အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ် ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက် လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။ ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို ကျွန်တော့်ကို ခံပြင်းပါ။ နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ် အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
17 September 2010
အချစ်
(၂၀၀၀)၀န်းကျင်လောက်က ရယ်စရာ မဂ္ဂဇင်းမှာ ကျွန်တော့်ကဗျာနဲ့ ဘေးချင်းယှဉ်ပါခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ကျွန်တော်ကဗျာကို ကျွန်တော်ကိုယ်တိုင်မေ့သွားပေမယ့် အဲဒီကဗျာလေးကို ကျွန်တော်မှတ်မိနေဆဲပါ)
စားသုံးခဲ့ဖူးတာ
တစ်ခါသာသာပဲ၊
အရိုးနင်ဝေဒနာကို
တစ်သက်စာလုံးခြစ်ထုတ်လိုက်ရတာ
တန်ဆာပလာတွေစုံလို့ ...။
စိုင်းစိုင်း(ရှမ်း)
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာလေးကတိုတယ်ဆိုပေမဲ့
ထိထိမိမိရှိလိုက်တာ...
2000ကဆိုတော့..10နှစ်ကြီးများတောင်
ကြာခဲ့ပြီဘဲ..
I like this poem...
Thankz for sharing ....
Post a Comment