06 December 2010

ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့


မိုး ဆိုပြီး

မ မိုးပဲထားလို့ လည်း ရတယ်

ဝတ္ထုရဲ့ အစ ဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့။


ခင်ဗျားရဲ့ အစမှာ

တိုက်ပုံဖြစ်ဖြစ် နက်(က)တိုင်ဖြစ်ဖြစ်ပေါ့။

ကန်ရေပြင်ကိုကြည့်မယ်

ငှက်လို နားချင်နားမယ်။

ဓာတ်ကြိုးလိုတွေ့ တဲ့သူ ရင်လိုက်ခုန်ချင်ခုန်မယ်

ကံဆိုးရင် အိမ်သာကျင်းလဲ တူးရမယ်။


ခင်ဗျားဟာ ၀တ္ထရဲ့ အစဖြစ်တယ်ဆိုပါတော့

ည ဘက် ကေတီဗီ သွားမလား

မာဆတ် သွားမလား

တိမ်တစ်ဆုပ်လောက်လက်မှာထည့်

ခင်ဗျားကိုယ်တိုင် ကဗျာဆရာလုပ်မလား။


ဝတ္ထုဟာ ခင်ဗျားရဲ့ အစ ဖြစ်တယ်ဆိုပါတော့

ဆင်းရဲသားလည်း ခင်ဗျားပဲ ပျော်တယ်

ထီပေါက်လည်း ခင်ဗျားသွားထုတ်မှာပဲ။


ခင်ဗျားရဲ့ အစဟာဝတ္ထုဖြစ်တယ်ဆိုပါတော့

ကွမ်းယာရမယ်

ဆေးလိပ်ရမယ်။

လိုအပ်သလို

ကမ္ဘာကြီးကို ပြားလိုက်လို့ ရမယ်။


အစဟာခင်ဗျားရဲ့ ဝတ္ထုဖြစ်တယ်ဆိုပါတော့

ကိုယ့်ကိုယိကို ပြန်ပြီး ဖတ်ချင်မှ ဖတ်မိမယ်

နွေရာသီဆိုလည်း

ခင်ဗျားချမ်းနေမှာပဲ။



ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့

ခင်ဗျားကိုယ်တိုင်ဝတ္ထုဖြစ်သွားတဲ့အခါ

ကြိုက်သလိုငိုချင်းလည်း ချနိုင်ပါတယ်

' ဘာလင်က ဒါလင်ရေ'

ခုတော့

ကွဲပြီ ။ ။ ။ ။



ညီဇံလှ

29 November 2010

မနက်မိုးသောက်ရင်လေ ငါ မင်းကို


ထူထူခြားခြားကွန်ပြူတာကို မျက်နှာပြပြီး log in ၀င်

ဆန်ရေ

ထူးထူးခြားခြားအပင်များနဲ့ ဆိုဂိုထရာ ကျွန်း

Www.facebook.com/username မှာမိမိလိုချင်တဲ့ နာမည်ပေးမယ်

လုပ်ဇာတ်တွေကြား အကျွမ်းမ၀င်တဲ့ အရာ

ရွာရင်ရွာ၊၊ပြားချင်ပြား၊မခြားလျှင်တော်တယ်

မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ခဲ့ပါ

ဝေလည်းမွှေး၊ကြွေလည်းမွှေး

(Next အပြင်ဘက်လို့  ခန)


ဤနေရာတွင် ခွေးများသာသေးပေါက်ရန်
ပုံ
ခွေးဥက္ကဌ


ညတိုင်းသောက်တယ်

သောက်တိုင်းမပိုဘူး

သောက်ပိုတွေ သိပ်လုပ်တာပဲ

သိပ်ပြီး သောက်စပ်မြင်ကပ်တာပဲ


(Previous အထဲသို့ ခန)


ညီမငယ်များသိထားဖို့ လောကမှာ ဥပုဒ်စောင့်သော ယောက်ျားမရှိ

ဒေါင်းဖြူမြင်ရင် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ့ ရမယ်

အနမ်းသင်္ကေတလေးတွေမော်ကွန်းထိုးဖို့ 

ခွက်ကပ်စား

Gmail အဟတ်ခံစားရသူများအတွက် ၀မ်းသာစရာ သတင်း

တေးရေး တေးဆို ယဉ်မောင်း စက်ပြင်

တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့ 

ရခိုင်မှ လေဘေးသင့်သားခြင်းများအတွက် ညီညွတ်စွာပူးပေါင်းပါဝင်ပေးရန်

အိပ်ရာထဲကနေ ပြတိုက်ကိုလေ့လာမယ်

လူပျိုကြီးများအတွက် စိတ်ဝင်စားဖွယ်


ကွန်ပြူတာ ပိတ်ထားလိုက်သည်


နားခိုရာ….ရှင်သန်ရာ…..ဆောက်တည်ရာ

ဝါ့ကာ ၀ါ့ကာ အေးအေ

မြန်မာ (Rap) အစ ၀ ထ က လ သ (မောင်ချောနွယ်)


ဂလိုပဲ

မဆူပဲထားတော့ ရေကျက်အေးပေါ့။


(Next အပြင်ဘက်သို့ ခန)

တောက်

ဒီရာသီဥတုနဲ့ တော့ “ ထီး “ပဲ ….


မနေနိုင်လို့ ရေးတဲ့ကဗျာမို့ မနေနိုင်ဘူး

သွေးဆူလွယ်တဲ့အလှတရားတွေ

မီးဖိုအောက်က ဂက်စ်အိုးလို ရင်ခုန်လိုက်တယ်




ကျေးဇူးပြု၍

စိတ်လှုပ်ရှားအောင် မလုပ်ကြပါနှင့်

ကျွန်တော့် ညီလေး နိုး,နိုးနေသည်

ငိုပြီးမှ အိပ်တတ်သည်။


ညီဇံလှ

25 November 2010

မဝေးတဲ့စံပယ်


(လွန်လေပြီးသောကဗျာလေးကို ပြန်တင်လိုက်တယ်)



လှေနံထစ်သွားတဲ့ ဓါးမလိုဘူး

သေချာတဲ့ရေဒါနဲ့ 

ဖွတ်မရလို့ ဆုံးသွားတဲ့ ဓါးမ တစ်ချောင်းလောက်

ပြန်အသက်သွင်းမယ်



သူငယ်ချင်း

ရိုးရိုးလေးပါပဲ

ရိုးရိုးလေးတွေးနေလို့ ရိုးရိုးလေးထိုင်နေကြတာ

ရိုးရိုးလေးထိုင်နေလို့  ရိုးရိုးလေးအနင်းခံနေရတာ

တကယ်ကို ရိုးလွန်းမက ရိုး။



ဘောလုံးကွင်းလည်း

ရောက်ခဲ့ဖူးတာပဲ။

ဘေးမပြောရဆိုတဲ့ ကျားဝိုင်းလေးက

ကျဉ်းကျဉ်းလေးပါ သူငယ်ချင်း။


ဒီမိုကရေစီ လမ်းရှာခေတ်ကြီးထဲမှာ

ဒီ မိုကရေစီဆိုပြီး

မို ရိုက်ပုံသွင်းပြောမိတာလေးနဲ့ 

က နေ့ ခတ်

ရေ တိမ်နစ်ခဲ့တဲ့ ဘ၀တွေ

စီ ကနဲ နေအောင်ရိုက်နှက်မှုတွေ

များပေါ့သူငယ်ချင်း


သူငယ်ချင်း

အသံတိတ်ငိုနည်းမှာ

ပန်းသစ်လေးတွေ ဂုဏ်ထူးမထွက်ဖို့ 

ဥယျာဉ်မှူးတစ်ယောက်ဖျားနာတိုင်း

ငါတို့ တွေ ၀ိုင်းဝန်းပေါင်းသင်ဖို့ ။


တကယ်တော့ အဝေးကြီးသွားကောက်စရာမလိုပါဘူး

စိတ်ကူးပေါ်လက်တင်ရင် စံပယ်ပန်းဖြစ်တယ်။


ညီဇံလှ
(4 Jan 2005)

24 November 2010

ကောင်းရာမွန်ရာသို့ ကဗျာ


ဒါ သက်သက်မတရားတာ

တိုးတိုးပြောပါဆိုနေမှ လမ်းဘေးဈေးရောင်းနေတာမဟုတ်ဘူး

သက်သက်မတရားတာ

ပြောပြန်ပြီ ဟော ကြည့် ကဲ ဈေးမရောင်းရတော့ဘူး



ငါ့နေရာမှာ ငါထိုင်နေတာ

မင်းထိုင်ရင်လည်း ငါဖယ်ပေးမှာ

နင် ဟောင်ရင် ငါပြန်ကိုက်မှာပဲ



သို့  လက်တစ်ခုပ်စာလေးရေ…

ခြေထောက်နှစ်ချောင်း လှုပ်လိုက်ရတာ

ပေါင်ကြောတွေတင်းလိုက်ရတာ

အစာ တစ်လုတ်အတွက်

ငုတ်တုတ်လေးစောင့်လိုက်ရတာ။



အသက်တွေကြီးလာတာနဲ့ အမျှ

ကဗျာပါးနည်းနည်း ၀တတ်လာတာနဲ့ အမျှ

လူဟောင်းမှ လူပျက်ဖြစ်လာတာနဲ့ အမျှ

ကျွန်တော်ညီဇံလှအား လည်ကောင်း

ကိုကြီး ကျော်ညိုသွေးအပါအ၀င် အပါင်းအသင်းများကို လည်းကောင်း

အမျှ…အမျှ…အမျှ…..



သို့  ရေတစ်ပွက်စာလေးရေ

အိပ်မက်တွေတစ်ပြွတ်ပြွတ်မွေးမယ့်အချိန်ကျရင်

ငါ့ဆီ ဖုန်းဆက်လိုက်ပါ။



ညီဇံလှ

23 November 2010

ဒီနေ့  ရယ်ရတာ အထိုင်မကျဘူး


ဒီအရွယ်ရောက်မှတော့ လွယ်လွယ်ကူကူလေးအမြီးပေါက်ခဲ့ပါတယ်

စဉ်းစားခန်းကျယ်ကျယ်ကြီးကြီးတွေ မ၀င်ပါနဲ့ 

ငိုရတာအသက်၇ှူကြပ်တယ်။

ဟေ့ လက်မြှောက်လိုက်၊

မဟုတ်ဘူး

လက်ရောခြေထောက်ရော မြှောက်ခိုင်းတာ ပိုသေချာမယ်

သရက်သီးအသေတွေ၊ရာသီဥတု အသေတွေ၊

မျှော်လင့်ချက်အသေတွေ၊သက်ပြင်းအသေတွေ

ကဗျာဆရာ စိမ်းခက်စိုး အဆို

“ခေတ်ပျက်ကြီးထဲမှာ အသေတွေမွေးလာခဲ့တာ”

နိစ္စဓူဝ နေ့ တဒူဝ နေတိုင်း နေ့ စဉ်

နံစော်နေသော ချစ်သော ရေဒီယို

လတ်တလော သတင်းအရ

ကဗျာဆရာ ဆူးခက်မင်းရဲ့ မေလက သစ်ရွက်များ

နိုဝင်ဘာအထိ ခုန်ကျော်လာ၊

ကျွှန်တော်နားလည်သော ရှော့ပင်းဆိုတာ လျှောက်ကြည့်ခြင်း

ဥပဒေထက်မှာ ဘယ်သူတွေဆေးလိပ်ခိုးသောက်နေကြလဲ

"အား"................ဆိုတာ တစ်ခါတည်းအော်ရင် ပိုကျယ်တယ်။ ပိုအားပါတယ်။

ပြီးတော့

ဖြစ်ခဲ့တာတွေ နည်းနည်းပဲယူ ချန်မထားနဲ့  အကုန်စားလိုက်

ပြီးတော့ ပြီးတော့ပဲ မပြီးနိုင်သေးမျှ။

ပြီးတော့

အမာရွတ်တွေပျောက်သွားတာ လူမဟုတ်ဘူး။

ပြီးတော့

ဝါသနာပါရင်

လက်ေ၇းလက်သား မကောင်းလည်း စိတ်ရှည်လက်ရှည် ငိုလို့ ရတယ်။

ညီဇံလှ

22 November 2010

ကိုယ့်သဘောနဲ့ကိုယ် တစ်လက်လက်နဲ့ ထ


ငါမအိုသေးဘူး၊အိုးမသေ သေဘူး။

ဘာလိုလိုနဲ့ ဟယ်ရီပေါ်တာတောင် ကလေးပြိုသွားတယ်

လူပျိုဖြစ်လာပြီ

စားရတာ အရသာမရှိရင် စိတ်ညစ်တယ် မပျော်ဘူး စိတ်မချမ်းသာဘူး

အပြန်မှာ နောက်တစ်ခေါက်ဘာရွေးကြည့်ရမလဲလို့ စဉ်းစားတယ်

ဒီကားနစ်ကားစဉ်းစားထားတယ်။ု

စိတ်ကမကြည်သေးဘူး၊နောက်လည်း နောက်မနေဘူး။

ငါးဖယ်ကို သုံးထပ်က

မော်လမြိုင်ဆိုင်နဲ့ မျက်စောင်းထိုးလောက်က အဆင်းအတက်

လှေခါးနားက ဝယ်တယ်။

လေပြည်နဲ့ ဇောင်းလူ ကို ကိုယ့်သဘောနဲ့ ကိုယ်ပေးစားလိုက်။ရှုပ်နေတယ်

ရှုပ်နေတယ်။ကိုယ့်ဖိနပ်နဲ့ ကိုယ်မူးလဲ

ကိုယ့်ခြေရာနဲ့ ကိုယ်

revision ပြန်. အလွတ်ကျက် လိုတာတွေ စာရင်းမှတ်

Subliminal Message ကို သုံးပြီး ပြောတာ များတယ်

ဘာဖြစ်လို့ လဲဆိုတော့ ဘာမှမဖြစ်ဘူး

ပလာဇာရှေ့ မှာ ပလာတာစားတယ်၊ပလာရာ ၀ယ်တယ်

နိဒါန်းဆိုရင် အစ

နောက်ဆုံးတော့လည်း အားလုံးပြီးသွားတာပဲ

ယခု ကြွလာ မိတ်သဟာ၊ချမ်းသာကိုယ်စိတ်မြဲပါစေ

(မလာတဲ့သူသေချင်သေနေချင်နေမြွေပွေးကိုက်ကိုက် ကျားဖင်နှိုက်နှိုက်ပေါ့)

တော်ပြီဆို နောက်ဆုံးပဲ ပြီးပါပြီ ဒီကဗျာ ။။။။



ညီဇံလှ

20 November 2010

ကျွန်တော် စောင်ပါးပါး ခြုံထားတယ်


တစ်ဖြည်းဖြည်းနဲ့ 
တစ်လေးလေးနဲ့ 
တစ်ကန်ကန်နဲ့ 
တောအုပ်တွေက အဝေးကြည့်မှန်ပြောင်းနဲ့ 
(ထူးဆန်းသည်မှာ အနီးသို့ လည်း ကြည့်၍ရသည်)

ငေးမော။

လူနဲ့ ဆင်သောသတ္တ၀ါများကို၊
ဆင်နဲ့ ဆင်သော လူများကို၊
ငေးရင်းမော…တွေးရင်းတော
(ကာရန်သုံးထားသဖြင့် မော်မဒန် ဟု ပြောလည်း ရသည်)

ဆာတယ်
ဗိုက်ဆာလို့ ရေးတဲ့ ကဗျာမို့  ပိုဆာတယ်
ခေတ်တစ်ခေတ်(သို့ မဟုတ်)
တစ်နေရာရာကို ဆာတယ်။ဆာတယ်။
ပြာလောင်တယ်။
ကြားနေရတယ် ခေါ်သံတွေ၊ငိုသံတွေ၊
ပြက္ခတိန်စာရွက်လှန်သံ၊ လှံသံ၊
ကြိုသူမဲ့ ၊ လက်မှတ်မဲ့၊ လက်မဲ့။

အစိမ်းရောင် တိမ်တိုက်များ
ဘုန်းကြီးကျောင်း အမိုးထက်မှာ တစ်ဂွပ်ဂွပ်မြည်သံ
မြည်သံဟာ တစ်ဂွပ်ဂွပ်နဲ့ ဆိုပဲ
ငါတို့ အားလုံး ဇက်ကြောတွေလေးလံ
မျက်ခွံတွေလေးလံ
သမိုင်းတွေလေးလံ
တကယ်ကိုလေးလံ အောက်ထစ်အကုန် လေးလံ
ဦးခေါင်းထက်က အစိမ်းရောင်တိမ်တိုက်များ။

လမ်းလျှောက်ရင်း လမ်းတွေပါးလာတယ်။
ဖိနပ်တွေပါးလာတယ်
စကပ်တွေပါးလာမယ်
လူတွေပါးလာမယ.်
(ငွေတွေထူလာမယ်)

နာရီနဲ့ ထိတိုင်း အတိတ်ဖြစ်ရင်
အတိတ်နဲ့ ထိသမျှ နာရီမဖြစ်ရင်
ငါတို့ ဟာ တစ်ခုခု ကျန်ခဲ့သလို၊
ငါတို့ ရှေ့ မှာ ခြေသံတစ်သံ ရှိသလို
ခွေးရူးလိုက်သလို..ငှက်ဖျားမိသလို
သလို…သလို..သလို…သလို
လိုသမျှမရသလို
ပွဲခင်းထဲ အမေ ပျောက်သလို၊

သားရယ်..ငါတကယ် မသိတာပါ…
ဘာတဲ့..ရပ်ကွက်ပျက်မတတ် အလွမ်းတဲ့
ဆောင်းလည်းမချမ်းဘူး မချမ်းလည်း ဆောင်းပဲ
အိမ် ပြန်ရောက်လာတော့လည်း ခေါင်မိုးက ပေါက်နေဆဲ..။

ညီဇံလှ