အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ် ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက် လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။ ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို ကျွန်တော့်ကို ခံပြင်းပါ။ နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ် အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
24 November 2010
ကောင်းရာမွန်ရာသို့ ကဗျာ
ဒါ သက်သက်မတရားတာ
တိုးတိုးပြောပါဆိုနေမှ လမ်းဘေးဈေးရောင်းနေတာမဟုတ်ဘူး
သက်သက်မတရားတာ
ပြောပြန်ပြီ ဟော ကြည့် ကဲ ဈေးမရောင်းရတော့ဘူး
ငါ့နေရာမှာ ငါထိုင်နေတာ
မင်းထိုင်ရင်လည်း ငါဖယ်ပေးမှာ
နင် ဟောင်ရင် ငါပြန်ကိုက်မှာပဲ
သို့  လက်တစ်ခုပ်စာလေးရေ…
ခြေထောက်နှစ်ချောင်း လှုပ်လိုက်ရတာ
ပေါင်ကြောတွေတင်းလိုက်ရတာ
အစာ တစ်လုတ်အတွက်
ငုတ်တုတ်လေးစောင့်လိုက်ရတာ။
အသက်တွေကြီးလာတာနဲ့ အမျှ
ကဗျာပါးနည်းနည်း ၀တတ်လာတာနဲ့ အမျှ
လူဟောင်းမှ လူပျက်ဖြစ်လာတာနဲ့ အမျှ
ကျွန်တော်ညီဇံလှအား လည်ကောင်း
ကိုကြီး ကျော်ညိုသွေးအပါအ၀င် အပါင်းအသင်းများကို လည်းကောင်း
အမျှ…အမျှ…အမျှ…..
သို့  ရေတစ်ပွက်စာလေးရေ
အိပ်မက်တွေတစ်ပြွတ်ပြွတ်မွေးမယ့်အချိန်ကျရင်
ငါ့ဆီ ဖုန်းဆက်လိုက်ပါ။
ညီဇံလှ
Subscribe to:
Post Comments (Atom)
1 comment:
နင်ဟောင်ရင်တော့ ငါကိုက်မှာပဲ
သာဓု...သာဓု...သာဓု ပါဗျာ....:)
Post a Comment