
လတ်တလော ရာသီဥတုက
စိတ်မပါတစ်ပါ ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ပြီး
ကျွန်တော်က ဒီနေ့ 
နောက်ဆုံးပေါ်လက်ဘက်ရည်ဆိုင်ထဲမှာ။
ခင်ဗျား ရင်ထဲက ဆောင်းမှာ
အနွေးထည်ကောင်းကောင်း လိုအပ်ပါသလား။
ခင်ဗျားအိမ်မှာ
အရေးအကြောင်းတိုင်တောစရာ လူကြီးရှိလား။
“………………………………………….”
သောက်ပိုတွေပါကွာ
ငွေမရှိရင် ရေမရှိဘူး။
ဘယ်သူတွေ ဆေးလာ ခြယ်ခြယ်
ဘယ်ခေါင်းစဉ်နဲ့ လာလာ
ခင်ဗျားရော ကျွန်တော်ရော
မနှစ်က မိတ္တူစက်ထဲမှာ..။
ပြန်ပြီဗျာ
ခင်ဗျားလည်း အသက်ကောင်းကောင်း ရှူထားပါ။
ကျွန်တော့် အိတ်ကပ်ထဲတောင်
အောက်ဆီဂျင်တော်တော်နည်းနေပြီ။
ညီဇံလှ
4 comments:
ပြန်ပြီဗျာ
ခင်ဗျားလည်း အသက်ကောင်းကောင်း ရှူထားပါ။
ကျွန်တော့် အိတ်ကပ်ထဲတောင်
အောက်ဆီဂျင်တော်တော်နည်းနေပြီ။
ဒီနေရာက ဆိုလိုတာကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်
ရတဲ့နေရာပဲဗျ ... ။
စာကြောင်းတွေချထားတာလှတယ် ပိုလှလာသေးတယ်။
အပေါ်အောက်တွေ ဆင်းထားတာလည်း ပီပြင်တယ်။
နောက်ပြီး သိတော့ဘူး ။
အိတ်ကပ်ထဲကအောက်ဆီဂျင်က
ပြန်ပြန်ဖြည့်ရတာမလွယ်ဘူး...
မင်းလဲ ထမင်းဝအောင် စထား
ငါလဲ အောက်ဆီဂျင် များများ ရူထားလိုက်မယ်...
ဟတ်ဟတ်..
သယ်ရင်း ကဗျာတွေက လန်းနေပါလားဟ
အင်း.. အင်း..
ရင်ထဲက ဆောင်းမှာတော့ အနွေးထည် လိုနေပါတယ်..
Post a Comment