09 April 2010

အိပ်ယာထပြီးနောက် (၁)

သွေးကြွသောမုန်တိုင်းလို
မြင်ကွင်းကို ခိုးယူသွားပြီ။


စိတ်ဆာတိုင်း ထသောက်လိုက်မိ
ရေအတု၊
နှလုံးသားရဲ့ သာရေးနာရေးအကြောင်း ဖတ်မိတော့
သံယောဇဉ် အတု၊
မီးစာကုန်ရေခမ်း ပြက္ခဒိန်ကိုကြည့်မိတော့
ရက်စွဲအတု၊
စူပါမားကတ်ဆန်ဆန် ဈေးကွက်ဝင်လာတယ်
အဆင့်မြင့်ချွေတာရေးစနစ်နဲ့  ၀ဖီးနေတဲ့ 
အပြုံးအတု။


ကိုယ့်ဖိနပ်အောက်က မြေကြီးဟာ ကမ္ဘာနဲ့ ဝေးနေဆဲ
အတုတွေ အမှန်တကယ် စိမ်းလန်းဖို့ 
ညကပေးထားတဲ့ နှိုးစက်
မနက်ဘက်မမြည်ဘူး။ ။


ညီဇံလှ





Type the rest of your post here.

No comments: