17 September 2010

အချစ်


(၂၀၀၀)၀န်းကျင်လောက်က ရယ်စရာ မဂ္ဂဇင်းမှာ ကျွန်တော့်ကဗျာနဲ့ ဘေးချင်းယှဉ်ပါခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ကျွန်တော်ကဗျာကို ကျွန်တော်ကိုယ်တိုင်မေ့သွားပေမယ့် အဲဒီကဗျာလေးကို ကျွန်တော်မှတ်မိနေဆဲပါ)


စားသုံးခဲ့ဖူးတာ
တစ်ခါသာသာပဲ၊
အရိုးနင်ဝေဒနာကို
တစ်သက်စာလုံးခြစ်ထုတ်လိုက်ရတာ
တန်ဆာပလာတွေစုံလို့ ...။

စိုင်းစိုင်း(ရှမ်း)

08 September 2010

အချစ်မှာ တယ်လီဖုန်းဟာ အသံလှိုင်းမဲ့


ခလုတ်နှိပ်မရရုံနဲ့ တော့
ကက်ဆက်ကို အပြစ်တင်မနေနဲ့ တော့
ချစ်ဦးသူတို့ မနက်ခင်းဟာ
ပေါင်မုန့်  ထောပတ်နဲ့ လုံလောက်ရဲ့ လား….။


အချစ်မှာ
မုန်တိုင်းမရှိတဲ့ပင်လယ်ကို
ကန္တာရလို့ ခေါ်ချင်ခေါ်မယ်။

အချစ်မှာ
ချစ်နေသူအချင်းချင်း နေ၀င်သွား၊
တစ်ယောက်ကိုတစ်ယောက် ပြန်တူးဖော၊်
ဘယ်သူမှ ရှာမတွေ့ တဲ့ မြို့ ဟာ
ချစ်သူတို့ အတွက် ပါရီပဲ။

အမှန်တရားဟာ ရက်ချိန်းမမှန်တဲ့နောက်
ကျွန်တော်တို့ ဆိုနေတဲ့အလီ လည်း
အမြဲတမ်းအမှားပဲ။
တစ်ခါတစ်လေ ရမိတဲ့နောင်တကလည်း
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို
အရသာရှိနေပြန်တယ်။


တော်ပြီကွယ်..
ခေတ်တန်ဆာပလာနဲ့ 
လိင်မှုတိုးတက်ရေးစာမျက်နှာသစ်မှာ
ငါဟာ
နင်မသိအောင်တူးခါးမိတဲ့ အမဲရိုးတစ်တုံးပါ။


ငါဟာ ပြန်သွားရမလား
အခါခါ ရပ်တည်ရမလား
အခြေအနေဟာ
ပိုင်ရှင်မဲ့ မှတ်ပုံတင်တစ်ခုလား
ဒီဘ၀မှာလည်း ငါပဲလား။


ကိုယ့်ဗီဇာနဲ့ ကိုယ်ရောက်လာပြီးမှတော့
ပူတယ်အေးတယ်မပြောနဲ့ ၊
ကိုယ့်ကော်ဖီကိုယ် ဖျော်သောက်နေရုံပေါ့။


ကမ္ဘာကြီး ရွာကြီးဖြစ်ပြီလား
ကျွန်တော်တို့ အချစ်မှာလည်း
ထန်းရည်ဆိုင်အပြည့်ပဲ…..။
ကျွန်တော် ငိုရမလား…
လမ်းဘေးက မြက်တွေ ပြေးရှင်းလိုက်ရမလား။

ရထားဟာ
အချိန်မတိုင်ခင် ထွက်ချင်ထွက်မယ်၊
ငါ့ရင်ဘတ်ထဲ မှေးနေတဲ့ကောင်မလေးမျက်နှာလောက်
ဘယ်နိုင်ငံမှ မလိုချင်တော့ဘူးကွယ်.။

ညီဇံလှ

12 May 2010

တစ်ယောက်တည်းလင်းနေတဲ့  ည

တက်မရှိလို့  အချစ်နဲ့ လှော်နေတဲ့ လှေငယ်လေ
ဘယ်နတ်သမီးနဲ့ မှ ညစာမစားဖူးပါဘူးကွာ
ဟိုအရင်လေကြီးမိုးကြီး ၀ုန်းဒိုင်းမှာတောင်
သံကြိုးစာလေး သတ်ပုံမှား မိတဲ့ကောင်ပါ…။

ကောင်မလေးရယ်…
ကျေးဇူးပြုပြီး
ငါ့ကို ချယ်လ်ဆီးကြည့် မကြည့်ပါနဲ့ ..။

သူမ စိတ်ဆိုးတိုင်း
ကမ်းခြေမှာ ညို့ နေတဲ့ မိုးတိမ်
ကျွန်တော့်ရှေ့ မှာနှင်းဆီအသေတွေ အတုန်းအရုံး
နောက်ဆုံး
ခံတပ်တစ်ခုလုံး ဆုတ်ပေးလိုက်ရတဲ့  အထိ။

ညီဇံလှ

03 May 2010

ခရမ်းရောင်တွေခြုံထားတဲ့နေ့ က သူမနဲ့ ကျွန်တော်

ထိုနေ့ က အိပ်မက်တစ်ခုမက် ဖြစ်ခဲ့သည်။အိပ်မက်ထဲတွင် အိုမာခေရမ် နှင့် ရှယ်လီတို့ နှစ်ယောက် ကျွန်တော့်ဆီ အလည်လာကြသည်။အိုမာခေရမ်က အရက်ခိုးတွေဝေသီနေသောအကြည့်ဖြင်
့ ကျွန်တော့် ကြည့်ပြီး၊
"ဒုက္ခနဲ့ တစ်ခါကြုံတိုင်း ချစ်သူလက်ကို တစ်ခါကိုင်ခွင့်ရတာ ၊ မြင့်မြတ်တဲ့သစ္စာတရားက သီးလာတဲ့အသီးအပွင့် လေးတစ်ခုပဲလေ"
ပြီးတော့ သူက ကျွန်တော့်လက်နှစ်ဖက်ကို ကြည့်သည်။ကျွန်တော်လည်း ယောင်ယမ်းပြီးကိုယ့်လက်နှစ်ဖက်
ကို ငုံ့ ကြည့်လိုက်ရာ၊ကျွန်တော့်တွင် လက်နှစ်ဖက်လုံးမရှိတော့။ချွေးများက ကျွန်တော့်မျက်နှာပြင်တွင် အလုအယက်နေရာယူနေလေပြီ။ကျွန်တော့်... အထိတ်တလန့်အော်ဟစ်လိုက်သော်လည်းဘာသံမှထွက်မလာ။ရှယ်လီက ရေစိုနေသော အ၀တ်အစားများဖြင့် ကျွန်တော့်ကိုဂရုဏာအကြည့်ဖြင့်ကြည့်ပြီး
"ကိုယ့်ကိုယ်ကို မညာတာ ကိုယ့်အတွက်အသက်ရှုလမ်းကြောင်း ရိုးရိုးလေးပါကွာ၊ငါကတော့ ငါ့သစ္စာတရားနဲ့ ငါ ပင်လယ်ပြင်ကိုပဲစောင့်ကြည့်နေရဦးမှာ"
စင်စစ် ကျွန်တော်သည် ကိုယ်ကိုယ်ကို ညာခဲ့သူတစ်ယောက်ဖြစ်သည်။ကမ္ဘာဦးစကားသည် လည်ချောင်းဝတွင် စောင့်ကြိုလျှက်ရှိနေလေပြီ။
ကျွန်တော့်နိုင်ငံတော်မှာ ဥယျာဉ်တစ်ခုရှိခဲ့ရင်လည်း ထိုဥယျာဉ်နံရံတစ်လျှောက် ချိတ်ဆွဲမယ့် ပထမဆုံးပန်းချီကားမှာ ကျွန်တော်တွင်ရှိသော သူမ၏တစ်ခုတည်းသော ရုပ်ပုံသာဖြစ်ပေမည်။
ဒါ..
ကျွန်တော့်ကို ကြိမ်ဖန်များစွာ ရိုက်ခတ်နေသော လှိုင်းဖြစ်သည်။နှလုံးသားဒဏ်ရာ အကင်းမသေသေးသော သူတစ်ယောက်ကိုချစ်ရေး ဆိုသင့်ပါသလား။ကျွန်တော့်ရဲ့ လူသားဆန်သောမေးခွန်းပဲလား၊အချစ်၏တုန်ခါမှုများကြားက လွတ်ရာလွတ်ကြောင်း ဆင်ခြေတစ်ခုလား မသိပါ။ကိုယ်တိုင်လည်း အခုထိ မရင့်ကျက်နိုင်သေးပါ။အချစ်သည် မမြင်ရသောရှုထောင့်မှနေပြီး ကျွန်တော့်ကို ချောင်းမြောင်းပစ်ခတ်နေဟန်ရှိ၏။
မကာရရာသီဖွားတစ်ယောက်ပါသူမ,ရယ်လို့  အကြိမ်တစ်ရာမကဆိုညည်းဖူးပါသည်။ဒါ သူမ,လုံးဝမကြားနိုင်သည့်ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်မျှသာ။ကံကြမ္မာသည် အလွန်တော်သော မုဆိုးတစ်ဦးဖြစ်ကြောင်း သာဓကနှင့်တစ်ကွ သူမကိုရှင်းပြချင်ပါသေးသည်။ကျွန်တော်သည် အချစ်ကို မီးလောင်ရာ လေမပင့်ချင်သူသာဖြစ်သည်။ထို့ ပြင်
လောကကိုအရွဲ့ တိုက်တတ်သော ဘာသာရပ်တွင် ကျွန်တော်သည် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။ကျွန်တော့်သီချင်းသံများသည် လက်ခုပ်သံများဆိတ်သုဉ်းနေပေလိမ့်မည်။ကမ္ဘာပေါ်တွင် ကျွန်တော်အဆိုချင်ဆုံးသီချင်းမှာ သူမအတွက် သစ္စာရားပင်။ထို့ အတွက် သူမထံမှ ရင်ခုန်သံနှင့်ညီမျှသော ဂစ်တာတစ်လုံးသည် ကြိုးပြတ်ရန် အဆင်သင့်ရှိနေချေလိမ့်မည်။
သူမ,က ဥမ္မာဒ္တီမဟုတ်သလို ကျွန်တော်လည်း သီဝိမင်း မဟုတ်ခဲ့ပါ။ငြိမ့်ငြိမ့်လေးစီးဆင်းမှုကိုသာ ကျွန်တော် ခံစားသည်။တစ်စိမ့်စိမ့်စီးဝင်စေမည်။ပြင်ပမှ သက်ရောက်မှုများ ဘာမှမလိုအပ်ပါ။အိပ်မက်ဆန်သောလက်တွေ့ ကို ကျွန်တော်ကြည်နူးသည်။ဆန်ရဲသော သတ္တိလည်းရှိ၏။သို့ သော် အားအင်တို့ သည် တစ်ခါတစ်ရံ အင်အားတော့မဖြစ်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော် ဘ၀သည် ဘ,တစ်လုံးနှင့်ဝ,တစ်လုံး ပေါင်းစပ်ရန်မလွယ်ကူသောကြောင့်ပင်။ကျွန်တော်သည် မုသားမပါသော စကားတို့ ဖြင့် အသက်ရှုရန် ကြိုးပမ်းနေသူသာ၊သူမ,ထံမှ ချောကလက်ရောင် လှောင်ရယ်သံများ လက်ခံရရှိပြီးလည်းဖြစ်သည်။သိပ်တော့ မဆန်းလှပါ။သူမ,က ကျွန်တော့်ကို သူမထက် အသက်အနည်းငယ်သာကြီးသော ကလေးတစ်ယောက်လို သဘောထားနေဟန်ရှိနေသည်။
သူမထံမှ ကျွန်တော်မျှော်လင့်ပြီးသော၊ကျွန်တော်ကိုသွေးပျက်စေသော စကားတစ်ခွန်း(သို့ မဟုတ်)
ကျွန်တော့်ရင်ခွင်ကို ဖြတ်နင်းသွားမည့်ရယ်သံတစ်ချို့ ရောက်လာမည်မှန်း ကြေကွဲစွာကြိုသိနေ၏။ထိုခရမ်းရောင်တံခါးဝမှဝင်လာမည့် စကားများအား ရင်ခွင်လမ်းရိုးတစ်လျှောက် နှလုံးသားအထိ စီးဝင်စေမည် ဖြစ်သည်။(တရားမ၀င် ပစ္စည်းတင်သွင်းမှုနှင့် တရားစွဲလျှင်လည်း ရပါသည်)
သူမတွင် ဂရိကျောက်ဆစ်ရုပ်နှင့်တူသော မေးချွန်ချွန်လေးများမရှိသလို၊ကျွန်တော်လက်နှစ်ဖက်သည်လည်း ထိတိုင်းရွေဖြစ်သည့် မိုက်ဒက်ဘုရင်၏လက်များ မဟုတ်ခဲ့ပါ။သီချင်းတစ်ပုဒ်လို ကျွန်တော့်ကို ခပ်ပျော်ပျော်လေး ဆိုမသွားရန် တောင်းပန်ချင်သည်။ဒါ...မတော်တစ်ဆကြွေသွားသော သစ်ရွက်တစ်ရွက်မဟုတ်ပါ။ကမ္ဘာကျော်ပြဇာတ် တစ်ပုဒ်မဟုတ်သလို ဆယ့်နှစ်နာရီတစ်ချက်ကျော်က ၀တ်လစ်စ
လစ် အနမ်းမျိုးလည်းမဟုတ်ပါ။သစ္စာတရား၏ မြစ်လက်တက်လေး တစ်ခုမျှသာဖြစ်သည်။
နာဖျားခြင်းနဲ့ ရက်စွဲများတွင် ကျင့်သားရနေပြီဖြစ်ကြောင်း၊ဘ၀ကို လူနည်းနည်းဖြင့် ဖြတ်သန်းချင်ကြောင်း အခါအားလျှော်စွာ ကျွန်တော်ပြောပြခဲ့သည်။သူမထံပျံသန်းသွားသော စကားလုံးတို့ ကို
သစ်ပင်စိမ်းစိမ်းတို့ က ၀ါးမြိုစားသောက် ပစ်လိုက်ဟန်ရှိသည်။အဘယ်ကြောင့်ဆိုသော် ကာဗွန်ဒိုင်အောက်ဆိုဒ်
သည် အပင်တို့ အတွက် နာမည်ကြီးစားသောက်ဆိုင်ဖြစ်သောကြောင့် ပင်။
အထက်ပါအတိုင်း တိမ်တွေညိုခဲ့ရသည်။
အထက်ပါအတိုင်း ရယ်သံများ၊
အထက်ပါအတိုင်း ၀တ်ကျေတမ်းကျေ ယဉ်ကျေးမှုများ။
သူမ အပေါ်ထားသည့် စိတ်ကို အချစ်ဟု လွယ်လွယ်လေး ဖွင့်ပြောမည့်သူ လည်းမဟုတ်ပါ။
Romantic ၏ပြီးလွယ်ပျက်လွယ်သော သဘောကို ကျွန်တော်မုန်းသည်။
နေရောင်ခြည်လိုမလင်းလက်ခဲ့သောဘ၀မို့  ကျွန်တော့်ဘက်သို့ မျက်နှာမူနိုင်သော နေကြာပန်းတစ်ပွင့်မှ မမျှော်လင့်ခဲ့သည်မှာ ကံကြမ္မာ၏အလိုတော်အတိုင်းသာဖြစ်သည်။နှလုံးသားသည် မွန်းကြပ်
ဟန်ဖြင့် ကျွန်တော့်ကို ခေါင်းမော်ကြည့်နေလေပြီ။
ဘ၀တွင် ကျွန်တော်အမုန်းဆုံးအရာင်မှာ အဖြူရောင်ဖြစ်သည်။(တိုက်ကြီးတွင် စာသင်
နေသော စာရေးဆရာမအဖြူရောင်မဟုတ်ပါ)အဖြူရောင်သည် အဖြောင့်ဆန်သည်။တစ်လမ်းမောင်းသော လမ်းဖြစ်သည်။ပျက်လျှင် ပြင်ရန်မလွယ်ချေ။ကျွန်တော်မုန်းသည့် အဖြူရောင်၏အဓိက အချက်မှာ ပြောင်းလဲလွယ်ကူသောကြောင့်ပင်။
ထပ်ပြောရလျှင် ကျွန်တော်အချစ်ဆုံးအရာင်မှာ အကြည်ရောင်ဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက် ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။ကျွန်တော်သည် သူမနှင့်တွေ့ တိုင်း အကြည်ရောင်လွှမ်းသော နှလုံးသားဖြင့်သာ
ဆက်ဆံခဲ့သည်။သူမ,သိသော ကျွန်တော့်ရာသီဥတုသည် ကျွန်တော့်ပတ်ဝန်းကျင်နှင့် တိုက်ရိုက်အချိုးကျစေခဲ့သည်။အကြည်ရောင်၏ နှစ်မြတ်ဖွယ်ကောင်းသောအချက်မှာ မုသားစကားတို့ ကို တား
မြစ်ထားပြီး၊သနားစရာကောင်းသော အကြည်ရောင်၏အားနည်းချက်မှာ လှောင်ရယ်သံတို့ နှင့်ရင်ဆိုင်ရမြဲ ဖြစ်
သည်။ယခုတိုင် သူမ၏ရယ်သံများ ကျွန်တော်ထံ တိုးတိတ်စွာ ပေါက်ကွဲနေဆဲ။
အမြဲတမ်းလိုလို..
ပြဒါးသုတ်ထားသော ပြက္ခတိန်တစ်ချို့ ကို ရုတ်သိမ်းပေးရန်တောင်းဆိုခဲ့ဖူးသည်။သို့ သော် သူမ,က ကျွန်တော်ကို ကြည့်ပြီးလှောင်ရယ်ရသည်ကို ကမ္ဘကျော်ဒေးဗစ်ကော်ပါဖီး၏ မျက်လှည့်ထက် ပိုပြီး
စိတ်ဝင်စားနေပုံ ရသည်။ကျွန်တော်လည်ချောင်းဝ၌ အကျဉ်းကျနေသော ကမ္ဘာဦးစကားသည်လည်း အားကောင်းမောင်းသန် ညှိုးငယ်စူးရှနေဆဲ။
ဘာမှမသေချာသောလောကကြီးတွင် ချစ်ခြင်းတစ်ခုတည်းကို သေချာခဲ့ချင်သူမှာ ကျွန်တော်သာဖြစ်သည်။ချစ်သူကို ချစ်ရင်းနှင့် ချစိစိတ်ကို အမြဲတမ်းနှိုးဆွနေတတ်သော လူတန်းစား မှာလည်း
ကဗျဆရာပင်ဖြစ်သည်။ထို့ အတွက် နှုတ်ခမ်းနီမလေးများ နှခေါင်းရှုတ်လိမ့်မည်မှာသေချာသည်။
ထို့ ထက်သေချာသည်ကား..
ကျွန်တော်သည် သူမအတွက် စိုင်းစိုင်းခမ်းလှိုင် မဟုတ်ခဲ့ခြင်းပင်..။



ညီဇံလှ

29 April 2010

သူငယ်ချင်းမလေးရဲ. စိတ်အိမ်လေးထဲ မိုးရိပ်လေရိပ်တွေ ပျံလွင့်လာတဲ့နေ့ 

စကားလုံးတွေကြီး သက်သက်ဆို
ကျွန်တော် ဘယ်သူနဲ့ မှစကားမပြောဘူး
ကျွန်တော်က
ကမ္ဘာကျော် မိုနာလီဇာ.အပြုံးကို
တစ်စက်လေးမှ ကြည့်မရခဲ့သူ၊
စကားနည်းတယ်၊ ရုပ်ဆိုးတယ်၊
ဘ၀ကိုယ်တိုင် အချိုနည်းခဲ့တော့
ကြက်ဟင်းခါးသီး အရွဲ့ တိုက်ပြီး စားဖြစ်တယ်။

လောကကြီးကိုယ်တိုင်က စာလုံးပေါင်းမှန်ရဲ့ လား။
လိပ်စာမှားပို့ လိုက်တဲ့ စာတစ်အိတ်လို
ဘယ်အလင်းတန်းမှရောက်မလာဘူး။
ကမ္ဘာမြေရဲ့လက်ဆောင်လရောင်တစ်ခုလို
သူမရဲ့  သက်မဲ့ဓာတ်ပုံလေး ကျွန်တော့် လက်မှာ ရှင်သန်လို့ ..။

သောကြာနေ့  အားတယ်တဲ့
ယုန်နဲ့ လိပ် အပြေးပြိုင်သွားတယ်
မောင်ပိုကို ကျားကိုက်သွားတယ်
စင်ဒရဲ လား ကိုယ်တိုင်
ဖိနပ် နံပါတ် မှားသွားတဲ့နေ့ ။

ကျွန်တော်က
တံခါးတွေဖွင့်ထားပြီး
အခန်းလေးခန်းရဲ့ ခြေသံအတိုင်း
သူမဆီ တံခါးခေါက်တယ်။
သူမက.....
ပွင့်အံဆဲဆဲနှင်းဆီပွင့်ဖတ်တခုနောက်ကွယ်
ပုံပြင်ဆရာတစ်ယောက်ရဲ့ စန္ဒရားသံနဲ့
ကျွန်တော့်ကို ချောင်း...ချောင်းပြီးကြည့်နေလေရဲ့။

အလင်းရောင်ပြည့်ဝတဲ့အခန်းထဲ
ကျွန်တော်ကိုခေါ်သွားပါ
ရဲတစ်ယောက်မျက်လုံးနဲ့ ကျွန်တော့်ကိုကြည့်ပါ၊
ပြီးမှ
ရင်ထဲက ရှိတဲ့အတိုင်းပြုံးပြပါ၊
ကျွန်တော်ဟာ
အပူ ရော အအေး ရောလောင်ကျွမ်းခဲ့ဘူးသူပါ.။

ညီဇံလှ

24 April 2010

အရူးစကားတိုးတိုးလေး ပြော

လူစုံအောင် စောင့်စရာမလိုဘူး
လရောင်နဲ့  လျှပ်စစ်မရှိလည်း ကဗျာရေးလို့ ရတယ်။
ကမ္ဘာသစ်တည်မယ့်အကြောင်း
ငှက်မွေးမယ်ဆိုတဲ့  အကြောင်း
ငှက်တွေ အပြင်ထုတ်ပြီး ချစ်သူကို
ငှက်လှောင်အိမ်ထဲ ထည့်ထားမယ်ဆိုတဲ့ အကြောင်း။

ရာသီဥတုပူတယ်
မသန့် ဘူးတဲ့
သစ်ပင်တွေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အန်ချ၊
လူတွေ တရားတွေ အန်ချ၊
ကမ္ဘာကိုယ်တိုင် လူတွေကို အန်ချ။

တစ်နေရာရာကို ခုန်တက်မှာလား
တစ်နေရာရာက ပြုတ်ကျလာတာလား၊
လွတ်သွားတဲ့ အထူးကားကို ငေးမော
ထမင်းချိုင့်တန်းလန်းနဲ့  ကျွန်တော့်ညီမလေးများ။

တစ်ယောက်တည်းပြေးနေတဲ့အမှောင်တွေ ဖတ်ဖတ်ကိုမောလို့ ပေါ့
ဖုတ်ဖတ်ခါထလာတဲ့ ဒဏ်ရာတွေ
လောကဓံကို ရှက်ပြုံးလေးပြုံးလို့ …၊
“နေရောင်ခြည်ထိရတာ နာတယ် အမေရယ်”

ညီဇံလှ

12 April 2010

တစ်ခြမ်းပဲ့ သင်္ကြန်

“ညီမ မအားဘူး…
နောက်လည်း ထွက်လာချင်မှ လာခဲ့တော့မယ်”
သက်ြန်ဟာ သက်ြန်မပီသပေမယ့်
နွေကြိုတေးကတော့ နွေကြိုခဲ့တယ်။

ကောင်းကင်အောက်က ပင်လယ်လို
အလွမ်းဟာ အငွေ့ ပျံချင်သလို ပျံ၊
ခမ်းနေတဲ့  နှလုံးသား ဟာ
ခံနိုင်ရည်ကို ဆာတယ်…။

ပိတောက်တစ်ပင်လုံး လဲပြီးမှတော့
ဘယ်ရနံ့ မှ ရနံ့ မပီတော့ဘူး။
ပေါက်ပန်းလေးဆယ်ဂီတ
ရေအတုတွေနဲ့ ကျောပြောင်နေတဲ့  သက်ြန်လမ်းမမှာ
မင်းကို မြင့်မြင့်မြတ်မြတ်ကြီး လွမ်း…
ကိုယ်ဟာ မင်းအပူနဲ့  ပဲ့ကျလာတဲ့
အမည် မသိရပ်ဝန်းက ရေခဲအပိုင်းအစလေးလည်း ဖြစ်တယ်။


ညီဇံလှ
(၁၂.၀၄.၂၀၁၀)


Type the rest of your post here.