
ဒီနေရာမှာ
ကန်ကြီးတစ်ကန်ရှိစရာ မလိုဘူး
နောက်ခံ ကောက်ရိုးပုံလည်း မလိုဘူး။
နွားတစ်ကောင်မှ မလိုသလို
အဓိက ဇာတ်ဆောင်က သေနတ်လည်း မဟုတ်သလို
သာဂိလည်း မဟုတ်ဘူး။
နားမလည်ဘူး။
နေထွက်လာတာက အစ
ကျွန်တော့်ကောင်မလေး ဆံပင်ဖြောင့်ချင်တာ အဆုံး
နားမလည်ဘူး။
အယ်လ်ပီ နားမလည်သလို
နားလည်ဖို့ မလိုသလို၊
နတ်သျှင်နောင်လည်း နားမလည်ဘူး
ခင်ဗျား ကဗျာစာအုပ်
ကျွန်တော့်လက်ဖက်ရည်ခွက် ကိုကွယ်နေတယ်။
ဒီဘက်နည်းနည်းတိုးပါလား၊ ခင်ဗျား
(ဒါမှမဟုတ်)
ဟိုဘက်နည်းနည်း ခင်ဗျားတိုး
(ဒါမှမဟုတ်)
အလယ်မှာ ခင်ဗျားနေချင်နေ
(ဒါမှမဟုတ်)
ခင်ဗျား မတ်တပ်ချင်ရပ်၊ ထိုင်ချင်ထိုင်။
ဒီလိုနဲ့ သာဂိ ပစ်လိုက်တယ်။
ငှက်တစ်ကောင်မှ ကောင်းကင်က ကျမလာလည်း
သူပျော်တယ်။
ညီဇံလှ
2 comments:
ဟိုဘက် နည်းနည်းတိုးဖို့  ..
ဟိုဘက် နည်းနည်းကို မရှိတာဗျာ ..
သာဂိကလက်မတည့်ဘူးဆိုပါတော့
Post a Comment