အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ် ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက် လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။ ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို ကျွန်တော့်ကို ခံပြင်းပါ။ နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ် အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
09 December 2010
ကမောက်ကမ ကတောက်ကစမှ ဤသို့ 
ဆန်ကွဲနဲ့ ဆန်
တူတူပဲ ရွေးလိုက်မိတယ်
ကွင်းကျဉ်းနေတဲ့ပုဆိုးမှာ
ခါတိုင်းလို
ကျွန်တော်နဲ့ ခင်ဗျားခဏခဏကျွတ်ကျနေမှာပဲ။
“ဒကာတော်…လူပေါင်းများစွာသတ်ခဲ့စဉ်က
ကိုယ်တိုင်စိတ်ပါပါရဲ့ လား”
“မပါပါဘုရား…တာဝန်အရသာ ဖြစ်ကြောင်းပါ”
“သူတစ်စေခိုင်း၍ပြုလုပ်ရသည်။ဒကာတော်ထံ အပြစ်ရှိနိုင်၏လော”
“ရှိမည်မထင်ပါ ဘုရား…”
(ရှင်သာရိပုတ္တရာ နှင့်တမ္ဗဒါဋ္ဌိကစောရဃာဗာက ၀တ္ထုမှကောက်နှုတ်ချက်)
အရပ်ရှစ်မျက်နှာဟာ ဖုန်းနံပါတ်အမှားကြီးနဲ့ 
ကောင်မလေး မင်း ကွန်နက်ရှင်ကျနေပြီလား
သတ်ပုံကြီးငယ်မဖြစ်ခင်
စကားတွေထန်လာတာလည်း
တစ်မျိုးကောင်းပါတယ်။
လွယ်လွယ်လေးပါခွေးမလေး
ရှင်လျက်နဲ့  ငိုတယ်
ဇွတ်ကွယ်။
ဒါ ငါ့ကွင်း
ငါစိတ်ကြိုက်သွင်းမယ်
ဒီကွင်းမှာ ဒိုင်မရှိဘူး
အရေးအကြောင်းဆို
သိကြားမင်းဟာ ကျောက်ဖျာပဲ တင်းတတ်တယ်။
သို့ 
အားအားယားယားကင်းမဲ့ဇုံရေ
ငှက်မွှေးလောက်မဟုတ်တောင်
ကျွန်တော့်ကိုပေါ့ပါးခွင့်ပေးပါ။ ။
ညီဇံလှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment