12 May 2010

တစ်ယောက်တည်းလင်းနေတဲ့  ည

တက်မရှိလို့  အချစ်နဲ့ လှော်နေတဲ့ လှေငယ်လေ
ဘယ်နတ်သမီးနဲ့ မှ ညစာမစားဖူးပါဘူးကွာ
ဟိုအရင်လေကြီးမိုးကြီး ၀ုန်းဒိုင်းမှာတောင်
သံကြိုးစာလေး သတ်ပုံမှား မိတဲ့ကောင်ပါ…။

ကောင်မလေးရယ်…
ကျေးဇူးပြုပြီး
ငါ့ကို ချယ်လ်ဆီးကြည့် မကြည့်ပါနဲ့ ..။

သူမ စိတ်ဆိုးတိုင်း
ကမ်းခြေမှာ ညို့ နေတဲ့ မိုးတိမ်
ကျွန်တော့်ရှေ့ မှာနှင်းဆီအသေတွေ အတုန်းအရုံး
နောက်ဆုံး
ခံတပ်တစ်ခုလုံး ဆုတ်ပေးလိုက်ရတဲ့  အထိ။

ညီဇံလှ

6 comments:

Blackroze said...

ချယ်လ်ဆီးအကြည့်ဆိုတာ..ဘယ်လိုမျိုးပါလိမ့်နော်..

win latt said...

အပေါ်ကစာတွေက post ကစာတွေကိုဖုန်းနေတယ် ဖတ်လို့မရဘူးအကိုရေ...
လာလည်သွားတာကျေးဇူးပဲ...
ဘယ်ကပါလိမ့်...
ချယ်လ်ဆီးအကြည့်က ဘယ်လိုလဲဆိုတာ လင်းပါဦး...
ဘောလုံးပွဲတွေ နိုင်ပါစေ...
ဒိုင်ရှုံးပါစေ...

ညီဇံလှ said...

အနိုင်ရသွားတဲ့ ချယ်လ်ဆီးက သူ့ ပရိသတ်တွေကိုကြည့်
သလိုမျိုး၊သူ့ အောက်က အသင်းတွေကိုကြည့်သလို မျိုး
ပြောတာတာပါဗျာ...

thaingarra said...

တော်သေးတာပေါ့ဗျာ ...

မန်ယူ ကြည့်ကြည့်မသွားလို့ ... :)

ကျော်ညိုသွေး said...

ချယ်လ်ဆီးကြည့် မသိ

Anonymous said...

နောက်ဆုံးခံတပ်တစ်ခုလုံးဆုတ်ပေးလိုက်ရတဲ့ အထိဆိုပဲ
စကားလုံးတွေက သေလောက်တယ်တယ်ဗျာ...။
အမြဲတမ်းလည်း တစ်ယောက်တည်းလင်းနေပါစေလို့ 
ဆုတောင်းပါတယ် အစ်ကိုရေ.......။