
ညီမလေးရေ
လောကတစ်ချက်အလှုပ်မှာ
တို့ မိသားစု ငုတ်တုတ်လေးပါပဲလား…
နှုတ်ခမ်းလည်း မနာခဲ့ဘူး
မုန့် ဆီလည်းမကြော် ခဲ့ဘူး
ဖြစ်သမျှအကြောင်းမပြောနဲ့ တော့
ပြောသမျှ ဖြစ်လာမှာမှ မဟုတ်ပဲ။
စာတမ်းလေးတွေတင်နဲ့ တင်
လူ့ သမိုင်းတစ်ခုလုံး ပိသွားတယ်။
အေးအေးဆေးဆေး ပြောလို့ ရတဲ့ တယ်လီဖုန်းကျ
လိုင်းမမိဘူး။
ခေတ်ကြီးရေ
တရားသံတွေ နာကျင်နေသရွေ့ 
ငါတို အရိပ်အောက်မှာ တောအုပ်တစ်ခုရှိလည်း
နေက ပူနေမှာပဲ..
ညီဇံလှ
2 comments:
ကဗျာတွေမိုက်သလိုပန်းချီတွေလဲမိုက်တယ်ဗျိုးးးး
စာတွေလာဖတ်ပါတယ်.။ အချိန်ပေးပြီး လာလည်တဲ့
အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်.။
အားပေးနေပါတယ်..။
ကျန်းမာရွှင်လန်းပါစေ.။
ခင်မင်စွာ
သဒ္ဓါ
Post a Comment