28 January 2012

တုန်ရင်မသွားဘူး

ဒီတစ်ခါ နှင်းကျတော့လည်း

ကျွန်တော့်မှာ ဘယ်ဟာပြိုမှာ ကြောက်နေသလို။



သွားကြားထိုးတံမှ အစ

Kat Deluna က တာ အဆုံး

ကြောက်စရာတွေ။

တစ်ယောက်တည်း လုံးလုံးဝန်းဝန်းနေတော့လည်း

ဆဲလ်တစ် တိုက်စစ်မှူးလာဆင်ရယ်

ဝံပုလွေ လာဆင်ရယ်

ကြောက်စရာတွေ။



ကြောက်စရာတွေ ကြောက်နေရတာနဲ့ တင်

ကြောက်ချိန်တောင် မရတော့။



အေးဆေးလေး နေတော့လည်း

သီချင်းဟာ ပြင်းနေသလို။





ကိုယ်နဲ့မတည့်တဲ့ အိပ်မက်တွေ မက်ထုတ်ပစ်လိုက်တယ်

ဆေးဘူးထဲ အနာတွေ ပြန်ဝင်ခိုင်းလိုက်ရမလား

မနက်ခင်းဟာ ကျွန်တော့် ခြေသန်းလေးကို တက်နင်းနေကျ သင်္ချာ။



ညီဇံလှ

၁၈ အောက် ၂၀၁၁

၀၉၄၄ အေအမ်

(ဒီနေ့  မနက်ပိုင်း အလုပ်က အပြန်နှင်းကျတယ် …ကျွန်တော်လည်း ကျတယ်)

3 comments:

Cameron said...

အဓိပ္ပါယ်ကို သေချာနားမလည်ပေမယ့် ကိုယ့်ခံစားမှုကို အဲလိုလဲ ကဗျာနဲ့ပေါက်ကွဲခွင့်ရတာ နည်းတဲ့ပါရမီရှိသူမဟုတ်ဘူးဆိုတာသိလိုက်ရတယ်..။

Sofar Away Fromu said...

ကြောက်စရာတွေ ကြောက်နေရတာနဲ့ တင်
ကြောက်ချိန်တောင် မရတော့။
အားပေးပါတယ်....။

Anonymous said...

ဘလော့တခုထဲကနေ ညီဇံလှဆိုတဲ့နာမည်ကိုတွေ့လို့ ကြားဖူးတယ်ထင်လို့ ၀င်အားပေးသွားပါတယ်..ကိုစည်သူထင်ပါ့....ချမ်းမြေ့အေးဆိုတဲ့နာမည်ပါမှတော့ ကိုစည်သူပဲ ဖြစ်လိမ့်မှာပါ..ဟုတ်တယ်ဟုတ်?