
မနက်ဘက်ခြေဆန့် လိုက်တော့
ဂျင်းမွေးပြောင်ဘောင်းဘီ တစ်ထည်။
လောကဓံခပ်ပါးပါးပွတ်တိုက်သွားသော
အင်္ကျီအိတ်က ဒိုးယိုပေါက်။
ပက်ကြားအက်နေသော ကမ္ဘမြေအတွက်
စနေဆန်ဆန်ကဗျာများ။
ဂုဏ်သိက္ခာမြှင့်တင်နေသော လက်ဖက်ရည်ခွက်ထဲ
ဟိုင်းဝေးကားများ ခုတ်မောင်းသွား။
မနေ့ က မိုးမရွာဘူးဆိုတဲ့  ကမ်းခြေမှာ
ဗီဇာအမြန်ကြေးနဲ့ ကျားပြုံးပြုံးနေတဲ့  မုန်တိုင်း။
ကြိုးတုပ်ခံနေရတဲ့  ကဗျာလေးတွေအတွက်
ကောင်းကင်မှာ အဆုံးရှိတယ်ပြောရင်
ခင်ဗျားမရယ်နဲ့ ။
နောက်ဆုံးပေါ်ကားတစ်စီး ကြိတ်နင်းသွားတဲ့ 
ရွံ့ စက်တစ်ချို့ ရဲ့  အပြုံးများ
ရင်ခွင်အဖြူမှာ လာစိုက်တယ်။
ဒီလိုပါ
မာပိုလို စီးကရက်ဘူးခွံထဲက ဖက်ကြမ်းတွေအကြောင်း
လူသိတာမှတ်လို့ ၊
အဲဒီနေ့ ချစ်သူနဲ့ ရိုက်တဲ့ ဖဲဝိုင်းမှာ
ကွင်းက ကင်းကို စားသွားတယ်။
ညီဇံလှ
2 comments:
ကွင်း က ကင်း ကိုစားတော့ ဘာဆက်ဖြစ်လဲ...
ဘုရင်ကြီး ညီလာခံ မတက်နိုင်တော့ဘူးပေါ့ ဗျာ..။
Post a Comment