18 November 2010

၂၀၁၁ နှင့် သူမဧ။်နောက်ပိုင်း တစ်စိတ်တစ်ပိုင်း သို့ အမျှော်


ပင်လယ်ကြီး တစ်ပင်လယ် လည်း လိုချင်ရင်ရမယ်

မလိုလည်းဖြစ်တယ်၊နေပူချင်ပူ။…..။မိုးရွာချင်ရွာ။
ကိုယ်ကြိုက်တဲ့ ခုနှစ်ကို ကိုယ်တိုင်မျှားလို့ ရမယ်၊

ငါးမျှားချိတ်
သတ္တုမရွေးဘူး၊

ဟုတ်တယ် မရွေးဘူး..။လုံးဝ။

ငါးမျှားချိတ်
ထိပ်မှာ

(အစာအတွက် နှစ်သက်ရာ မော်ဒယ်ဂဲ
အားတပ်ထားနိုင်သည်)

ရေငုံ့ ပြီး ၀ါသနာပါလျှင်ပြန်မတက်လာလည်း
တရားမစွဲံပါ

တည်းခိုးခန်းများ ၂၄ နာ၇ီ၊ရေ၊မီး၊ဂီတ

ကော်ဇီခါးခါး၊အရက်များများ၊၊ရှင်မတောင်
သနပ်ခါးနဲ့ ဂျင်သီး

ရာသီဥတု အဆိုးဆုံး ခံတပ်ပြို။ပူလာ..ပိုပူလာ…

အကြောင်းပြချက်ရပြီးနောက်
မျက်စိသေသေရှင်ထားရမည်

အရပ်ဆယ့်ခြောက်မျက်နှာမှ

မသန်မစွမ်းမှ သည် သန်သန်စွမ်းစွမ်းသို့ 

ဟယ်…………………………………..ဟယ်
…………………ဟယ်……………………….
ဟယ်…………………………………..ဟယ်။

မီနီစကပ်မှသည် မိုက်ခရိုစကပ်သို့ 

အပေးအယူအချိန်အဆက်မိမိနဲ့ 
လိမ၊်ခေါက်၊ဆွဲ၊ပြေး

အချိန်ပိုင်းဆေးပေးမီးယူဆိုတာ ငရုတ်သီးစပ်စပ်နဲ့ 

လူကျွံဘောများ ခွဲစိတ်ကုသရန်
ဆရာဝန်များအတွက် ကျောင်းမဖွင့်သေး

ရှေ့ မြင်နောက်မြင်များထက် ကျွန်တော်တို့ အမြင်
ပိုကျယ်လာနိုင်

မှတ်ချက်။ ။ သန်းခေါင်ကျော် ရောက်သောအခါ
ကြက်မ များသည်
ကြက်ဖများ ဖြစ်သွားလိမ့်သည်။

ညီဇံလှ

15 November 2010

နေရောင်ကန်းစွာ ဆွံ့ အသွားသော နိုဝင်ဘာ



(သူ့ အတိုင်းအတာနဲ့ သူ)
နိုဝင်ဘာဟာ ဖြူစင်ခဲ့တယ်။

နို့ ရည်ဝကာအိပ်နေသော ကလေးငယ်လို
အပြစ်ကင်းတယ်။
တစ်ခါတစ်လေလည်း
သားသတ်သမားလက်ထဲက သိုးငယ်လို
ဆတ်ဆတ်တုန်ရင်နေပြန်တယ်။

နိုဝင်ဘာဟာ
အပျံသင်စ အရွယ်မဟုတ်ပါ၊

နိုဝင်ဘာ ဟာ
မေတ္တာထားတတ်သလို
လိုအပ်သလို ဒေါသလည်းကြီးသင့်တယ်။

“ကျွန်တော်ခမောက်ဆောင်း ထားပါတယ်ဗျာ”
နေမင်းနဲ့ မာရ်နတ်ကို မော့ကြည့်
သွေးတစ်စိမ့်စိမ့်နဲ့ 
ကောက်ရိုးဆန်ဆန် ကတိက၀တ်တွေကြား
အပြုစားခံလိုက်ရတဲ့ နိုဝင်ဘာ။


လက်ခုပ်အတုတွေတီးပါ
ဗြောက်အိုးအစစ်တွေဖေါက်ပါ
တ၇ုတ်က တွေကလိုက်ပါ။
ဒီတစ်ဆောင်းလည်း စောင်းပြန်ပြီပေါ့။

ကျားပြုံးနဲ့ မျက်နှာဖုံး၊သစ်ဆွေးကိုင်း နဲ့ တံတားသစ်၊
သေနတ်နဲ့ ဘုရားရှင်၊
သွားပွတ်တံဟောင်းနဲ့ နေ့ စွဲသစ်၊ ။

……….အား……………………….
……….အား……………………….
……….အား………………………. ။


ကံစမ်းမဲသံကြားတိုင်း
လန့် လန့် နိုးတတ်တဲ့ နိုဝင်ဘာသာ
မျက်တွင်းဟောက်ပက်။ ။

ညီဇံလှ

19 October 2010

အိပ်ရာထပြီးနောက် ( ၅ )


လတ်တလော ရာသီဥတုက
စိတ်မပါတစ်ပါ ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ပြီး
ကျွန်တော်က ဒီနေ့ 
နောက်ဆုံးပေါ်လက်ဘက်ရည်ဆိုင်ထဲမှာ။

ခင်ဗျား ရင်ထဲက ဆောင်းမှာ
အနွေးထည်ကောင်းကောင်း လိုအပ်ပါသလား။
ခင်ဗျားအိမ်မှာ
အရေးအကြောင်းတိုင်တောစရာ လူကြီးရှိလား။

“………………………………………….”
သောက်ပိုတွေပါကွာ
ငွေမရှိရင် ရေမရှိဘူး။

ဘယ်သူတွေ ဆေးလာ ခြယ်ခြယ်
ဘယ်ခေါင်းစဉ်နဲ့ လာလာ
ခင်ဗျားရော ကျွန်တော်ရော
မနှစ်က မိတ္တူစက်ထဲမှာ..။


ပြန်ပြီဗျာ
ခင်ဗျားလည်း အသက်ကောင်းကောင်း ရှူထားပါ။
ကျွန်တော့် အိတ်ကပ်ထဲတောင်
အောက်ဆီဂျင်တော်တော်နည်းနေပြီ။

ညီဇံလှ

12 October 2010

နွားကျောင်းသား သာဂိရဲ့ သေနတ်


ဒီနေရာမှာ
ကန်ကြီးတစ်ကန်ရှိစရာ မလိုဘူး
နောက်ခံ ကောက်ရိုးပုံလည်း မလိုဘူး။
နွားတစ်ကောင်မှ မလိုသလို
အဓိက ဇာတ်ဆောင်က သေနတ်လည်း မဟုတ်သလို
သာဂိလည်း မဟုတ်ဘူး။

နားမလည်ဘူး။
နေထွက်လာတာက အစ
ကျွန်တော့်ကောင်မလေး ဆံပင်ဖြောင့်ချင်တာ အဆုံး
နားမလည်ဘူး။
အယ်လ်ပီ နားမလည်သလို
နားလည်ဖို့ မလိုသလို၊
နတ်သျှင်နောင်လည်း နားမလည်ဘူး


ခင်ဗျား ကဗျာစာအုပ်
ကျွန်တော့်လက်ဖက်ရည်ခွက် ကိုကွယ်နေတယ်။
ဒီဘက်နည်းနည်းတိုးပါလား၊ ခင်ဗျား
(ဒါမှမဟုတ်)
ဟိုဘက်နည်းနည်း ခင်ဗျားတိုး
(ဒါမှမဟုတ်)
အလယ်မှာ ခင်ဗျားနေချင်နေ
(ဒါမှမဟုတ်)
ခင်ဗျား မတ်တပ်ချင်ရပ်၊ ထိုင်ချင်ထိုင်။

ဒီလိုနဲ့ သာဂိ ပစ်လိုက်တယ်။
ငှက်တစ်ကောင်မှ ကောင်းကင်က ကျမလာလည်း
သူပျော်တယ်။

ညီဇံလှ

05 October 2010

ငါမသိဘူး လောက



ညီမလေးရေ
လောကတစ်ချက်အလှုပ်မှာ
တို့ မိသားစု ငုတ်တုတ်လေးပါပဲလား…

နှုတ်ခမ်းလည်း မနာခဲ့ဘူး
မုန့် ဆီလည်းမကြော် ခဲ့ဘူး
ဖြစ်သမျှအကြောင်းမပြောနဲ့ တော့
ပြောသမျှ ဖြစ်လာမှာမှ မဟုတ်ပဲ။

စာတမ်းလေးတွေတင်နဲ့ တင်
လူ့ သမိုင်းတစ်ခုလုံး ပိသွားတယ်။
အေးအေးဆေးဆေး ပြောလို့ ရတဲ့ တယ်လီဖုန်းကျ
လိုင်းမမိဘူး။


ခေတ်ကြီးရေ
တရားသံတွေ နာကျင်နေသရွေ့ 
ငါတို အရိပ်အောက်မှာ တောအုပ်တစ်ခုရှိလည်း
နေက ပူနေမှာပဲ..

ညီဇံလှ

02 October 2010

အိပ်ရာထပြီးနောက်(၄)


ဖုန်းဆက်တယ်။
ကာဘွန်းဒိုင်အောက်ဆိုဒ်တွေဆီ
သစ်ပင်တွေဝမ်းချုပ်နေကြောင်း
နေမင်းက။

လမ်းတစ်ကွေ့ မှာ တွေ့ တယ်
ပြောတယ်၊
ကံကြမ္မာက
သူ့ တစ်ကိုယ်လုံး ယားနာပေါက်နေကြောင်း
(ဦးခေါင်းမှ လွဲ၍)။
ကျွန်တော်တို့ က
ပြောတယ်၊
ကျွန်တော်တို့ မှာ ယားနာမပေါက်ကြောင်း
(ဦးခေါင်းမှ လွဲ၍)။

အဲကွန်း အနံ့ မကောင်းဘူးတဲ့
ချစ်သူက ပြောတယ်၊
အမေ့ ကို ပြောတယ်
အမေ့ ယပ်တောင်တစ်ချောင်းကြိုးနေပြီ
ကျွန်တော်က...။

ဟဲလို
ခင်ဗျား အပြင်မှာလား
ဟုတ်ကဲ့
ကျွန်တော်လည်း အတွင်းခန်းထဲမှာ မဟုတ်ဘူး
ခင်ဗျား ရှေ့ မှာ
မှန်ကွဲစတွေကြဲ ပြန့် နေပြီ
ခင်ဗျားရော ကျွန်တော်ပါ အတွင်းခန်းမှာ ရောက်နေပြီ။

ညီဇံလှ
(02 Oct 2010)

01 October 2010

ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား


(သူငယ်ချင်းတစ်ယောက်ပို့ ထားတဲ့  ကောင်းကင်မဂ္ဂဇင်းက ကဗျာပါ...ကြိုက်လို့ တင်လိုက်မိပါတယ်)

ရေးတဲ့လူနဲ့ဖတ်တဲ့လူကြား
အမည်မသိ ဆက်သွယ်ချက်
ဝက်သစ်ချပင်မှာ ချည်ထားခဲ့ ဖဲကြိုးဟာ အ၀ါရောင်ပါ။

ဟာသဓာတ်ခံနည်းနည်း ရှိဖို့ရယ်
အမြင်မတော်ရင် အဲ့ဒီလမ်းကို မသွားရုံရယ်ပဲ ရှိတယ်
နေပျော်တဲ့ ခေတ်ကြီးပါ။


မိဘကို ဆည်းကပ်ပါ
ချစ်သူကို အစွမ်းကုန်ချစ်ပါ
အမှန်တရားကို ကာကွယ်ပါ
ကိုယ့်နီတိနဲ့ကိုယ် ရှင်သန်ပါ
နှင်းဆီကိုတော့ အနီရောင် အတိုင်းပဲ ထားပေးလိုက်တာ ကောင်းတယ်
ဘုရားသခင်လည်း သွားချင်ရာ သွားပါစေတော့၊ သူ့ဘ၀နဲ့သူ။

ကမ္ဘာကြီး ၂၃ ၁/၂
ဒီဂရီစောင်းနေကြောင်း
သူတို့ပေးတဲ့ သက်သေပြချက်နဲ့တင်
ကျွန်တော့်မှာ မလုံလောက်တော့လို့ပါ။

မြင်ဖူးမှ ယုံစဖွယ် ကမ္ဘာကြီးထဲ
ချိုးဖြူငှက်များ မျိုးသုဉ်းရန် စက္ကန့်နှစ်ဆယ်အလို
ညနေက၀ယ်လာတဲ့ ၂၀၁၂ ရုပ်ရှင်ဒီဗွီဒီအချပ်က ထစ်နေတယ်။


မျိုးတေဇာမောင်