02 October 2010

အိပ်ရာထပြီးနောက်(၄)


ဖုန်းဆက်တယ်။
ကာဘွန်းဒိုင်အောက်ဆိုဒ်တွေဆီ
သစ်ပင်တွေဝမ်းချုပ်နေကြောင်း
နေမင်းက။

လမ်းတစ်ကွေ့ မှာ တွေ့ တယ်
ပြောတယ်၊
ကံကြမ္မာက
သူ့ တစ်ကိုယ်လုံး ယားနာပေါက်နေကြောင်း
(ဦးခေါင်းမှ လွဲ၍)။
ကျွန်တော်တို့ က
ပြောတယ်၊
ကျွန်တော်တို့ မှာ ယားနာမပေါက်ကြောင်း
(ဦးခေါင်းမှ လွဲ၍)။

အဲကွန်း အနံ့ မကောင်းဘူးတဲ့
ချစ်သူက ပြောတယ်၊
အမေ့ ကို ပြောတယ်
အမေ့ ယပ်တောင်တစ်ချောင်းကြိုးနေပြီ
ကျွန်တော်က...။

ဟဲလို
ခင်ဗျား အပြင်မှာလား
ဟုတ်ကဲ့
ကျွန်တော်လည်း အတွင်းခန်းထဲမှာ မဟုတ်ဘူး
ခင်ဗျား ရှေ့ မှာ
မှန်ကွဲစတွေကြဲ ပြန့် နေပြီ
ခင်ဗျားရော ကျွန်တော်ပါ အတွင်းခန်းမှာ ရောက်နေပြီ။

ညီဇံလှ
(02 Oct 2010)

1 comment:

လေပြေ said...

နောက်ထပ် အထိုထိုများကို ဆက်လက်ရေးသားနိုင်ပါစေ အစ်ကို ။။ ကျွန်တော်တော့် ကြိုက်တယ်။