
မိုး ဆိုပြီး
မ မိုးပဲထားလို့ လည်း ရတယ်
ဝတ္ထုရဲ့ အစ ဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့။
ခင်ဗျားရဲ့ အစမှာ
တိုက်ပုံဖြစ်ဖြစ် နက်(က)တိုင်ဖြစ်ဖြစ်ပေါ့။
ကန်ရေပြင်ကိုကြည့်မယ်
ငှက်လို နားချင်နားမယ်။
ဓာတ်ကြိုးလိုတွေ့ တဲ့သူ ရင်လိုက်ခုန်ချင်ခုန်မယ်
ကံဆိုးရင် အိမ်သာကျင်းလဲ တူးရမယ်။
ခင်ဗျားဟာ ၀တ္ထရဲ့ အစဖြစ်တယ်ဆိုပါတော့
ည ဘက် ကေတီဗီ သွားမလား
မာဆတ် သွားမလား
တိမ်တစ်ဆုပ်လောက်လက်မှာထည့်
ခင်ဗျားကိုယ်တိုင် ကဗျာဆရာလုပ်မလား။
ဝတ္ထုဟာ ခင်ဗျားရဲ့ အစ ဖြစ်တယ်ဆိုပါတော့
ဆင်းရဲသားလည်း ခင်ဗျားပဲ ပျော်တယ်
ထီပေါက်လည်း ခင်ဗျားသွားထုတ်မှာပဲ။
ခင်ဗျားရဲ့ အစဟာဝတ္ထုဖြစ်တယ်ဆိုပါတော့
ကွမ်းယာရမယ်
ဆေးလိပ်ရမယ်။
လိုအပ်သလို
ကမ္ဘာကြီးကို ပြားလိုက်လို့ ရမယ်။
အစဟာခင်ဗျားရဲ့ ဝတ္ထုဖြစ်တယ်ဆိုပါတော့
ကိုယ့်ကိုယိကို ပြန်ပြီး ဖတ်ချင်မှ ဖတ်မိမယ်
နွေရာသီဆိုလည်း
ခင်ဗျားချမ်းနေမှာပဲ။
ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့
ခင်ဗျားကိုယ်တိုင်ဝတ္ထုဖြစ်သွားတဲ့အခါ
ကြိုက်သလိုငိုချင်းလည်း ချနိုင်ပါတယ်
' ဘာလင်က ဒါလင်ရေ'
ခုတော့
ကွဲပြီ ။ ။ ။ ။
ညီဇံလှ
No comments:
Post a Comment