25 November 2010

မဝေးတဲ့စံပယ်


(လွန်လေပြီးသောကဗျာလေးကို ပြန်တင်လိုက်တယ်)



လှေနံထစ်သွားတဲ့ ဓါးမလိုဘူး

သေချာတဲ့ရေဒါနဲ့ 

ဖွတ်မရလို့ ဆုံးသွားတဲ့ ဓါးမ တစ်ချောင်းလောက်

ပြန်အသက်သွင်းမယ်



သူငယ်ချင်း

ရိုးရိုးလေးပါပဲ

ရိုးရိုးလေးတွေးနေလို့ ရိုးရိုးလေးထိုင်နေကြတာ

ရိုးရိုးလေးထိုင်နေလို့  ရိုးရိုးလေးအနင်းခံနေရတာ

တကယ်ကို ရိုးလွန်းမက ရိုး။



ဘောလုံးကွင်းလည်း

ရောက်ခဲ့ဖူးတာပဲ။

ဘေးမပြောရဆိုတဲ့ ကျားဝိုင်းလေးက

ကျဉ်းကျဉ်းလေးပါ သူငယ်ချင်း။


ဒီမိုကရေစီ လမ်းရှာခေတ်ကြီးထဲမှာ

ဒီ မိုကရေစီဆိုပြီး

မို ရိုက်ပုံသွင်းပြောမိတာလေးနဲ့ 

က နေ့ ခတ်

ရေ တိမ်နစ်ခဲ့တဲ့ ဘ၀တွေ

စီ ကနဲ နေအောင်ရိုက်နှက်မှုတွေ

များပေါ့သူငယ်ချင်း


သူငယ်ချင်း

အသံတိတ်ငိုနည်းမှာ

ပန်းသစ်လေးတွေ ဂုဏ်ထူးမထွက်ဖို့ 

ဥယျာဉ်မှူးတစ်ယောက်ဖျားနာတိုင်း

ငါတို့ တွေ ၀ိုင်းဝန်းပေါင်းသင်ဖို့ ။


တကယ်တော့ အဝေးကြီးသွားကောက်စရာမလိုပါဘူး

စိတ်ကူးပေါ်လက်တင်ရင် စံပယ်ပန်းဖြစ်တယ်။


ညီဇံလှ
(4 Jan 2005)

2 comments:

နွေဆူးလင်္ကာ said...

စိတ်ကူးပေါ် လက်တင်ကြည့်တယ် စံပယ်ပန်းတွေ နွမ်းသွားတယ် ....

Anonymous said...

စိတ်ကူးပေါ်လက်တင်ကြည့်ပေမယ့်
စံပယ်တွေ တောမထခဲ့ဘူး