25 August 2012
ရေမွှေးဟာ သူမရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ သွေးနဲ့ သုက်ရည်တို့ရဲ့ အနံ့မျိုး ရှိနိုင်ပြီး
ရေမွှေးဟာ သူမရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ သွေးနဲ့ သုက်ရည်တို့ရဲ့ အနံ့မျိုး ရှိနိုင်ပြီး
ခပ်ကျဉ်းကျဉ်းလေးမွှေးရအောင် ရေမွှေးပုလင်းထဲ ရိုက်သွင်းထားလိုက်လေ
ဘေးထွက်ဆိုးကျိုးတစ်လုံးလောက် လက်ဆောင်ရတယ် အင်ဂျင်သံအဟောင်း
ထသွားမှ ခါးပတ်ပတ်ထားလေ ခေတ်ကာလက စိတ်မချရ ဆိုတဲ့မြေသြဇာ
ဘူးဆိုတဲ့အပင်တွေလေ ကျွန်မ ဥယျဉ်ထဲမှာမြှုပ်ထားတာ လေးနှစ်တစ်ကြိမ်
တစ်ချို့ က လေးရက်တစ်ကြိမ် တစ်ချို့ က တစ်ညတစ်ကြိမ် တစ်ချို့ က ထသွားမှ
ဒါဟာ မကောင်းဆိုးဝါးလို့ ခေါ်ဆိုသင့်ကြောင်း အတင်းအဖျင်းတွေ လက္ခာပိုင်ရှင်က
လူသားစစ်စစ်မဟုတ်တဲ့ သူတွေနဲ့ ဆက်သွယ်လို့ ရပါတယ် အရက်ပုလင်းတွေ
စီးကရက်တွေ လူဝင်ကြေးက လူထဲကနေထွက်လာပြီး 386/A ကနေ
အာရတ်နွေဦးဆိုလား ရေမွှေးပုလင်းက-
-သူနဲ့ အလားတူ တစ်ယောက်ယောက်ကို ဖက်ထားပြီး ပရိုမိုးရှင်းအဖြစ်
-ပုလင်းကို မော့သောက်နေတဲ့ပုံကို ပရိုဖိုင်အဖြစ်တင်လို့ 
တာရှည်သုံးရန် တာရှည်ခံရန် အပေါက်တစ်ပေါက်အပိုပါသော တစ်လက်မ အပိုပါသော
ခါးပတ်ထဲက ခန္ဓာကိုယ်ကို ရှိုက်စ၇ာ တစ်ခုထဲ ထည့် ထား ကြည့်
လေခါးပတ်က အတွင်းဂွေသားတင် ဘယ်လောက်တန်တဲ့ ထိုးကွင်းတွေ
ထိုးကြည့် ခါးအထက်နားပေါ်ရုံလေး အစွန်းနားလေးတွေ ချွန်ထက်နေတာ တစ်ညကတော့
သူ့ အိပ်ယာဘေးနားမှာ ကျွန်မ ရေမွှေးပုလင်းလေး တွေ့ တယ်
သူရော လေဒီဂါဂါပါ ရေမွှေးပုလင်းထဲ အိပ်ပျော်နေတယ်ဆိုလား
ဖြစ်ချင်တော့ ကိုယ့်လက်ဖမိုးကို နမ်းသွားတဲ့ယင်ကောင်ဟာ ဆန့် ကျင်ဘက်ကြွက်ပဲ
ခါးပတ်လေးထဲ တိုးဝှေ့ သွားတဲ့ ဒူးနဲ့ တွေ့ မယ်အချိန်သည် လှုပ်စရာအကောင်းဆုံး အသံနှင့်
လှုပ်ပြီးသောက်ရတဲ့ ယဉ်ကျေးမှုအနံ့ လိမ့်တက်လာတဲ့ အခါ တို့ ဘူး(ဟူး)
ညီဇံလှ
၂၅ ၀၈ ၁၂
၁၃၃၆
20 August 2012
ရေချိုမှတ်
ရေချိုမှတ်
ပန်းချီကားထဲက ရေမြွေက စတာပဲ။
နှစ်ချို့ ဆဲ အဖျားတွေ သောက်လက်စ
စပျစ်ခြံထဲမှာ မြေခွေးတွေ မှောက်ကျနေတယ်
လာထူတဲ့ လက်ဟာ နာနာဘာဝ နံပါတ်ခြောက်ပဲ။
လက်သည်းကြားက ကယ်တင်ရှင်တွေ ဘ၀ပျက်သွားတာမြင်တော့
ကမ္ဘာကြီးဟာ ကိုယ့်နားရွက်ပေါ်မှာ ယားပြီးလည်နေတာ
လက်ညိုးလေးကွေးလိုက်တဲ့ ဖိတ်စာကိုတွေ့ တယ်
ချစ်လက်စတွေပဲ မီိးစွဲလွယ်မယ်
(လွင့်စင်လာတဲ့ ပြာတစ်ချို့  မတောက်ရက်ခဲ့)
ဂုဏ်သိက္ခာဝဲတွေ မျက်တွင်းကျတယ်
လူပြောများပျားရည်ထဲ ကျွန်တော်မအားဘူး
ထားထားတာ သုံးရက်ကျော်ပြီ
လူတစ်ချို့ ကျွန်တော့်ကို အဖုံးဖွင့်ပြီးထွက်သွားတာ။
ညီဇံလှ
၁၉၀၈၁၂
၁၄၅၂
နှုတ်ခမ်းနီနဲ့ ဖိနပ်အသစ်နဲ့ သွားတိုက်ဆေးနဲ့ 
နှုတ်ခမ်းနီနဲ့ ဖိနပ်အသစ်နဲ့ သွားတိုက်ဆေးနဲ့ 
ထုံးသုတ်ခံရတဲ့တိုင်ကို ဘယ်သူဖြတ်သွားလဲ၊
ရေပုံးလေးနဲ့ ရေတွင်းကို ငင်ချင်နေတဲ့နေ့ က
ကိုယ့်နှင်းဆီပန်းလေးထဲ ဘယ်သူရေ၀င်ချိုးသွားလဲ။
ဓါးသွေးကျောက်တွေမှာ မိကျောင်းသွေးပါရဲ့ လား
သင်္ဘောဆေးနီနီသုတ်ထားတဲ့ လူကို လူထဲလွှတ်လိုက်
မထူးဇတ်တစ်ခုဟာသူ့ ကိုယ်သူပြန်ကြိုက်ရသလို မွှန်းတယ်။
ခြေထောက်တစ်ဖက်အပိုပေါက်လာသလို ကံကောင်းပါတယ်
လူကိုခြေနေတဲ့ ယတြာတွေတောင် ရောင်ကိုင်းနေပြီ
ကြည့်လိုက်တဲ့နေရောင်ခြည်မှာ ပရောဂနဲ့ လက်ဖက်နဲ့ 
ကြုံးဝါးသံ ဖြူဖတ်ဖြူရော်ကြီးက တစ်စုံတစ်ယောက်ကို လက်ဆေးချင်သလို
ကိုက်ခဲလာတဲ့ သင်္ကေတတွေ၊ ချွတ်ယွင်းတွဲကျနေတဲ့ အင်ဂျင်စက်သံတွေ၊
အနာတစ်လက် မွန်းကြပ်မှုတစ်တောင့်နဲ့ ဒီကော်ဖီဟာ
အဝေးကြည့်မှန်ပြောင်းနဲ့ မိမိကုတ်အကျီကို ချိန်တယ်။
မျက်လုံးတွေ ချုပ်ရိုးပြေသွားတော့ ခုတ်ရာကတစ်ခြား
အကြောင်းသိတော့ ဇစ်ပွင့်နေတဲ့ မျက်နှာကြီးနဲ့ ပြုံးတယ် ခင်ဗျားက။
နေပူထဲထွက်နေတဲ့ နေတောင် ပြန်ဝင်သွားပြီ။
စိတ်တွေဝေ လေနေတဲ့ဓာတ်ကြိုး
သူ့ မှာ သွေးဥဖြူတွေ ကုန်နေပြီ။
ညီဇံလှ
08 08 12
0930
ဆေးမမီတဲ့နေ့ က ရထားမမီတဲ့အကြောင်းကိုပြောလို့ 
ဆေးမမီတဲ့နေ့ က ရထားမမီတဲ့အကြောင်းကိုပြောလို့ 
ရေနဲ့မီး မကွဲဘူး
မြို့ လေးထဲ မြို့ စော်မနံတော့တဲ့စိတ်က
ဆယ်မိနစ်တစ်ခါ ဘီးပေါက်တယ်။
ခွာရိုက်သံနဲ့ အိမ်ရိုက်သံ မှားဝယ်ဖူးကြောင်း
အရေးပေါ်ဆေးသေတ္တာထဲ ကြွက်ထောင်ချောက်တွေပဲရှိကြောင်း
ဒီကိစ္စ ကိုယ့်သူငယ်ချင်းဝင်ကစွပ်နဲ့ ပြောမယ်။
အိပ်မက်တွေနာလာတော့ အိပ်မက်မှ မဟုတ်တော့တာ။
၁၆နာရီ ၅၉ မိနစ်ကို သေမလောက်ကြောက်တယ်
ရှင်သန်ခြင်းကို ၀တ်စုံပြည့် ပြုံးပြလိုက်တာ လေးဆယ့်ငါးဒီဂရီ
ရင်ဘတ်ထဲ ကျန်နေတဲ့ခွဲစိတ်ဓါးတွေ ချစ်လက်စတန်းလန်း
တံခါးဖွင့်သံနဲ့ တံတားကျိုးသံကို နက္ခတ်အစုံအလင်နဲ့ လူမှားတယ်။
စားပွဲအစွန်းက နာတာရှည်တွေကို ဖျော်ဖြေရေးသက်သက်ထင်လား
သော့ခတ်ထားတဲ့ ဧည့်ခန်းကို အိမ်နောက်ဖေး ပို့ လိုက်တယ်
တစ်ယောက်ယောက်က ခေါ်နေမလားဆိုတဲ့စိတ်က မီးမွှေးတော့တာပဲ။
အမြဲတမ်းတစ်နာရီလိုနေတဲ့ရောဂါနဲ့ နေတယ်။
အယူသီးမှုကိုက သစ်ပင်တွေခုတ်ပြီး ကားမှတ်တိုင်တွေစိုက်မိတာ။
ညီဇံလှ
၀၄ ၀၇ ၁၂
၁၂၅၅
သစ်ရွက်အနာ
သစ်ရွက်အနာ
ခြေဖ၀ါးတွေမရှိရင် လမ်းဟာ ဖုထစ်ထစ်ကြီး ဖြစ်နေမှာပေါ့
လက်ညှိုလေးတွေ မကွေးခင် ဘယ်သူထွက်ပြေးခဲ့လဲ
ကောင်းကင်ရော မြေကြီးပါ အခွံအလွတ်တွေဖြစ်တယ်။
ကျောက်စရစ်ခဲတွေကို ပြက္ခဒိန်တစ်ခုလို ရေတွက်လိုက်တယ်
ကိုယ့်နာမည်ကိုယ်ခေါ်တော့လဲ မင်းမှ မ၇ှိတာ။
လှေကားသုံးထစ်ဆင်းသွားတဲ့ အလွမ်းကို ပြန်ခေါ်မယ်
တောအုပ်တွေထဲ အစိမ်းရောင်တွေ ပြန်ထည့်ကြရအောင်
ဖိနပ်တွေထဲ ညနေခင်းတွေ ပြန်ထည့်ကြရအောင်
မျက်လုံးထဲ ၀င်ခဲ့တဲ့အမှိုက်တွေတောင် အပျော်လွန်ခဲ့တော့
ဒီအချိန် ဘာအသီးစားစား ဖျားတယ်။
ဘာဂါထာရွတ်ရွတ် မင်းစိတ်က မကျွတ်ဘူး
အရိုးဆက်နေတဲ့အိမ်လေးကို မဖျက်ပါနဲ့ 
ဝါသနာပါရင် အင်္ဂလိပ်အက္ခရာ စီ နဲ့ လဲ ကိုယ့်ကိုသတ်လို့ ရတယ်။
ညီဇံလှ
၀၉ ၀၈ ၁၂
၁၀၁၈
စနေနေ့ က လှီးထုတ်လိုက်တဲ့ စံပယ်တင်မှဲ့ လေး ပြန်ရှာပေး
စနေနေ့ က လှီးထုတ်လိုက်တဲ့ စံပယ်တင်မှဲ့ လေး ပြန်ရှာပေး
ရေခဲမုန့် နဲ့ Enervon C ကို ငါပိုင်တယ်
မိကျောင်းတွေကို သတ်ဖို့ ရေလိုတယ်။
ပလပ်ဖြုတ်ထားတဲ့ မီးပူလေး ခေါက်ရိုးကျိုးနေတာ ခေါင်းမော့လို့ 
ကိုယ်ခန္ဓာက လူအဖြစ်ဟာ တစ်စီးပြီးတစ်စီး ထွက်သွား။
အံဆွဲထဲက အချစ်က လက်သည်းညှပ်ရင်း ပါပါသွားတယ်
 အထင်လွဲခြင်းဟာ ဒီနေ့ ကို လွှဲလို့ 
တိတ်ဆိတ်ငြိမ်ကုပ်နေခြင်းသာ ကိုးကွယ်ရာဖြစ်လို့ 
ရှင်သန်မယ်သီချင်းနဲ့ သာ သွေးထွက်အောင်ရိုက်ပါ
သံရော ပြက္ခဒိန်ပါ နံရံထဲ ရိုက်ထည့်လိုက်
ကြည့်ရတာတင် အကျီအိတ်ကပ်ကနေ ခြေဖ၀ါးအထိ အမော
ကိုယ့်ကို လွှဆွဲနေတဲ့ ရာသီဥတုဟာ လူယဉ်ကျေးထဲကပဲ။
မေတ္တာသုတ်ကို ရွတ်တယ်
မိုးခိုမိတဲ့နေ့ မှာ မိုးမရွာဘူး။
ချစ်ခြင်းမေတ္တာနဲ့ လေယဉ်ပျံတစ်စင်းကို သားပြောမယားပြော ပြောဖို့ 
Microsoft Word မှာ နင်းမိတဲ့ ဗုံးကို ခင်ဗျားဆီယူခဲ့မယ်။
ညီဇံလှ
၂၄ ၀၇ ၁၂
၁၅၅၃
မိုးရေဆိုင်
မိုးရေဆိုင်(၁)
အရိပ်ကြီးချွတ်ချလိုက်တဲ့ ခန္ဓာကိုယ်က နေရာင်ခြည်ကို စိန်ခေါ်သလို
သုံးလေးရက် ၀တ်ပြီးသားစိတ်က (ခင်ဗျား) တစ်တောလုံး နံတယ်။
အပြင်မှာ အပြင်တွေ ရေဆာနေတာ အမွှေးနုနုတွေ ကုန်ပေါ့
ဒါကို ဖုန်ထူတဲ့ ကိုယ့်လမ်လေးလည်း ယုံတယ်။
အပေါက်ရှိလဲ ပြည့်နေတဲ့ပြတင်းပေါက်ကနေ ခံနိုင်ရည်ကို ဆာတယ်
ကျီးကန်းတွေအရောင်ကန်းရင် မနက်ခင်းရဲ့ အင်္ဂါလေး ခြောက်သွေ့ နေမှာ
နာရီရဲ့ သွေးကြောထဲကနေ ခုတ်ထစ်ပြီးသား ဘ၀တွေစုပ်ပစ်လိုက်
 လက်ဖ၀ါးပြင်က အရေးအကြောင်းတွေကုန်သွားတော့ရော ဘာအရေးလဲ။
ခြေထောက်က စကြိုက်ခံရတဲ့ မိန်းမကောင်းလို
ကျွန်တော့်ကို ခံပြင်းပါ။
နူးညံ့မှုတွေ သတ်လိုက်မှ ပုံမှန်ခြေပြန်ရတယ်
အိပ်ရေးပျက်နေတဲ့ ဖိနပ်နဲ့  ဒီညကို ကန်မယ်။
ညီဇံလှ
၂၂ ၀၇ ၁၂
၁၆၄၈
မြေနီလမ်းလေးကို ဆေးထိုးအပ်တန်းလန်းနဲ့ တွေ့ လိုက်တယ်
တစ်နေ့ က
မြေနီလမ်းလေးကို ဆေးထိုးအပ်တန်းလန်းနဲ့ တွေ့ လိုက်တယ်။
အိပ်မရဘူး
နှစ်ခါမက မိုက်ခဲ့သလို
တစ်ခါမှလည်း မလိမ်မာဘူး။
ဒရမ်မာကားတွေကြည့်တိုင်း
ခြေဖျားလက်ဖျားအေးတတ်တာက လွဲလို့ 
ရေမိုးချိုးပြီးတာတောင်
အပူချိန် ၉၉ ရှိတဲ့ကောင်ပါ။
ချောကလက်စားတိုင်း သွေးထွက်တယ်
ရယ်မောခြင်းမှာ ထုံးပေါက်တယ်
လွဲချော်မှုဟာ ခဏခဏ ဂငယ်ကွေ့ တယ်
အဆင်းပေါက်တဲ့ဘီးမှာလည်း လက်ခုပ်သံတွေနေတယ်။
တစ်ရာသီမှ မမီလိုက်ဘူး
လေရော မိုးပါ သူမ ဘက်မှာ။
မြစ်လိုဆန်တက်ပြီး
ချောင်းလိုပြန်စုန်တယ်
ကောင်းကင်အတုကြီး ဘယ်သူထားသွားလဲ။
ကျွန်တော် ဖြစ်လိုက်တိုင်း
အကြီးကြီးပဲ။
ဘယ်သူပန်နတီပေးသွားလည်း မသိဘူး
သူမ ကျွန်တော်ကို ကန်သွားတယ်
ကျွန်တော့်မှာ လေးဘက်လေးတန်တိုင်တွေ ကျွတ်လို့ ။
အိမ်ပြန်နောက်ကျခြင်းကို မချွတ်တမ်းဝတ်တယ်
တယောသံကြားရင် ခဏခဏ သွေးဆူတယ်
ပုလင်းအလွတ်တွေထဲ
ထိုးသိပ်ခဲ့တဲ့ ညတွေရှိတယ်။
အချစ်ကလည်း
ပန်းတွေအစား ဆူးတွေပန်တယ်။
ကျွန်တော်နဲ့ သူမလည်း
အဆစ်တွေ ခဏခဏ လွဲတယ်။
ညီဇံလှ
၂၁ ၀၆ ၂၀၁၂
၀၈၂၂
30 January 2012
ချမ်းမြေ့အေးအတွက် ရိုးရိုးလေး
လွတ်လပ်ရေးနေ့  အကြိုမှာ မွေးတယ်
ချစ်သူများနေ့ အကြိုမှာ သူမ နဲ့ တွေ့ တယ်
၂၀၀၈ အာဇာနည်နေ့ မှာ ရည်းစားစကား ပြောဖြစ်တယ်
မင်းလက်တစ်ကမ်းစာမှာ အဆင်ပြေနေမလား
ပူလို့  ချွတ်ပစ်မိတဲ့ ဆောင်းဝတ်စုံထဲ
ငါ ခြေပစ်လက်ပစ် ၀င်စားတော် မူနေတယ် ချမ်းမြေ့အေး
ရယ်မောခြင်းဟာ ခဏပါ
ငိုကြွေးခြင်းဟာ ခဏပါ
ငါ အိပ်မပျော်သလို လူးလှိမ့်နေမယ့်မင်း
ဟိုမှာ လေယဉ်ပျံတစ်စင်း ထွက်သွားတာ ကြာပေါ့
တို့ အချစ် လေတိုးသံ မကြားရတာ ကြာပေါ့။
ချမ်းမြေ့အေး
မင်းဟာ ငါ့ငယ်ဘ၀က ပျောက်သွားတဲ့ ဗီဒီယိုရုံ
မင်းလည်း ထမင်းအိုးမတူးဖူးသလို
ငါလည်း အသက်မအောင့်ခဲ့ဖူးဘူး။
ဒီတစ်ခါလွဲရင်
ဒီကမ္ဘာနဲ့ ကွဲမှာ၊
ကျည်တစ်တောင့်ဆိုလည်း
ငါဟာ ချောကလက် တစ်လက်ပဲ ဖြစ်မှာ။
ငါ မဖြေရဲ ခဲ့တဲ့ နောက်ဆုံးစာမေးပွဲဟာ မင်းပဲ
နေရင်းထိုင်ရင်း လက်သည်းခွံလန် တတ်တာလည်း
သူ့ အကြောင်းနဲ့ သူပဲ။
ထမင်းစားတိုင်း လွမ်းတယ်
မြင်တယ်
အသက်တွေ ကြီးလာပြီ ထင်တယ်
ရေဆာလွယ်လာတယ် မဟုတ်လား
လျှာပေါ်မှာ သာနေတဲ့ လ တွေအစား
ဒိန်ချဉ်ခွက်တွေ မှောက်ချ လိုက်ကြရအောင်။
ဒီတစ်ခါကျမယ့် နှင်းမှာ ဆန်ဆီဆား လုံလောက်ပါ့မလား
မြက်ပင်ရှည်ရှည်တွေမြင်တိုင်း
မင်းနဲ့ အတူတူ
တစ်ခါလောက်ပြန်ရှ ဖူးချင်တယ်။
ညီဇံလှ
15 oct 2011-10-11
0926 am
(၂၀၀၈ သြဂုတ်လကနေ ဒီနေ့ ၂၀၁၁ သူမ မွေးနေ့ တိုင်အောင် ကျွန်တော့်ကို
စိတ်ရှည်လက်ရှည်နဲ့ ကျားကျားလျားလျား ချစ်ခဲ့တဲ့ မချမ်းမြေ့အေး အတွက်
28 January 2012
တုန်ရင်မသွားဘူး
ဒီတစ်ခါ နှင်းကျတော့လည်း
ကျွန်တော့်မှာ ဘယ်ဟာပြိုမှာ ကြောက်နေသလို။
သွားကြားထိုးတံမှ အစ
Kat Deluna က တာ အဆုံး
ကြောက်စရာတွေ။
တစ်ယောက်တည်း လုံးလုံးဝန်းဝန်းနေတော့လည်း
ဆဲလ်တစ် တိုက်စစ်မှူးလာဆင်ရယ်
ဝံပုလွေ လာဆင်ရယ်
ကြောက်စရာတွေ။
ကြောက်စရာတွေ ကြောက်နေရတာနဲ့ တင်
ကြောက်ချိန်တောင် မရတော့။
အေးဆေးလေး နေတော့လည်း
သီချင်းဟာ ပြင်းနေသလို။
ကိုယ်နဲ့မတည့်တဲ့ အိပ်မက်တွေ မက်ထုတ်ပစ်လိုက်တယ်
ဆေးဘူးထဲ အနာတွေ ပြန်ဝင်ခိုင်းလိုက်ရမလား
မနက်ခင်းဟာ ကျွန်တော့် ခြေသန်းလေးကို တက်နင်းနေကျ သင်္ချာ။
ညီဇံလှ
၁၈ အောက် ၂၀၁၁
၀၉၄၄ အေအမ်
(ဒီနေ့  မနက်ပိုင်း အလုပ်က အပြန်နှင်းကျတယ် …ကျွန်တော်လည်း ကျတယ်)
31 March 2011
မနက်ဖြန် ဟိုင်းဝေးဟာ ပိုင်နက်ကျူးလွန်မှု
လူငယ်ဘ၀ကို အရင်းအတိုင်း ရောင်းလိုက်တာလည်း အမြတ်ပဲ
ဘာအရောင်အဆင်းမှထွက်မလာတော့တဲ့ သောကြာနေ့ အင်္ကျီဟာ
အမေ့တို့ ခေတ်က သားချော့တေးကို ငြင်းတယ်
လပြည့်လကွယ်နဲ့ မဆိုင်ဘူး
အဆင်မပြေမှုဟာ အရှည်မြန်တဲ့လက်သည်း
တိတ်ဆိတ်သက်ငြိမ်တစ်နေရာ မှာ လူအဖြစ်ကို အရခွံလဲချင်တဲ့ကဗျာ
ကမ္ဘာာကြီးဟာ ထင်ရာစိုင်းဖို့ အရွယ်ရောက်နေပြီ
အချစ်ကိုနံရိုးတစ်ချောင်းလို ဆွဲထုတ်မြေမှာ စိုက်လိုက်
ကြိုးညှိပြီးသားဂစ်တာဟာ လိပ်လိုပက်လက်လန်နေကျ သစ်ပင်။
ဇာတ်လမ်းအစ ဟဲလိုမောနင်းအပြုံးတွေ charging မပြည့်ဘုး
မျက်စိမှိတ်ပြီးချစ်လိုက်ရတာ ဟိုင်းဝေးဆန်ဆန်အရှင်
နေကောင်းပါစေကလွဲပြီး ထတောက်တာ မီးခိုးရောင်
လက်ကျန်ရှင်ကွဲတွေပေါ် လမ်းလျှောက်ရတာ နည်းနည်းတော့ ချဉ်တယ်။
မမှတ်သေးဘူး ဥတုသုံးပါးစလုံး ပျောက်သွားတာတောင်
ဒီနေ့ ပထမဆုံးချမိတာ မနက်နှစ်နာရီ ထိုးပြီဖြစ်ကြောင်းသက်ပြင်း
ဒီနှစ်ဝယ်လိုအားအကောင်းဆုံးက ကျွန်တော်တို့ မျက်ရည်
သီချင်းဟာ ကောင်းကင်ဘုံမှာ သေပြီးရင်းသေနေတဲ့ ပန်းချီကားပဲ။
ယတြာ။ ။ လူဦးနှောက်ဝါစိမ်းနီတွေနဲ့  ကမ္ဘာကြီးကို သံချောင်းခေါက်ပါ။
ညီဇံလှ
(28 MAR 2011)
1155 am
13 December 2010
စိတ်မလို လက်မရ တစ်နေ့ 
ဘယ်နေရာမှာ ဘယ်အရာက အသေချာဆုံးလဲ
ကံတရား မင်းတိုင်ပင် နည်းနည်းနှေးနေတယ်
ဆရာစိမ်းခက်စိုးရဲ့ လတ်တလော ပြင်နေတဲ့ ဘားလမ်းလို
နွေရာသီ နဖူးလေးမလိုဘူး
ဒီနေရာမှာ
ပပ၀တီမရှိလည်း
ကုသမင်းတော့လိုအပ်မယ်
ချစ်လှစွာသော ဆန်ကုန်ရေရှား သူငယ်ချင်း
မင်း ကမ္ဘာဘယ်နှစ်ပတ် တိုင်ခဲ့ပြီလဲ
ငါ့အင်္ကျီ မင်းနဲ့ မတော်သလို
မင်း ဘောင်းဘီ ငါစွပ်ချင်မှစွပ်မယ်/အားနာလို့ ဝတ်မယ်/အလကားရလို့  ယူမယ်
ဟေး သနပ်ရေ
ဆားလေးတယ် ကွယ်။
ခပ်ညံ့ညံ့တွေထဲက ငါလည်းမဟုတ်ပဲ
ဆိုက်ကားနင်းတတ်တယ်
ကြက်သွန်ဖြူကြိုက်တယ်
လူကြီးလူကောင်းဆန်ဆန်ဆဲ တတ်တယ်
အိနြေ္ဒရရ တုံးတတ်တယ်
ခွင့်လွတ်ပါ လုံးကြီးပေါက်လှလေးရေ
နင်ဥတဲ့ မျောက်ဥကို
ငါလေ တကယ်မတူးတတ်ဘူး။
တွေးကြည့် ရယ်စရာကြီးပါ
မတွေးလည်း ပြုံးလို့ ရတယ်
မပြုံးပဲနဲ့ ရယ်
ရယ်ပြီးမှ မတွေးနဲ့ 
တကယ်
မြန်မာ ဗီယက်နမ်ကို ၁-၇ နဲ့ ရှုံးတယ်။
လောလောဆယ်
မိုးပျံဘူဖေါင်းပေါက်တယ်
(အသစ်ထုတ် ထပ်မှုတ်မယ်)
ပြီးတော့
ခင်ဗျားကောင်မလေး စိတ်ကောက်တယ်
ငါ့စိတ်က
လွယ်မယောင်နဲ့ မခက်ဘူး
တစ်နှစ်တစ်ခါ ပိတောက်မပွင့်ဘူး
ထီနဲ့ လက်ခလယ်ကလွဲပြီး
ဘယ်သူ့ ကိုမှ မထိုးဘူးဖူး။
(မနက်ခြောက်နာရီမှ ညနေခြောက်နာရီ အထိသာ)
တိတ်
မှန်မှန်ရှူ
ရှေ့ /နောက်ကြည့် မှန်ကြည့်
ဒီ အို ဂျီ…ဒိုဂျီ
သေရင်မြေကြီး ရှင်ရင်မြေပဲ
အချိန်တန်တော့ ရောင်းစားခံရမှာပဲ
အားနာရုံသက်သက်ကျွန်ဖြစ်လာကြတာလား
မျက်မှန်စိမ်းကြီးနဲ့ နှစ်ထောင့်တစ်ဆယ်
ဟေး
ဟေး
“ဓာတ်တိုင်”
နင်မူးလာတိုင်း ငါ့ကိုလာတိုက်နဲ့ ။
အခြေအနေက ဒီလိုပဲ
လက်ထဲက အလိပ်ဖြေကြည့်တော့လည်း ဗလာပဲ
ခါတိုင်းလို
ငါလည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ခဲ့တာပဲ။ ။
ညီဇံလှ
09 December 2010
ကမောက်ကမ ကတောက်ကစမှ ဤသို့ 
ဆန်ကွဲနဲ့ ဆန်
တူတူပဲ ရွေးလိုက်မိတယ်
ကွင်းကျဉ်းနေတဲ့ပုဆိုးမှာ
ခါတိုင်းလို
ကျွန်တော်နဲ့ ခင်ဗျားခဏခဏကျွတ်ကျနေမှာပဲ။
“ဒကာတော်…လူပေါင်းများစွာသတ်ခဲ့စဉ်က
ကိုယ်တိုင်စိတ်ပါပါရဲ့ လား”
“မပါပါဘုရား…တာဝန်အရသာ ဖြစ်ကြောင်းပါ”
“သူတစ်စေခိုင်း၍ပြုလုပ်ရသည်။ဒကာတော်ထံ အပြစ်ရှိနိုင်၏လော”
“ရှိမည်မထင်ပါ ဘုရား…”
(ရှင်သာရိပုတ္တရာ နှင့်တမ္ဗဒါဋ္ဌိကစောရဃာဗာက ၀တ္ထုမှကောက်နှုတ်ချက်)
အရပ်ရှစ်မျက်နှာဟာ ဖုန်းနံပါတ်အမှားကြီးနဲ့ 
ကောင်မလေး မင်း ကွန်နက်ရှင်ကျနေပြီလား
သတ်ပုံကြီးငယ်မဖြစ်ခင်
စကားတွေထန်လာတာလည်း
တစ်မျိုးကောင်းပါတယ်။
လွယ်လွယ်လေးပါခွေးမလေး
ရှင်လျက်နဲ့  ငိုတယ်
ဇွတ်ကွယ်။
ဒါ ငါ့ကွင်း
ငါစိတ်ကြိုက်သွင်းမယ်
ဒီကွင်းမှာ ဒိုင်မရှိဘူး
အရေးအကြောင်းဆို
သိကြားမင်းဟာ ကျောက်ဖျာပဲ တင်းတတ်တယ်။
သို့ 
အားအားယားယားကင်းမဲ့ဇုံရေ
ငှက်မွှေးလောက်မဟုတ်တောင်
ကျွန်တော့်ကိုပေါ့ပါးခွင့်ပေးပါ။ ။
ညီဇံလှ
06 December 2010
ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့
မိုး ဆိုပြီး
မ မိုးပဲထားလို့ လည်း ရတယ်
ဝတ္ထုရဲ့ အစ ဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့။
ခင်ဗျားရဲ့ အစမှာ
တိုက်ပုံဖြစ်ဖြစ် နက်(က)တိုင်ဖြစ်ဖြစ်ပေါ့။
ကန်ရေပြင်ကိုကြည့်မယ်
ငှက်လို နားချင်နားမယ်။
ဓာတ်ကြိုးလိုတွေ့ တဲ့သူ ရင်လိုက်ခုန်ချင်ခုန်မယ်
ကံဆိုးရင် အိမ်သာကျင်းလဲ တူးရမယ်။
ခင်ဗျားဟာ ၀တ္ထရဲ့ အစဖြစ်တယ်ဆိုပါတော့
ည ဘက် ကေတီဗီ သွားမလား
မာဆတ် သွားမလား
တိမ်တစ်ဆုပ်လောက်လက်မှာထည့်
ခင်ဗျားကိုယ်တိုင် ကဗျာဆရာလုပ်မလား။
ဝတ္ထုဟာ ခင်ဗျားရဲ့ အစ ဖြစ်တယ်ဆိုပါတော့
ဆင်းရဲသားလည်း ခင်ဗျားပဲ ပျော်တယ်
ထီပေါက်လည်း ခင်ဗျားသွားထုတ်မှာပဲ။
ခင်ဗျားရဲ့ အစဟာဝတ္ထုဖြစ်တယ်ဆိုပါတော့
ကွမ်းယာရမယ်
ဆေးလိပ်ရမယ်။
လိုအပ်သလို
ကမ္ဘာကြီးကို ပြားလိုက်လို့ ရမယ်။
အစဟာခင်ဗျားရဲ့ ဝတ္ထုဖြစ်တယ်ဆိုပါတော့
ကိုယ့်ကိုယိကို ပြန်ပြီး ဖတ်ချင်မှ ဖတ်မိမယ်
နွေရာသီဆိုလည်း
ခင်ဗျားချမ်းနေမှာပဲ။
ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့
ခင်ဗျားကိုယ်တိုင်ဝတ္ထုဖြစ်သွားတဲ့အခါ
ကြိုက်သလိုငိုချင်းလည်း ချနိုင်ပါတယ်
' ဘာလင်က ဒါလင်ရေ'
ခုတော့
ကွဲပြီ ။ ။ ။ ။
ညီဇံလှ
29 November 2010
မနက်မိုးသောက်ရင်လေ ငါ မင်းကို
ထူထူခြားခြားကွန်ပြူတာကို မျက်နှာပြပြီး log in ၀င်
ဆန်ရေ
ထူးထူးခြားခြားအပင်များနဲ့ ဆိုဂိုထရာ ကျွန်း
Www.facebook.com/username မှာမိမိလိုချင်တဲ့ နာမည်ပေးမယ်
လုပ်ဇာတ်တွေကြား အကျွမ်းမ၀င်တဲ့ အရာ
ရွာရင်ရွာ၊၊ပြားချင်ပြား၊မခြားလျှင်တော်တယ်
မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ခဲ့ပါ
ဝေလည်းမွှေး၊ကြွေလည်းမွှေး
(Next အပြင်ဘက်လို့  ခန)
ဤနေရာတွင် ခွေးများသာသေးပေါက်ရန်
ပုံ
ခွေးဥက္ကဌ
ညတိုင်းသောက်တယ်
သောက်တိုင်းမပိုဘူး
သောက်ပိုတွေ သိပ်လုပ်တာပဲ
သိပ်ပြီး သောက်စပ်မြင်ကပ်တာပဲ
(Previous အထဲသို့ ခန)
ညီမငယ်များသိထားဖို့ လောကမှာ ဥပုဒ်စောင့်သော ယောက်ျားမရှိ
ဒေါင်းဖြူမြင်ရင် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ့ ရမယ်
အနမ်းသင်္ကေတလေးတွေမော်ကွန်းထိုးဖို့ 
ခွက်ကပ်စား
Gmail အဟတ်ခံစားရသူများအတွက် ၀မ်းသာစရာ သတင်း
တေးရေး တေးဆို ယဉ်မောင်း စက်ပြင်
တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့ 
ရခိုင်မှ လေဘေးသင့်သားခြင်းများအတွက် ညီညွတ်စွာပူးပေါင်းပါဝင်ပေးရန်
အိပ်ရာထဲကနေ ပြတိုက်ကိုလေ့လာမယ်
လူပျိုကြီးများအတွက် စိတ်ဝင်စားဖွယ်
ကွန်ပြူတာ ပိတ်ထားလိုက်သည်
နားခိုရာ….ရှင်သန်ရာ…..ဆောက်တည်ရာ
ဝါ့ကာ ၀ါ့ကာ အေးအေ
မြန်မာ (Rap) အစ ၀ ထ က လ သ (မောင်ချောနွယ်)
ဂလိုပဲ
မဆူပဲထားတော့ ရေကျက်အေးပေါ့။
(Next အပြင်ဘက်သို့ ခန)
တောက်
ဒီရာသီဥတုနဲ့ တော့ “ ထီး “ပဲ ….
မနေနိုင်လို့ ရေးတဲ့ကဗျာမို့ မနေနိုင်ဘူး
သွေးဆူလွယ်တဲ့အလှတရားတွေ
မီးဖိုအောက်က ဂက်စ်အိုးလို ရင်ခုန်လိုက်တယ်
ကျေးဇူးပြု၍
စိတ်လှုပ်ရှားအောင် မလုပ်ကြပါနှင့်
ကျွန်တော့် ညီလေး နိုး,နိုးနေသည်
ငိုပြီးမှ အိပ်တတ်သည်။
ညီဇံလှ
25 November 2010
မဝေးတဲ့စံပယ်
(လွန်လေပြီးသောကဗျာလေးကို ပြန်တင်လိုက်တယ်)
လှေနံထစ်သွားတဲ့ ဓါးမလိုဘူး
သေချာတဲ့ရေဒါနဲ့ 
ဖွတ်မရလို့ ဆုံးသွားတဲ့ ဓါးမ တစ်ချောင်းလောက်
ပြန်အသက်သွင်းမယ်
သူငယ်ချင်း
ရိုးရိုးလေးပါပဲ
ရိုးရိုးလေးတွေးနေလို့ ရိုးရိုးလေးထိုင်နေကြတာ
ရိုးရိုးလေးထိုင်နေလို့  ရိုးရိုးလေးအနင်းခံနေရတာ
တကယ်ကို ရိုးလွန်းမက ရိုး။
ဘောလုံးကွင်းလည်း
ရောက်ခဲ့ဖူးတာပဲ။
ဘေးမပြောရဆိုတဲ့ ကျားဝိုင်းလေးက
ကျဉ်းကျဉ်းလေးပါ သူငယ်ချင်း။
ဒီမိုကရေစီ လမ်းရှာခေတ်ကြီးထဲမှာ
ဒီ မိုကရေစီဆိုပြီး
မို ရိုက်ပုံသွင်းပြောမိတာလေးနဲ့ 
က နေ့ ခတ်
ရေ တိမ်နစ်ခဲ့တဲ့ ဘ၀တွေ
စီ ကနဲ နေအောင်ရိုက်နှက်မှုတွေ
များပေါ့သူငယ်ချင်း
သူငယ်ချင်း
အသံတိတ်ငိုနည်းမှာ
ပန်းသစ်လေးတွေ ဂုဏ်ထူးမထွက်ဖို့ 
ဥယျာဉ်မှူးတစ်ယောက်ဖျားနာတိုင်း
ငါတို့ တွေ ၀ိုင်းဝန်းပေါင်းသင်ဖို့ ။
တကယ်တော့ အဝေးကြီးသွားကောက်စရာမလိုပါဘူး
စိတ်ကူးပေါ်လက်တင်ရင် စံပယ်ပန်းဖြစ်တယ်။
ညီဇံလှ
(4 Jan 2005)
24 November 2010
ကောင်းရာမွန်ရာသို့ ကဗျာ
ဒါ သက်သက်မတရားတာ
တိုးတိုးပြောပါဆိုနေမှ လမ်းဘေးဈေးရောင်းနေတာမဟုတ်ဘူး
သက်သက်မတရားတာ
ပြောပြန်ပြီ ဟော ကြည့် ကဲ ဈေးမရောင်းရတော့ဘူး
ငါ့နေရာမှာ ငါထိုင်နေတာ
မင်းထိုင်ရင်လည်း ငါဖယ်ပေးမှာ
နင် ဟောင်ရင် ငါပြန်ကိုက်မှာပဲ
သို့  လက်တစ်ခုပ်စာလေးရေ…
ခြေထောက်နှစ်ချောင်း လှုပ်လိုက်ရတာ
ပေါင်ကြောတွေတင်းလိုက်ရတာ
အစာ တစ်လုတ်အတွက်
ငုတ်တုတ်လေးစောင့်လိုက်ရတာ။
အသက်တွေကြီးလာတာနဲ့ အမျှ
ကဗျာပါးနည်းနည်း ၀တတ်လာတာနဲ့ အမျှ
လူဟောင်းမှ လူပျက်ဖြစ်လာတာနဲ့ အမျှ
ကျွန်တော်ညီဇံလှအား လည်ကောင်း
ကိုကြီး ကျော်ညိုသွေးအပါအ၀င် အပါင်းအသင်းများကို လည်းကောင်း
အမျှ…အမျှ…အမျှ…..
သို့  ရေတစ်ပွက်စာလေးရေ
အိပ်မက်တွေတစ်ပြွတ်ပြွတ်မွေးမယ့်အချိန်ကျရင်
ငါ့ဆီ ဖုန်းဆက်လိုက်ပါ။
ညီဇံလှ
23 November 2010
ဒီနေ့  ရယ်ရတာ အထိုင်မကျဘူး
ဒီအရွယ်ရောက်မှတော့ လွယ်လွယ်ကူကူလေးအမြီးပေါက်ခဲ့ပါတယ်
စဉ်းစားခန်းကျယ်ကျယ်ကြီးကြီးတွေ မ၀င်ပါနဲ့ 
ငိုရတာအသက်၇ှူကြပ်တယ်။
ဟေ့ လက်မြှောက်လိုက်၊
မဟုတ်ဘူး
လက်ရောခြေထောက်ရော မြှောက်ခိုင်းတာ ပိုသေချာမယ်
သရက်သီးအသေတွေ၊ရာသီဥတု အသေတွေ၊
မျှော်လင့်ချက်အသေတွေ၊သက်ပြင်းအသေတွေ
ကဗျာဆရာ စိမ်းခက်စိုး အဆို
“ခေတ်ပျက်ကြီးထဲမှာ အသေတွေမွေးလာခဲ့တာ”
နိစ္စဓူဝ နေ့ တဒူဝ နေတိုင်း နေ့ စဉ်
နံစော်နေသော ချစ်သော ရေဒီယို
လတ်တလော သတင်းအရ
ကဗျာဆရာ ဆူးခက်မင်းရဲ့ မေလက သစ်ရွက်များ
နိုဝင်ဘာအထိ ခုန်ကျော်လာ၊
ကျွှန်တော်နားလည်သော ရှော့ပင်းဆိုတာ လျှောက်ကြည့်ခြင်း
ဥပဒေထက်မှာ ဘယ်သူတွေဆေးလိပ်ခိုးသောက်နေကြလဲ
"အား"................ဆိုတာ တစ်ခါတည်းအော်ရင် ပိုကျယ်တယ်။ ပိုအားပါတယ်။
ပြီးတော့
ဖြစ်ခဲ့တာတွေ နည်းနည်းပဲယူ ချန်မထားနဲ့  အကုန်စားလိုက်
ပြီးတော့ ပြီးတော့ပဲ မပြီးနိုင်သေးမျှ။
ပြီးတော့
အမာရွတ်တွေပျောက်သွားတာ လူမဟုတ်ဘူး။
ပြီးတော့
ဝါသနာပါရင်
လက်ေ၇းလက်သား မကောင်းလည်း စိတ်ရှည်လက်ရှည် ငိုလို့ ရတယ်။
ညီဇံလှ
22 November 2010
ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ
ငါမအိုသေးဘူး၊အိုးမသေ သေဘူး။
ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်
လူပျိုဖြစ်လာပြီ
စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး
အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်
ဒီကားနစ်ကားစဉ်းစားထားတယ်။ု
စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။
ငါးဖယ်ကို သုံးထပ်က
မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်
လှေခါးနားက ဝယ်တယ်။
လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်
ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ
ကိုယ့်ခြေရာနဲ့ ကိုယ်
revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်
Subliminal Message ကို သုံးပြီး ပြောတာ များတယ်
ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး
ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်
နိဒါန်းဆိုရင် အစ
နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ
ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ
(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)
တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။
ညီဇံလှ
20 November 2010
ကျွန်တော် စောင်ပါးပါး ခြုံထားတယ်
တစ်ဖြည်းဖြည်းနဲ့ 
တစ်လေးလေးနဲ့ 
တစ်ကန်ကန်နဲ့ 
တောအုပ်တွေက အဝေးကြည့်မှန်ပြောင်းနဲ့ 
(ထူးဆန်းသည်မှာ အနီးသို့ လည်း ကြည့်၍ရသည်)
ငေးမော။
လူနဲ့ ဆင်သောသတ္တ၀ါများကို၊
ဆင်နဲ့ ဆင်သော လူများကို၊
ငေးရင်းမော…တွေးရင်းတော
(ကာရန်သုံးထားသဖြင့် မော်မဒန် ဟု ပြောလည်း ရသည်)
ဆာတယ်
ဗိုက်ဆာလို့ ရေးတဲ့ ကဗျာမို့  ပိုဆာတယ်
ခေတ်တစ်ခေတ်(သို့ မဟုတ်)
တစ်နေရာရာကို ဆာတယ်။ဆာတယ်။
ပြာလောင်တယ်။
ကြားနေရတယ် ခေါ်သံတွေ၊ငိုသံတွေ၊
ပြက္ခတိန်စာရွက်လှန်သံ၊ လှံသံ၊
ကြိုသူမဲ့ ၊ လက်မှတ်မဲ့၊ လက်မဲ့။
အစိမ်းရောင် တိမ်တိုက်များ
ဘုန်းကြီးကျောင်း အမိုးထက်မှာ တစ်ဂွပ်ဂွပ်မြည်သံ
မြည်သံဟာ တစ်ဂွပ်ဂွပ်နဲ့ ဆိုပဲ
ငါတို့ အားလုံး ဇက်ကြောတွေလေးလံ
မျက်ခွံတွေလေးလံ
သမိုင်းတွေလေးလံ
တကယ်ကိုလေးလံ အောက်ထစ်အကုန် လေးလံ
ဦးခေါင်းထက်က အစိမ်းရောင်တိမ်တိုက်များ။
လမ်းလျှောက်ရင်း လမ်းတွေပါးလာတယ်။
ဖိနပ်တွေပါးလာတယ်
စကပ်တွေပါးလာမယ်
လူတွေပါးလာမယ.်
(ငွေတွေထူလာမယ်)
နာရီနဲ့ ထိတိုင်း အတိတ်ဖြစ်ရင်
အတိတ်နဲ့ ထိသမျှ နာရီမဖြစ်ရင်
ငါတို့ ဟာ တစ်ခုခု ကျန်ခဲ့သလို၊
ငါတို့ ရှေ့ မှာ ခြေသံတစ်သံ ရှိသလို
ခွေးရူးလိုက်သလို..ငှက်ဖျားမိသလို
သလို…သလို..သလို…သလို
လိုသမျှမရသလို
ပွဲခင်းထဲ အမေ ပျောက်သလို၊
သားရယ်..ငါတကယ် မသိတာပါ…
ဘာတဲ့..ရပ်ကွက်ပျက်မတတ် အလွမ်းတဲ့
ဆောင်းလည်းမချမ်းဘူး မချမ်းလည်း ဆောင်းပဲ
အိမ် ပြန်ရောက်လာတော့လည်း ခေါင်မိုးက ပေါက်နေဆဲ..။
ညီဇံလှ