27 February 2010

သင်ယူရမယ့်လမ်း

(ချယ်ရီမဂ္ဂဇင်း ဇူလိုင်လ၊၂၀၀၃ မှာဖော်ပြခဲ့တဲ့ စိုင်းဝင်းမြင့်ကဗျာလေးပါ။ဖတ်ကြည့်ပေးပါဦး)


မင်းမျက်နှာမတွေ့ ရတဲ့ နေ့ ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်။
မင်းဆီက ပျော်ရွှင်မှုကိုမရတဲ့ နေ့ ဟာ
တစ်နေရာရာမှာပျက်ကျတော့တာပဲ။
မင်းက
ဆယ့်ငါးမိနစ်တစ်ခါ
တကယ်ချစ်ရဲ့ လားမေးပြီး
ငါးမိနစ်တစ်ခါ
"ပြန်မယ်" "ပြန်မယ်" ပြောလို့ 
ပျံသန်းခြင်းအတတ်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါကမစဉ်းစားပဲ အော်ဟစ်နေသူလား
မင်းဘယ်တော့မှ မမှားဘူး။
ငါ့ရဲ့ အမှားက တစ်အားထက်လို့ 
ဘာမဆိုငါ့ကိုထိရင် ပြတ်လို့ 
စိတ်ရူးပေါက်ခဲ့စဉ်အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးဖူးတယ်။
ငါ့အနားမှာ မင်းရှိရုံနဲ့ 
မလုံလောက်သေးဘူး
ငါက အရမ်းလောဘကြီးတာပဲ
မင်းကိုမရရင် ဘာမှမယူဘူး
ငါတစ်ယောက်တည်း ရှိနေတဲ့ အခန်းတွေမှာ
မီးရှို့ ဖို့ 
ငရဲဆီသွားမယ့်လမ်းဆိုလည်း
မင်းနှုတ်ခမ်းတွေကို နမ်းချင်တယ်
ရေ၀င်ပေါက်လေးတစ်ပေါက်နဲ့ 
သဘော်ကိုမနစ်မြုပ်စေနဲ့ 
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုတ်ထွေးနေပေမယ့်
သူ့ သွေးနဲ့ သူစီးနေတယ်
မင်းသူငယ်ချင်းတွေကို
မင်းပြောခဲ့တယ်ဆို
"ကျွန်မတို့ ပြတ်သွားတာမဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
"ကျွန်မတို့ ပြတ်သွားတာမဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ"
ကျွန်မတို့ ...
ကျွန်မတို့ ...
ဇန်န၀ါရီ ကုန်သွားတယ်
ဖေဖေိာဝါရီ ကုန်သွားတယ်
ဒီဇင်ဘာရောက်လာတယ်
ငါတစ်ယောက်တည်း ရှိတယ်ဆိုပေမယ့်
ငါတစ်ယောက်တည်း ရှိနေတာမဟုတ်ဘူး
တစ်ယောက်တည်းစကားတွေပြောနေတယ်
ပြတင်းပေါက်တွေဖွင့်နေတယ်
တစ်နေ့ တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက်ဖြဲပစ်လိုက်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်၇ှိသူအဖြစ် ဟန်ဆောင်တွေ့ ဆုံလို့ 
"ဒီမှာလည်း ကျွန်မကိုယ်ကျွန်မ ထိန်းရတာ
"ဟိုမှာလည်း ကျွန်မကိုယ်ကျွန်မ ထိန်းရတာ"
"ကျွန်မ ရန်ကုန်သွားမယ်"
"နင့်အဖေမျက်နှာကို မြင်ချင်ရင်"
"နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်"
ရန်ကုန်ကို ဘာထင်နေလဲ
လွယ်လွယ်နဲ့ အသက်မရှင်ဘူး
ရန်ကုန်ဟာ စစ်မြေပြင်။
ငါတို့ က ဘ၀နဲ့ တွေ့ ခဲ့ရတာဆိုတော့
အရူးသက်သက်နဲ့ စလို့ မရဘူး၊
မင်းဝေးကွာခြင်းကို စတင်မယ်ဆိုရင်
ငါကဝေးကွာခြင်းကို ချဲ့ ထွင်မယ်
ပုခုံးပေါ်က လက်ကိုဆွဲဖြုတ်ဖို့ မစဉ်းစားနဲ့ 
အဲဒီချောက်ကမ်းပါးက ကျရင်မပေါ်တော့ဘူး
မင်းရှေ့ မှာ ငါရပ်နေရင်း
မင်းအနောက်ကိုငါရောက်ရောက်သွားတာမြင်ရ
မင်းလက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့ လက် သွေးဆုတ်သွားတာမြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့ 
မင်းကအမြဲတမ်း နောက်လှည့်လှည့်ကြည့်နေတော့တာပဲ။
အခုတော့ လိုနေတဲ့ ရောင်တစ်ရောင်နဲ့ 
အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား
စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ ဆုံမှုဟာ
တကယ်ချစ်ခဲ့တာမဟုတ်ဘူး ငြင်းမလို့ လား
ဘ၀ကိုလောင်နေတဲ့ မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲယူတယ်
ငါ့အချစ်ကလည်း အသက်မစွန့် ရရင် မပျော်ရွင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ်။




စိုင်းဝင်းမြင့်





Type the rest of your post here.

25 February 2010

ရေထဲကျသွားတဲ့ ပုစ္ဆာ

"ကမ္ဘာကြီးကို နေထိုင်လိုစိတ်မကင်းကွာသူများ အတွက်တော့ တနည်းနည်းနဲ့ အသက်ရှူနေရမှာပဲ"
(အိပ်ရာဝင် သစ်ပုတ်ပင်မှ)

ဘ၀ကို နာရီတစ်လုံးလို့  သတ်မှတ်ထားရင်တော့ ခင်ဗျားနဲ့ ကျွန်တော်ဟာ လက်တံတစ်ချောင်းချောင်းလို့  ဆိုကြပါစို့ ။ဒီနေရာမှာ စိတ်သဘောထား တိုက်ဆိုင်တာ မတိုက်ဆိုင်တာ အရေးမကြီးပါ။ကျွန်တော့်ရဲ နာရီဟာ ရိုးလက်စ်လား၊ရာဒိုလား၊ကက်စီရိုလား၊ဆွစ်လား ..ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့။ကျွန်တော်ဟာ နာရီတစ်လုံးကို ပိုင်ဆိုင်ခဲ့ပြီးပြီ။တစ်စက္ကန့် ချင်းစီကို ဖန်တီးပြီးရှင်သန်နေရသလို တစ်စက္ကန့် ချင်းစီဟာလည်းကျွန်တော့်ရဲကပ်ပါးကောင်များအဖြစ်ရပ်တည်နေကြတယ်။သက္ကရာဇိခြုံနွယ်တွေရဲ့ နောက်မြွေတွန်သံကြားနေရတယ်။ကြယ်နဲ့ လကို ဘယ်တုန်းကမှ မမြင်ဘူးတဲ့ လမ်းမဟာ သူ့ ကို ဓူဝံကြယ်အကြောင်းဟောပြောမယ့် လူတစ်ယောက်ကို စောင့်နေသလိုပဲ။လက်တံတစ်ချောင်းအဖြစ်လှည့်ပတ်ရင်း မောပန်းလာတဲ့ တစ်နေ့  ကျွန်တော်ခပ်စောစော အိပ်ရာဝင်လိုက်မိတယ်။
အိပ်မက်ထဲမှာ ကျွန်တော်ဟာ နာ၇ီလက်တံပြောင်းပြန်ကြီး လည်နေတယ်။အလွန်မြင့်မားတဲ့ ရေတံခွန်အောက်က ရေဒလက်လို ကျွန်တော်လည်ပတ်နေတာ။ရပ်တန့် ဖို့  စွမ်းသလောက်ကျွန်တော်ကြိုးစားကြည့်ပါသေးတယ်။နောက်မှ တဖြည်းဖြည်း
နှေးရာက ရပ်သွားပြီး ညာဘက်ကိုပြန်လည်ပတ်တော့တယ်။ဖောက်ပြန်တတ်တဲ့ အဲဒီနာရီထဲက ခုန်ဆင်းလိုက်တော့ ကျွန်တော်ဟာ
ပင်လယ်ကမ်းခြေမြိုးလေးတစ်မြို့ ကို ရောက်သွားတယ်။မကြာသေးခင်က အသုဘချသွားတဲ့ သေးလ်ရဲ့ နာရေးသတင်းကို ဦးဦးဖျားဖျား ကြားလိုက်ရတယ်။ကုန်သည်တွေ၊ရွက်လှေတွေ ဒိုက်ပွနေတဲံ့ မြို့ လေးမှာ ခဏတာတည်းခိုပြီး ကျွန်တော်ခြေဦးတည့်ရာ
လျှောက်သွားမိတယ်။(အဲဒီမြို့ လေးမှာ မိုင်လိတပ်စ် ဖြစ်ခဲ့သည်)လမ်းမှာဘာတွေ ဖြတ်သန်းခဲ့လည်း သိပ်တော့သတိမထားမိလိုက်
ဘူး။ဒါပေမယ့်အလွန်စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့  ခဏတာသိကျွမ်းဆုံတွေ့ ခဲ့ရတယ်။တစ်ပေပတ်လည်လောက်ရှိတဲ့ ဓါးသွေးကျောက်ပေါ်မှာ သူဓါးသွေးနေတယ်။(ဘာဓါးလည်း သေချာမမှတ်မိပါ)ဓါးကို ကိုးဆယ်ဒီဂရီထောင်ပြီးသွေးနေတာ သူ့ ဘေးမှာ ရပ်ကြည့်နေတဲ့ ကျွန်တော့်ကိုတောင် အရေးလုပ်ဖော်မရဘူး။
"ဟေ့လူ ဓါးကိုဒီလိုမသွေးရဘူး၊စောင်းပြီးသွေးရတယ်"
သူက ကျွန်တော့်ကို တစ်ချက်မော့ကြည့်ပြီး
"စောင်းပြီးသွေးရင် တစ်စောင်းကြီးဖြစ်နေမှာပေါ့"
"နှစ်ဖက်မျှသွေးမှပေါ့"
ကျွန်တော့်စကားကို ထိုသူကခေါင်းခါရင်း သွေးမြဲတိုင်းဆက်သွေးနေတယ်။နောက်တော့ ဘာစိတ်ကူးပေါက်သွားတယ် မသိ၊သူသွေးပြီးသား ဓါးတစ်ချောင်းကို ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တယ်။သူပေးတဲ့ဓါးကို ယူပြီး ကျွန်တော် လမ်းဆက်
လျှောက်ခဲ့တယ်။လမ်းမှ ကျွန်တော့်ကို ဟောင်တဲ့ခွေးတစ်ကောင်ကိုခုတ်လိုက်တော့ ခွေးခေါင်းမှာ ဘုထသွားတယ်။ကျွန်တော်လည်း အဲဒီဓါးကို လွင့်ပစ်ပြီးဆက်လျှောက်ခဲ့တယ်။(ဓါးလက်ဆောင်ပေးသောလူမှာ ဒေးကား ဖြစ်ခဲ့သည်)
အဲဒီနောက်မှတော့ ကျွန်တော်လူတစ်ယောက်ကို ထူးထူးဆန်းဆန်းတွေ့ လိုက်ရတယ်။ထိုသူက မှန်ကြီးတစ်ချပ်ကိုင်ပြီး
ကျွန်တော့်ဆီလျှောက်လာကာ အနားရောက်တော့
"ခင်ဗျားရုပ်ကို အမှန်အတိုင်း မြင်နိုင်တယ်"
"သိပ်ပြီးထူးခြားတယ် မထင်မိဘူး"
"မဟုတ်ဘူး၊ခင်ဗျား မြင်ရတဲ့ ရုပ်က ခင်ဗျားရင်ထဲရုပ်နဲ့  ထပ်တူထပ်မျှ ဖြစ်စေရမယ်"
သူ့ ကို ရူးနေလားဟု ကျွန်တော်အကဲခတ်မိလိုက်တယ်။သူ့ ကြည့်ရတာ အကောင်းပါ။ပြီးတော့ ဒီနာတစ်ဝိုက်မှာလည်း
သြဇာရှိပုံရတယ်။မှန်ထဲက ကျွန်တော်ဟာ အပြင်ကထက် ပိုပြီးချောနေတယ်(အမှန်မှာ ထိုသို့ မဟုတ်မှန်း ကျွန်တော့်ကောင်မလေး လည်းသိပြီးဖြစ်သည်)စိတ်ကို ကျွန်တော် ဘယ်လိုမှ လွန်ဆန်လို့ မရဘူး။ဒါကို ရိပ်မိနေပုံရတဲ့ ထိုသူက
"ခင်ဗျား ကဗျာဆရာလား"
"အင်း ဆိုပါတော့ ရာခိုင်နှုန်းနည်းနည်းတော့ ပတ်သက်ခဲ့ဖူးတယ်"
"ကဗျာဆရာမှာ ဦးနှောက်မရှိဘူး၊ခင်ဗျားမှာလည်း မရှိဘူး"
ထိုစကားကြောင့် ကျွန်တော် ထိုသူနှင့်ရန်ဖြစ်မလိုဖြစ်သွားရတယ်။ဆူပူတဲ့ အသံတွေကြောင့် အနီးမှာ ရှိတဲ့သူတွေ ၀ိုင်းအုံလာပြီး ကျွန်တော့်ကိုမောင်းထုတ်လိုက်ကြတယ်။ကျွန်တော်လည်း လမ်းဆက်လျှောက်ခဲ့ရပြန်တယ်။(ကျွန်တော်နှင့်၇န်ဖြစ်သော လူမှာ ပလေတို ဖြစ်ခဲ့သည်)မောလည်းမော ဆာလည်းဆာနေတဲ့ ကျွန်တော်ဟာပင်လယ်ကမ်းခြေဘက်ကို ထွက်ခဲ့တယ်။ငါးမျှားနေ တဲ့သူတွေကိုမေးပြီး ငါးမျှားတံတစ်ချောင်းနဲ့ လှေတစ်စင်း ၀ယ်လိုက်တယ်(ထိုငွေနှင့်ခေါက်ဆွဲကြော်တစ်ပွဲ အေးအေးလူလူ ၀ယ်စား နိုင်မှန်းကျွန်တော်သိပါသည်)အဲဒီနောက် စတင်ငါးမျှားရန် မနီးမဝေးရေပြင်ကို စိတ်ချလက်ချ ထွက်လိုက်တယ်။ရေပြင်က လှိုင်းနည်း နည်းလေးနဲ့ ငြိမ်သက်နေတယ်(လှိုင်းကြက်ခွပ်လေး ဟူသောအသုံး ကျွန်တော် မသုံးတတ်ပါ)အချိန်ဘယ်လောက်ကြာသွားလည်း မသိလိုက်ပါဘူး။ငါးမျှားကြိုးတင်းသွားလို့  အသာအယာဆွဲလိုက်တော့ ပန်းချီကား တစ်ချပ်ပါလာတယ်။ဒါဗင်ချီရဲ့ ကမ္ဘာကျော်မပြုံးကြီး ပါ။ထိုအပြုံးကို စက္ကူနဲ့ လုပ်ထားတဲ့  အပြုံးလို့ မိတ်ဆွေတစ်ဦးကို ပြောပြဖူးတယ်။(ထိုမိတ်ဆွေပေးလိုက်သော ဂျိုစောင်းမှ ဒဏ်ရာ က သက်သေခံနေသည်)ပန်းချီကားကို ကျွန်တော်ရေထဲပြန်ပစ်ချလိုက်တယ်။
ကျွန်တော် ငါးဆက်မျှားနေချိန်မှာ နေ၀င်တော့မယ်။ငါးတစ်ကောင်မှ မမိသေးဘူး။ဗိုက်ကလည်း မတရားကြီးကို ဆာနေပြီ။နောက်တော့ နေသည်ဝင်လိုက်ထွက်လိုက် ရက်စွဲတွေကို ရေလဲသုံးနေတယ်။ငါးတစ်ကောင်မှ မမိသေးပါ။အဲဒီအချိန်ပင်လယ်
နက်ပိုင်းဆီက လှေလေးတစ်စင်း ကျွန်တော်ရှိရာဘက်ကို ဦးတည်လာနေတယ်။မြင်သာတဲ့နေရာ ရောက်မှ ကြည့်လိုက်တော့သူ့ လှေဘေးမှာ ငါးရိုးကြီး တစ်ခု ကပ်ချည်ထားတယ်။သူ့ မျက်လုံးများက ညိုးရော်နေတယ်။ကြီးမားတဲ့တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲရသလို ပဲ။အမှန်စင်စင် ထိုသူဟာ အဖိုးအိုတစ်ဦးပါပဲ။အဘိုးအိုရဲ့ မျက်နှာမှာနှမြောတမ်းတခြင်း၊၀မ်းနည်းဝမ်းသာဖြစ်ခြင်း၊ဂုဏ်ယူဝင့်ကြွားခြင်း များပြည့်နှက်နေတယ်။လက်ဖ၀ါး ပြင်နဲ့ ကျောပြင်မှာလည်း သွေးစသွေးနတွေ ချည်းပဲ။စုတ်ဖွာနေတဲ့ ကျောပြင်မှ ငါးမျှားကြိုးရာများ ကိုကျွန်တော်တွေ့ လိုက်ရတယ်။
"နောက်ဆုံးတော့လည်း လောကကြီးဟာ ဘာမှ မရှိပါလား"
အဘိုးအိုသည်သူ့ ကိုယ်သူ ညည်းတွားရင်း ပွင့်တစ်သက်မျက်လုံးများနှင့် ကျွန်တော့်ကိုကြည့်သွားတယ်။သူရဲ့ မျက်ဝန်းထောင့်လေးတွေမှာ ခိုကပ်နေတဲ့လက်ကျန်အား တစွန်းတစ်စကို ကျွန်တော်တွေ့ လိုက်၇တယ်။(ထိုအဘိုးအိုမှာ ဟဲမင်းဝေးရဲ့ အဘိုးအို ဆန်တီယာဂို ဖြစ်ခဲ့သည်)ကျွန်တော်ရှိနေတဲ့ ရေပြင်ကတော့ ငြိမ်သက်လျှက်ပါပဲ။နောက်ဆုံးဆာလောင်မှုဒဏ်ကြောင့် ခေါင်းများမူးဝေလာပြီး ကျွန်တော် သတိလစ်သွားရတယ်။
သတိပြန်လည်လာတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ နာ၇ီတစ်လုံးထဲပြန်ရောက်နေပါပြီ။အရင်ကလို ပုံစံခွက်လေးထဲမှာ လည်ပတ်နေရပြီ။မှန်ခတ်ထားတဲ့  အခန်းလေးထဲမှာ တစ်ခါတစ်လေ ခြံပြင်ထွက်ပြီး တစ်ခုခုကို ဆွေးနွေးချင်တယ်။တစ်ခါတစ်လေ မိန်းမ ပီသတဲ့ ယောင်္ကျားတွေအကြောင်း သိချင်တယ်။တစ်ခါတစ်လေ ပန်းတစ်ချို့ ရဲ့ အောက်က အဆိပ်အတောက်တွေအကြောင်း ဖတ်ချင်တယ်။အမှန်တော့ ကျွန်တော်ဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ နေတတ်တဲ့  သတ္တ၀ါမဟုတ်ဘူး။ဒီတော့ ဒါဟာ အိပ်မက်တစ်ခုလို့ ပဲ သတ်မှတ်လိုက်ကြပါစို့ ။ဒါပေမယ့် အိမ်မက်ထဲမှာ ကိုယ့်အသားကိုယ် ဆွဲဆိတ်ကြည့်တော့လည်း နာတယ်။



ညီဇံလှ




Type the rest of your post here.

24 February 2010

အသုံးမကျတဲ့ကောင်းကင်

ကြားရတဲ့ အတိုင်းလမ်းလျှောက်တော့
ကောင်းကင်က ကွေ့ ကွေ့ ကောက်ကောက်
မျှော်လို့ မဆုံးဘူး။
ကောင်းကင်က အမြဲတမ်းရွာချ
ကွက်ကြားမိုးတွေ
သွေ့ အက် လယ်ကွင်းပေါ်မှာ
အောက်တန်းစားသုံးလက်နှီးစုတ်ပေါ်မှာ
ကြမ်းပိုးများတဲ့ကုတင်ပေါ်မှာ
သရဲသကြားလုံးလို ရွာချ
ကွက်ကြားမိုးတွေ..။


လူတွေလည်း အတွေးနဲ့ ထုလုပ်ထားရုံကလွဲပြီး။
နွားကျောင်းသားကျောပြင်ရေမစိုဘူး
သစ်ပင်တွေလည်း
တစ်ယောက်အကြောတစ်ယောက်ဖြေလျှက်
ဒီကောင်းကင်ဟာ အတုစစ်ရဲ့ လား
သူ...
ရေဒီယိုတစ်လုံးလို မတွေးရဲဘူး။ ။


ညီဇံလှ


Type the rest of your post here.

20 February 2010

မွေးဖွားခြင်းရဲ့ တနဂ်နွေ




စုတ်ချက်ကြမ်းကြမ်းတွေရဲ့  မုန်တိုင်းဆန်မှုနဲ့ 
ပြာအက်အက်ပိတ်ကာပေါ်က ဖော်ဝေးငှက်တစ်ကောင်လို
ကောင်းကင်ကြီးကို မရေးခြစ်ချင်ဘူး။
ငါက
ကုမရတဲ့  ကင်ဆာကျိတ်လို
နှင်းဆီတစ်ပွင့်ထဲရိုက်သွင်းသိုလှောင်ထားတဲ့ 
အလွမ်းလည်းဖြစ်ရဲ့ ။
ငါက
မငိးရှိရာ မ၀ပ်ဆင်း၊မကြွေကျတဲံပန်း
တစ်မျှော်တစ်ခေါ်အိပ်မက်ထုရဲ့  ပန်းတိုင်လှလှ
ထုမရရဲ့  ပန်းပုကြမ်းလည်း ဖြစ်ရဲ့ ။
ငါက
ကိုယ့်ဝေဒနာကိုယ်ကု
ကုမရတဲ့  အဆုံး
နောင်တတစ်ရှရှနဲ့  ကန္တာရလည်း ဖြစ်ရဲ့ ။
ငါက
မင်းမသိနိုင်တဲ့  ရပ်ဝန်းဒေသဆီက
မင်းမသိနိုင်တဲ့  ကာလတစ်ခုဆီသွားမယ့်
မင်းနားမလည်နိုင်တဲ့  ယန္တရားလည်းဖြစ်ရဲ့ ။
ငါက
အရေပြားတစ်ထောက်စာ ဘုံကြိုးပြတ်အလှကိုမှ
အကာအကွယ်မဲ့ စွာ ချစ်မက်ခဲ့သူ
အငွေ့ မကုန်တဲ့  မိုးပျံဘူဖောင်းလည်းဖြစ်ရဲ့ ။
ဆောင်းဦးမယ်လိုဒီ ညီမလေးရေ...
အရာရာတိုင်းပျားရည်လိုမော့သောက်လို့ မှမရတာ
ဆန့် ကျင်ဘက်တွေသီးပွင့်နေတဲ့ ကမ္ဘာမှာ
တနဂ်နွေကိုချီလာတဲ့ ငှက်လေး
နာဖျားခြင်းကင်းပါစေ။
အဝေးမျှော်ရှုခင်းများရဲ့  စမ်းရေစီးသံအဆုံး
စိတ်အံဝှက်ထဲ
အတ္တချိုချိုတွေရဲ့  အနာဂတ်မှာတော့
ဘ၀ဟာ
တစ်နှစ်သားကလေးလို အရိုးဆက်လို့ ကောင်းတယ်။

ညီဇံလှ


Type the rest of your post here.

15 February 2010

ကျွန်တော်အခုဆေးလိပ်မသောက်ဖြစ်တော့ပါ…




ကျွန်တော်အခုဆေးလိပ်မသောက်ဖြစ်တော့ပါ…။
ရုံးစားပွဲကိုဆွဲဖွင့်လိုက်တော့….နှစ်နှစ်လိုလိုပြုံးပြနေတဲ့ သူ့ဓာတ်ပုံအဟောင်းလေးက ကျွန်တော့်ရင်ဘတ်ထဲ ကိုခုန်ဝင်လာတယ်…။ အော်တစ်နှစ်တောင်…..ကြာခဲ့ပြီဘဲ။ အသံအက်ကွဲတိတ်ဆိတ်ပြီး တကိုယ်တည်း ရေ ရွတ်မိတာတောင် မီးလိုလောင်လာသလိုဘဲ…။
သိလား..ချစ်သူရေ အနိုင်လိုချင်စိတ်တွေကိုချော့မြူပြီး အောင်မြင်မှုတစ်ခုခုဆီကို ငါသွားနေပါတယ်။ ဒီလမ်း က ငါမကြိုက်ဆုံးလမ်းဖြစ်သလို မင်းညွှန်ပြပေးခဲ့တဲ့လမ်းလည်းဖြစ်ပါတယ်…။ ငါလေ အိပ်မက်ကနေလမ်းထ လျောက်နေရသူလို ဆက်လျောက်နေဖြစ်ပါတယ်…။
တရွာမပြောင်းပေမယ့်…အလေးချိန်မစီးသေးနိုင်သေးတဲ့ ဘဝဟာ သူကောင်းလည်းမဖြစ်လိုဘဲ သူတောင်း စားသာသာနဲ့ ငါဟါ မင်းကိုသာ တမ်းတပြီးရင်းတမ်းတနေစဲပါ..။ မျက်စိအောက်ကနေ့တွေဟာလည်း လက် ဖျောက်တစ်ချက်တီးတိုင်း ပါးပါးလျလျကျကွဲလို့……..တစ်နှစ်ဆိုတဲ့ရှိန်က ငါရင်ညွန့်ကိုကန်ချိုးလိုက်တယ်…။
အခုတော့………ကော်ဖီဆိုင်အတူထိုင်ခဲ့ဖူးတဲ့ ကာလတွေဟာ အမှတ်တရတွေဖြစ်လို့…ကော်ဖီဆိုင်တွေကို လှည့်မကြည့်ရဲအောင် ငါ့ကိုဆွဲဆောင်နေပါရောလားကွာ…။ “အသစ် အသစ်တွေ ထပ်ချုပ်လည်း အချစ်စစ် အချစ်ဝေး.” ကိုမျိုးကြီးရဲ့ကြေကြေကွဲကွဲအော်သံ အခုငါ့ခံစားချက်နဲ့ ထပ်တူအပြန်အလှန်…။ တစ်ခါက စိတ်ကောက်ပြီးလို့ပြန်လည်တွေ့ဆုံချိန်တိုင်းဟာ အနမ်းတွေထန်ခဲ့ကြတာ….အခုချိန်မှာ ဗလာဟင်းလင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက် ငိုကြွေးလို့ပါလား…။……ငါတို့ဆုံဆည်းမှုတွေက အရောင်ဖျော့လိုက်တာနော်..။ အခုတော့ ဘယ်စိတ်နဲ့ အချစ်သီချင်းဆိုရလဲ..။ ဘယ်လိုအဓပ္ပာယ်နဲ့ အချစ်ကိုဖွင့်ဆိုရမလဲ..။
လေပြေ….မုန်တိုင်း ကွဲပြားသိလာချိန်မှာတော့ နာရီတွေရပ်တန့်ပြီး မြူခိုးတိမ်တိုက်တွေကြားထဲမှာ ငါတစ် ယောက်တည်း ကျန်ရစ်လို့။ မေတ္တာရောင်ပြန်ကိုစိုက်ပျိုးပေါင်းခံနေပါတယ်..။
ဂမ္ဘီရသမားတစ်ယောက်လို တစ်ခုခုကို တတွတ်တွတ်ရွတ်..မင်းသာယာပါစေ။ မင်းအေးချမ်းပါစေ။ အမှောင် ထဲမှာတောင် လင်းပါစေ။ .အထုံအထိုင်းကာလရိုင်းတွေထဲမှာလည်း သင်ကြားတတ်မြောက်နိုင်ပါစေ ၊ သံစဉ် အစစ်ရှာမရတဲ့ ခေတ်ကာလတွေထဲမှာလည်း …သီဆိုချင်းအသစ်တွေနဲ့ စူးရှတောက်ပနေပါစေ….ငါ အခုရပ် နေတဲ့….…အိပ်မက်ရှည်ထဲမှာ ခြေပစ်လက်ပစ်အိပ်ချလိုက်တယ်…။ မြူခိုးတိမ်ညွန့်တွေကိုလည်း လက်ခံ လိုက်တယ်…။ သိလား ချစ်သူရေ……………………ငါအခုဆေးလိပ်သောက်ပြီး ဘာကိုမှတွေးမတော့ဘူး…။



စိမ်းခက်စိုး
(အင်္ဂါနေ့) ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၀ ခုနှစ်။
ည ၁၁း ၃၃နာရီ။
တစ်နှစ်ပြည်အမှတ်တရ…..။



Type the rest of your post here.