20 August 2012

သစ်ရွက်အနာ


သစ်ရွက်အနာ


ခြေဖ၀ါးတွေမရှိရင် လမ်းဟာ ဖုထစ်ထစ်ကြီး ဖြစ်နေမှာပေါ့
လက်ညှိုလေးတွေ မကွေးခင် ဘယ်သူထွက်ပြေးခဲ့လဲ
ကောင်းကင်ရော မြေကြီးပါ အခွံအလွတ်တွေဖြစ်တယ်။
ကျောက်စရစ်ခဲတွေကို ပြက္ခဒိန်တစ်ခုလို ရေတွက်လိုက်တယ်
ကိုယ့်နာမည်ကိုယ်ခေါ်တော့လဲ မင်းမှ မ၇ှိတာ။
လှေကားသုံးထစ်ဆင်းသွားတဲ့ အလွမ်းကို ပြန်ခေါ်မယ်
တောအုပ်တွေထဲ အစိမ်းရောင်တွေ ပြန်ထည့်ကြရအောင်
ဖိနပ်တွေထဲ ညနေခင်းတွေ ပြန်ထည့်ကြရအောင်
မျက်လုံးထဲ ၀င်ခဲ့တဲ့အမှိုက်တွေတောင် အပျော်လွန်ခဲ့တော့
ဒီအချိန် ဘာအသီးစားစား ဖျားတယ်။
ဘာဂါထာရွတ်ရွတ် မင်းစိတ်က မကျွတ်ဘူး
အရိုးဆက်နေတဲ့အိမ်လေးကို မဖျက်ပါနဲ့ 
ဝါသနာပါရင် အင်္ဂလိပ်အက္ခရာ စီ နဲ့ လဲ ကိုယ့်ကိုသတ်လို့ ရတယ်။
ညီဇံလှ
၀၉ ၀၈ ၁၂
၁၀၁၈

No comments: