိုက်ပြီး စားဖြစ်တယ်။

လောကကြီးကိုယ်တိုင်က စာလုံးပေါင်းမှန်ရဲ့ လား။
လိပ်စာမှားပို့ လိုက်တဲ့ စာတစ်အိတ်လို
ဘယ်အလင်းတန်းမှရောက်မလာဘူး။
ကမ္ဘာမြေရဲ့လက်ဆောင်လရောင်တစ်ခုလို
သူမရဲ့  သက်မဲ့ဓာတ်ပုံလေး ကျွန်တော့် လက်မှာ ရှင်သန်လို့ ..။

သောကြာနေ့  အားတယ်တဲ့
ယုန်နဲ့ လိပ် အပြေးပြိုင်သွားတယ်
မောင်ပိုကို ကျားကိုက်သွားတယ်
စင်ဒရဲ လား ကိုယ်တိုင်
ဖိနပ် နံပါတ် မှားသွားတဲ့နေ့ ။

ကျွန်တော်က
တံခါးတွေဖွင့်ထားပြီး
အခန်းလေးခန်းရဲ့ ခြေသံအတိုင်း
သူမဆီ တံခါးခေါက်တယ်။
သူမက.....
ပွင့်အံဆဲဆဲနှင်းဆီပွင့်ဖတ်တခုနောက်ကွယ်
ပုံပြင်ဆရာတစ်ယောက်ရဲ့ စန္ဒရားသံနဲ့
ကျွန်တော့်ကို ချောင်း...ချောင်းပြီးကြည့်နေလေရဲ့။

အလင်းရောင်ပြည့်ဝတဲ့အခန်းထဲ
ကျွန်တော်ကိုခေါ်သွားပါ
ရဲတစ်ယောက်မျက်လုံးနဲ့ ကျွန်တော့်ကိုကြည့်ပါ၊
ပြီးမှ
ရင်ထဲက ရှိတဲ့အတိုင်းပြုံးပြပါ၊
ကျွန်တော်ဟာ
အပူ ရော အအေး ရောလောင်ကျွမ်းခဲ့ဘူးသူပါ.။

ညီဇံလှ

5 comments:

ကျော်ညိုသွေး said...

ရင်ထဲမှာဘာညာဘာညာ

မင်းနေဝေး said...

ရင်ထဲမှာ အပူရောအအေးရော လောင်ကျွမ်းဘူးတယ် ..

ညလင်းအိမ် said...

အားပါး တယ်ဆိုပါလားဗျ ...

thaingarra said...

ဖွဲ့နွဲ့ပုံလေးတွေ ... ကြိုက်မိတယ် ဗျာ ... ။

အင်းလေးမင်းသား said...

စကားလုံးရွှေးထားတာလေးတွေကြိုက်တယ်ဗျာ.... ဒါနဲ့စကားမစပ် cBox မတွေ့မိသလိုပဲနော်..