25 March 2010

ရေချိုးဆိပ် အပြင်းဖျားထားတဲ့ မြစ်တစ်စင်း

( ဆံနွယ်တစ်ခုဧ။်အလျား ကဗျာစာအုပ်မှ ၁၉၉၄)
လက်မထပ်နိုင်တာပဲ ရှိတယ်
အဲဒါကိုပဲ ငြင်းပယ်
ဒါကလဲကွယ်
ကောင်းကင်ကြီး ဖြုတ်ချရသလိုပါပဲ။

တန်ဖိုးဆိုတဲ့  ဒြပ်မဲ့ တောင်
ချုံပုတ်ထဲ ခိုအောင်းနေရ
လောကကြီးတစ်ခုလုံး
အမြဲစိမ်းလန်းရေး ယုံကြည်မှုတွေ
အဲဒီနောက်
အရာအားလုံး
ပလပ်စတစ် မြုံးတွေဖြစ်ခဲ့။

ရယ်လိုက်ကြ မျက်ရည်
ငိုလိုက်ကြ ပွင့်ဝေ
လက်ဖက်ရည်အဖျော်သမားတစ်ယောက်တောင်
ဥယျာဉ်မှုးဖြစ်သွားချင်ရဲ့ ။

ဟိုတုန်းကတော့
သူ့ လက်ချောင်းတွေဆုပ်ကိုင်ထားလို့ ပေါ့
ကမ္ဘာပေါ်မှာရှိရှိသမျှ
အချစ်အမှတ်တရနေ့ တွေ
အားလုံးနဲ့ အသားကျခဲ့တာ
အချစ်ဦးဆိုတဲ့ မှတ်တိုင်တွေပဲ။

ခြေရာ လက်ရာ ကိုယ်ရာ ဦးခေါင်းရာ
နောက်ဆုံး
ဒဏ်ရာရနေတဲ့  နှလုံးသားကိုတောင်
မောင်လို့ သည်းညည်းခံပေးခဲ့တဲ့ အတွက်
ဆုလာဘ်ချီးမြှင့်လိုက်ပြန်ပြီ။
အချစ်ဆုံးဆိုတာပေါ့။

အဲဒီနောက်
တွယ်ဖက်ထားတဲ့  လက်ချောင်းတွေ
ပြုတ်ထွက်လောက်တဲ့ အလင်းတန်းရှည်ကြီး
ထိုးစိုက်ကျရောက်လာတော့တယ်။

မိုးရေစိုလက် လမ်းမီးတိုင်တွေ
မျက်ရည်ဥတွေနဲ့ ထွန်းလင်းနေ။

နေခဲ့...တဲ့ 
နှုတ်ဆက်သွားသူပဲ ကျန်ခဲ့ရတဲ့ အဖြစ်
သိပ်ချစ်လွန်းသူရဲ့ နစ်ဝင်တွယ်ကပ်မှုတွေ
ဟေ့...မြေကြီးဆန်ကုန်ပြီ။

ဒီတော့လည်း
ဒုံးကျည်တစ်လက်နဲ့ 
အိပ်မက်မက်နေဲ့ ကမ္ဘာကြီးပေါ်ကနေ
တစ်စ တစ်စ ဖဲ့ချ
ဧရာဝတီလိုပဲ
ဝမ်းဆွဲဆရာမ မလိုစွာ
မွေးဖွားပစ်လိုက်ပြီ။

ပင်ပန်းလိုက်တာ
စိတ်တွေမှန်သမျှ
အုတ်ခဲကျိုးတွေ ချိတ်ဆွဲခံထားရသလို
မလွမ်းရဲ မဆွေးရဲ
ကြေကွဲမှု သိပ်ဖြစ်လိုက်တာနဲ့ 
အသက်ပါ အဆစ်ပြုတ်ထွက်သွားလောက်တယ်
ပင်ပန်းမှုတွေ...ပင်ပန်းမှုတွေ။

အချိန်ရဲ့ တောက်လောင်မှုဆိုတာ
သေချာအောင် ပြောပြရရင်
စီးကရက်တစ်လိပ်ကိုတောင်
ပြာခြွေခွင့် မရှိလိုက်သလိုပါပဲ
ပြီးခဲ့ပြီ...တဲ့ 
အဲဒီလိုပေါ့ပေါ့လေးပစ်လိုက်လို့ ဖြစ်မလား
ဧရာဝတီရဲ့ လှပနက်ရှိုင်းမှုမျိုးနဲ့ 
ရေချိုးဆိပ်အပြင်းဖျားထားတဲ့  မြစ်တစ်စင်း
မိန်းမတစ်ယောက်စီဆင်းနေတုန်းဆိုတာ
ယုံလား...ဒီမှာ
့ရင်တွေသာ လာခွဲကြည့်တော့ကွယ်။ ။

မိုးဝေး





Type the rest of your post here.

No comments: