12 April 2010

တစ်ခြမ်းပဲ့ သင်္ကြန်

“ညီမ မအားဘူး…
နောက်လည်း ထွက်လာချင်မှ လာခဲ့တော့မယ်”
သက်ြန်ဟာ သက်ြန်မပီသပေမယ့်
နွေကြိုတေးကတော့ နွေကြိုခဲ့တယ်။

ကောင်းကင်အောက်က ပင်လယ်လို
အလွမ်းဟာ အငွေ့ ပျံချင်သလို ပျံ၊
ခမ်းနေတဲ့  နှလုံးသား ဟာ
ခံနိုင်ရည်ကို ဆာတယ်…။

ပိတောက်တစ်ပင်လုံး လဲပြီးမှတော့
ဘယ်ရနံ့ မှ ရနံ့ မပီတော့ဘူး။
ပေါက်ပန်းလေးဆယ်ဂီတ
ရေအတုတွေနဲ့ ကျောပြောင်နေတဲ့  သက်ြန်လမ်းမမှာ
မင်းကို မြင့်မြင့်မြတ်မြတ်ကြီး လွမ်း…
ကိုယ်ဟာ မင်းအပူနဲ့  ပဲ့ကျလာတဲ့
အမည် မသိရပ်ဝန်းက ရေခဲအပိုင်းအစလေးလည်း ဖြစ်တယ်။


ညီဇံလှ
(၁၂.၀၄.၂၀၁၀)


Type the rest of your post here.

No comments: