အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ် ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက် လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။ ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို ကျွန်တော့်ကို ခံပြင်းပါ။ နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ် အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
15 November 2010
နေရောင်ကန်းစွာ ဆွံ့ အသွားသော နိုဝင်ဘာ
(သူ့ အတိုင်းအတာနဲ့ သူ)
နိုဝင်ဘာဟာ ဖြူစင်ခဲ့တယ်။
နို့ ရည်ဝကာအိပ်နေသော ကလေးငယ်လို
အပြစ်ကင်းတယ်။
တစ်ခါတစ်လေလည်း
သားသတ်သမားလက်ထဲက သိုးငယ်လို
ဆတ်ဆတ်တုန်ရင်နေပြန်တယ်။
နိုဝင်ဘာဟာ
အပျံသင်စ အရွယ်မဟုတ်ပါ၊
နိုဝင်ဘာ ဟာ
မေတ္တာထားတတ်သလို
လိုအပ်သလို ဒေါသလည်းကြီးသင့်တယ်။
“ကျွန်တော်ခမောက်ဆောင်း ထားပါတယ်ဗျာ”
နေမင်းနဲ့ မာရ်နတ်ကို မော့ကြည့်
သွေးတစ်စိမ့်စိမ့်နဲ့ 
ကောက်ရိုးဆန်ဆန် ကတိက၀တ်တွေကြား
အပြုစားခံလိုက်ရတဲ့ နိုဝင်ဘာ။
လက်ခုပ်အတုတွေတီးပါ
ဗြောက်အိုးအစစ်တွေဖေါက်ပါ
တ၇ုတ်က တွေကလိုက်ပါ။
ဒီတစ်ဆောင်းလည်း စောင်းပြန်ပြီပေါ့။
ကျားပြုံးနဲ့ မျက်နှာဖုံး၊သစ်ဆွေးကိုင်း နဲ့ တံတားသစ်၊
သေနတ်နဲ့ ဘုရားရှင်၊
သွားပွတ်တံဟောင်းနဲ့ နေ့ စွဲသစ်၊ ။
……….အား……………………….
……….အား……………………….
……….အား………………………. ။
ကံစမ်းမဲသံကြားတိုင်း
လန့် လန့် နိုးတတ်တဲ့ နိုဝင်ဘာသာ
မျက်တွင်းဟောက်ပက်။ ။
ညီဇံလှ
Subscribe to:
Post Comments (Atom)
1 comment:
ကဗျာလေးတော်တော်ပြောင်မြောက် လက်စွမ်းထက်ပါပေတယ်ဗျာ...
ခင်တဲ့
မိုးငွေ့
Post a Comment