
ပင်လယ်ကြီး တစ်ပင်လယ် လည်း လိုချင်ရင်ရမယ်
မလိုလည်းဖြစ်တယ်၊နေပူချင်ပူ။…..။မိုးရွာချင်ရွာ။
ကိုယ်ကြိုက်တဲ့ ခုနှစ်ကို ကိုယ်တိုင်မျှားလို့ ရမယ်၊
ငါးမျှားချိတ်
သတ္တုမရွေးဘူး၊
ဟုတ်တယ် မရွေးဘူး..။လုံးဝ။
ငါးမျှားချိတ်
ထိပ်မှာ
(အစာအတွက် နှစ်သက်ရာ မော်ဒယ်ဂဲ
အားတပ်ထားနိုင်သည်)
ရေငုံ့ ပြီး ၀ါသနာပါလျှင်ပြန်မတက်လာလည်း
တရားမစွဲံပါ
တည်းခိုးခန်းများ ၂၄ နာ၇ီ၊ရေ၊မီး၊ဂီတ
ကော်ဇီခါးခါး၊အရက်များများ၊၊ရှင်မတောင်
သနပ်ခါးနဲ့ ဂျင်သီး
ရာသီဥတု အဆိုးဆုံး ခံတပ်ပြို။ပူလာ..ပိုပူလာ…
အကြောင်းပြချက်ရပြီးနောက်
မျက်စိသေသေရှင်ထားရမည်
အရပ်ဆယ့်ခြောက်မျက်နှာမှ
မသန်မစွမ်းမှ သည် သန်သန်စွမ်းစွမ်းသို့ 
ဟယ်…………………………………..ဟယ်
…………………ဟယ်……………………….
ဟယ်…………………………………..ဟယ်။
မီနီစကပ်မှသည် မိုက်ခရိုစကပ်သို့ 
အပေးအယူအချိန်အဆက်မိမိနဲ့ 
လိမ၊်ခေါက်၊ဆွဲ၊ပြေး
အချိန်ပိုင်းဆေးပေးမီးယူဆိုတာ ငရုတ်သီးစပ်စပ်နဲ့ 
လူကျွံဘောများ ခွဲစိတ်ကုသရန်
ဆရာဝန်များအတွက် ကျောင်းမဖွင့်သေး
ရှေ့ မြင်နောက်မြင်များထက် ကျွန်တော်တို့ အမြင်
ပိုကျယ်လာနိုင်
မှတ်ချက်။ ။ သန်းခေါင်ကျော် ရောက်သောအခါ
ကြက်မ များသည်
ကြက်ဖများ ဖြစ်သွားလိမ့်သည်။
ညီဇံလှ
1 comment:
bro ! လောလောဆယ် ကြိုက်တာတစ်ခုရှိတယ် ။
ဘာလည်းဆိုတော့ ကျွန်တော်တို့ FEPB က ကိုတေဇာ
ပြောခဲ့တဲ့ စကားလေး (လေပြေဖြစ်ဖြစ်လေညှင်းဖြစ်ဖြစ်
မျက်နှာကိုဖြတ်တိုက်လို့ အေးသွားရင်ပြီးရောပဲ) အဲ့နေရာမှာ
လေပြေသုံးရင်ကောင်းမလား လေညှင်းသုံးရင်ကောင်းမ
လားလို့ ကျွန်တော်တို့ ခေါင်းခြောက်ခံပြီးစဉ်းစားနေဖို့ မလို
ဘူး။ ဘာလို့ လည်းဆိုတော့ bro ဆီမှာလည်း ခက်ခက်ခဲခဲ
နဲ့ စဉ်းစားထားပြီးရေးထားတဲ့ စကားလုံးမျိုးမရှိဘူးလို့ ကျွန်
ထင်တယ်။ လောလောဆယ်ကျွန်တော်သဘောကျတဲ့စာ
သာမျိုးတွေ bro ဆီမှာ တော်တော်များများတွေ့ ရတယ်။
ဖြစ်နိုင်ရင် ဒီထက်ပိုပြီး လွတ်လပ်စေချင်တာ။
ကျွန်တော်ကတော့ Free Verse ကိုအားပေးတယ်။
လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့ :) ။
Post a Comment