30 January 2012

ချမ်းမြေ့အေးအတွက် ရိုးရိုးလေး







လွတ်လပ်ရေးနေ့  အကြိုမှာ မွေးတယ်

ချစ်သူများနေ့ အကြိုမှာ သူမ နဲ့ တွေ့ တယ်

၂၀၀၈ အာဇာနည်နေ့ မှာ ရည်းစားစကား ပြောဖြစ်တယ်



မင်းလက်တစ်ကမ်းစာမှာ အဆင်ပြေနေမလား

ပူလို့  ချွတ်ပစ်မိတဲ့ ဆောင်းဝတ်စုံထဲ

ငါ ခြေပစ်လက်ပစ် ၀င်စားတော် မူနေတယ် ချမ်းမြေ့အေး



ရယ်မောခြင်းဟာ ခဏပါ

ငိုကြွေးခြင်းဟာ ခဏပါ

ငါ အိပ်မပျော်သလို လူးလှိမ့်နေမယ့်မင်း

ဟိုမှာ လေယဉ်ပျံတစ်စင်း ထွက်သွားတာ ကြာပေါ့

တို့ အချစ် လေတိုးသံ မကြားရတာ ကြာပေါ့။





ချမ်းမြေ့အေး

မင်းဟာ ငါ့ငယ်ဘ၀က ပျောက်သွားတဲ့ ဗီဒီယိုရုံ

မင်းလည်း ထမင်းအိုးမတူးဖူးသလို

ငါလည်း အသက်မအောင့်ခဲ့ဖူးဘူး။

ဒီတစ်ခါလွဲရင်

ဒီကမ္ဘာနဲ့ ကွဲမှာ၊

ကျည်တစ်တောင့်ဆိုလည်း

ငါဟာ ချောကလက် တစ်လက်ပဲ ဖြစ်မှာ။



ငါ မဖြေရဲ ခဲ့တဲ့ နောက်ဆုံးစာမေးပွဲဟာ မင်းပဲ

နေရင်းထိုင်ရင်း လက်သည်းခွံလန် တတ်တာလည်း

သူ့ အကြောင်းနဲ့ သူပဲ။



ထမင်းစားတိုင်း လွမ်းတယ်

မြင်တယ်

အသက်တွေ ကြီးလာပြီ ထင်တယ်

ရေဆာလွယ်လာတယ် မဟုတ်လား

လျှာပေါ်မှာ သာနေတဲ့ လ တွေအစား

ဒိန်ချဉ်ခွက်တွေ မှောက်ချ လိုက်ကြရအောင်။



ဒီတစ်ခါကျမယ့် နှင်းမှာ ဆန်ဆီဆား လုံလောက်ပါ့မလား

မြက်ပင်ရှည်ရှည်တွေမြင်တိုင်း

မင်းနဲ့ အတူတူ

တစ်ခါလောက်ပြန်ရှ ဖူးချင်တယ်။



ညီဇံလှ

15 oct 2011-10-11

0926 am

(၂၀၀၈ သြဂုတ်လကနေ ဒီနေ့ ၂၀၁၁ သူမ မွေးနေ့ တိုင်အောင် ကျွန်တော့်ကို

စိတ်ရှည်လက်ရှည်နဲ့ ကျားကျားလျားလျား ချစ်ခဲ့တဲ့ မချမ်းမြေ့အေး အတွက်

28 January 2012

တုန်ရင်မသွားဘူး

ဒီတစ်ခါ နှင်းကျတော့လည်း

ကျွန်တော့်မှာ ဘယ်ဟာပြိုမှာ ကြောက်နေသလို။



သွားကြားထိုးတံမှ အစ

Kat Deluna က တာ အဆုံး

ကြောက်စရာတွေ။

တစ်ယောက်တည်း လုံးလုံးဝန်းဝန်းနေတော့လည်း

ဆဲလ်တစ် တိုက်စစ်မှူးလာဆင်ရယ်

ဝံပုလွေ လာဆင်ရယ်

ကြောက်စရာတွေ။



ကြောက်စရာတွေ ကြောက်နေရတာနဲ့ တင်

ကြောက်ချိန်တောင် မရတော့။



အေးဆေးလေး နေတော့လည်း

သီချင်းဟာ ပြင်းနေသလို။





ကိုယ်နဲ့မတည့်တဲ့ အိပ်မက်တွေ မက်ထုတ်ပစ်လိုက်တယ်

ဆေးဘူးထဲ အနာတွေ ပြန်ဝင်ခိုင်းလိုက်ရမလား

မနက်ခင်းဟာ ကျွန်တော့် ခြေသန်းလေးကို တက်နင်းနေကျ သင်္ချာ။



ညီဇံလှ

၁၈ အောက် ၂၀၁၁

၀၉၄၄ အေအမ်

(ဒီနေ့  မနက်ပိုင်း အလုပ်က အပြန်နှင်းကျတယ် …ကျွန်တော်လည်း ကျတယ်)

31 March 2011

မနက်ဖြန် ဟိုင်းဝေးဟာ ပိုင်နက်ကျူးလွန်မှု

လူငယ်ဘ၀ကို အရင်းအတိုင်း ရောင်းလိုက်တာလည်း အမြတ်ပဲ

ဘာအရောင်အဆင်းမှထွက်မလာတော့တဲ့ သောကြာနေ့ အင်္ကျီဟာ

အမေ့တို့ ခေတ်က သားချော့တေးကို ငြင်းတယ်



လပြည့်လကွယ်နဲ့ မဆိုင်ဘူး

အဆင်မပြေမှုဟာ အရှည်မြန်တဲ့လက်သည်း

တိတ်ဆိတ်သက်ငြိမ်တစ်နေရာ မှာ လူအဖြစ်ကို အရခွံလဲချင်တဲ့ကဗျာ



ကမ္ဘာာကြီးဟာ ထင်ရာစိုင်းဖို့ အရွယ်ရောက်နေပြီ

အချစ်ကိုနံရိုးတစ်ချောင်းလို ဆွဲထုတ်မြေမှာ စိုက်လိုက်

ကြိုးညှိပြီးသားဂစ်တာဟာ လိပ်လိုပက်လက်လန်နေကျ သစ်ပင်။



ဇာတ်လမ်းအစ ဟဲလိုမောနင်းအပြုံးတွေ charging မပြည့်ဘုး

မျက်စိမှိတ်ပြီးချစ်လိုက်ရတာ ဟိုင်းဝေးဆန်ဆန်အရှင်

နေကောင်းပါစေကလွဲပြီး ထတောက်တာ မီးခိုးရောင်

လက်ကျန်ရှင်ကွဲတွေပေါ် လမ်းလျှောက်ရတာ နည်းနည်းတော့ ချဉ်တယ်။


မမှတ်သေးဘူး ဥတုသုံးပါးစလုံး ပျောက်သွားတာတောင်

ဒီနေ့ ပထမဆုံးချမိတာ မနက်နှစ်နာရီ ထိုးပြီဖြစ်ကြောင်းသက်ပြင်း

ဒီနှစ်ဝယ်လိုအားအကောင်းဆုံးက ကျွန်တော်တို့ မျက်ရည်

သီချင်းဟာ ကောင်းကင်ဘုံမှာ သေပြီးရင်းသေနေတဲ့ ပန်းချီကားပဲ။


ယတြာ။ ။ လူဦးနှောက်ဝါစိမ်းနီတွေနဲ့  ကမ္ဘာကြီးကို သံချောင်းခေါက်ပါ။




ညီဇံလှ



(28 MAR 2011)

1155 am

13 December 2010

စိတ်မလို လက်မရ တစ်နေ့ 



ဘယ်နေရာမှာ ဘယ်အရာက အသေချာဆုံးလဲ

ကံတရား မင်းတိုင်ပင် နည်းနည်းနှေးနေတယ်

ဆရာစိမ်းခက်စိုးရဲ့ လတ်တလော ပြင်နေတဲ့ ဘားလမ်းလို

နွေရာသီ နဖူးလေးမလိုဘူး

ဒီနေရာမှာ

ပပ၀တီမရှိလည်း

ကုသမင်းတော့လိုအပ်မယ်



ချစ်လှစွာသော ဆန်ကုန်ရေရှား သူငယ်ချင်း

မင်း ကမ္ဘာဘယ်နှစ်ပတ် တိုင်ခဲ့ပြီလဲ

ငါ့အင်္ကျီ မင်းနဲ့ မတော်သလို

မင်း ဘောင်းဘီ ငါစွပ်ချင်မှစွပ်မယ်/အားနာလို့ ဝတ်မယ်/အလကားရလို့  ယူမယ်

ဟေး သနပ်ရေ

ဆားလေးတယ် ကွယ်။



ခပ်ညံ့ညံ့တွေထဲက ငါလည်းမဟုတ်ပဲ

ဆိုက်ကားနင်းတတ်တယ်

ကြက်သွန်ဖြူကြိုက်တယ်

လူကြီးလူကောင်းဆန်ဆန်ဆဲ တတ်တယ်

အိနြေ္ဒရရ တုံးတတ်တယ်

ခွင့်လွတ်ပါ လုံးကြီးပေါက်လှလေးရေ

နင်ဥတဲ့ မျောက်ဥကို

ငါလေ တကယ်မတူးတတ်ဘူး။



တွေးကြည့် ရယ်စရာကြီးပါ

မတွေးလည်း ပြုံးလို့ ရတယ်

မပြုံးပဲနဲ့ ရယ်

ရယ်ပြီးမှ မတွေးနဲ့ 

တကယ်

မြန်မာ ဗီယက်နမ်ကို ၁-၇ နဲ့ ရှုံးတယ်။



လောလောဆယ်

မိုးပျံဘူဖေါင်းပေါက်တယ်

(အသစ်ထုတ် ထပ်မှုတ်မယ်)

ပြီးတော့

ခင်ဗျားကောင်မလေး စိတ်ကောက်တယ်



ငါ့စိတ်က

လွယ်မယောင်နဲ့ မခက်ဘူး

တစ်နှစ်တစ်ခါ ပိတောက်မပွင့်ဘူး

ထီနဲ့ လက်ခလယ်ကလွဲပြီး

ဘယ်သူ့ ကိုမှ မထိုးဘူးဖူး။

(မနက်ခြောက်နာရီမှ ညနေခြောက်နာရီ အထိသာ)



တိတ်

မှန်မှန်ရှူ

ရှေ့ /နောက်ကြည့် မှန်ကြည့်

ဒီ အို ဂျီ…ဒိုဂျီ

သေရင်မြေကြီး ရှင်ရင်မြေပဲ

အချိန်တန်တော့ ရောင်းစားခံရမှာပဲ


အားနာရုံသက်သက်ကျွန်ဖြစ်လာကြတာလား

မျက်မှန်စိမ်းကြီးနဲ့ နှစ်ထောင့်တစ်ဆယ်

ဟေး

ဟေး

“ဓာတ်တိုင်”

နင်မူးလာတိုင်း ငါ့ကိုလာတိုက်နဲ့ ။

အခြေအနေက ဒီလိုပဲ

လက်ထဲက အလိပ်ဖြေကြည့်တော့လည်း ဗလာပဲ

ခါတိုင်းလို

ငါလည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ခဲ့တာပဲ။ ။




ညီဇံလှ

09 December 2010

ကမောက်ကမ ကတောက်ကစမှ ဤသို့ 


ဆန်ကွဲနဲ့ ဆန်

တူတူပဲ ရွေးလိုက်မိတယ်

ကွင်းကျဉ်းနေတဲ့ပုဆိုးမှာ

ခါတိုင်းလို

ကျွန်တော်နဲ့ ခင်ဗျားခဏခဏကျွတ်ကျနေမှာပဲ။



“ဒကာတော်…လူပေါင်းများစွာသတ်ခဲ့စဉ်က

ကိုယ်တိုင်စိတ်ပါပါရဲ့ လား”

“မပါပါဘုရား…တာဝန်အရသာ ဖြစ်ကြောင်းပါ”

“သူတစ်စေခိုင်း၍ပြုလုပ်ရသည်။ဒကာတော်ထံ အပြစ်ရှိနိုင်၏လော”

“ရှိမည်မထင်ပါ ဘုရား…”

(ရှင်သာရိပုတ္တရာ နှင့်တမ္ဗဒါဋ္ဌိကစောရဃာဗာက ၀တ္ထုမှကောက်နှုတ်ချက်)



အရပ်ရှစ်မျက်နှာဟာ ဖုန်းနံပါတ်အမှားကြီးနဲ့ 

ကောင်မလေး မင်း ကွန်နက်ရှင်ကျနေပြီလား

သတ်ပုံကြီးငယ်မဖြစ်ခင်

စကားတွေထန်လာတာလည်း

တစ်မျိုးကောင်းပါတယ်။



လွယ်လွယ်လေးပါခွေးမလေး

ရှင်လျက်နဲ့  ငိုတယ်

ဇွတ်ကွယ်။



ဒါ ငါ့ကွင်း

ငါစိတ်ကြိုက်သွင်းမယ်

ဒီကွင်းမှာ ဒိုင်မရှိဘူး

အရေးအကြောင်းဆို

သိကြားမင်းဟာ ကျောက်ဖျာပဲ တင်းတတ်တယ်။



သို့ 

အားအားယားယားကင်းမဲ့ဇုံရေ

ငှက်မွှေးလောက်မဟုတ်တောင်

ကျွန်တော့်ကိုပေါ့ပါးခွင့်ပေးပါ။ ။



ညီဇံလှ

06 December 2010

ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့


မိုး ဆိုပြီး

မ မိုးပဲထားလို့ လည်း ရတယ်

ဝတ္ထုရဲ့ အစ ဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့။


ခင်ဗျားရဲ့ အစမှာ

တိုက်ပုံဖြစ်ဖြစ် နက်(က)တိုင်ဖြစ်ဖြစ်ပေါ့။

ကန်ရေပြင်ကိုကြည့်မယ်

ငှက်လို နားချင်နားမယ်။

ဓာတ်ကြိုးလိုတွေ့ တဲ့သူ ရင်လိုက်ခုန်ချင်ခုန်မယ်

ကံဆိုးရင် အိမ်သာကျင်းလဲ တူးရမယ်။


ခင်ဗျားဟာ ၀တ္ထရဲ့ အစဖြစ်တယ်ဆိုပါတော့

ည ဘက် ကေတီဗီ သွားမလား

မာဆတ် သွားမလား

တိမ်တစ်ဆုပ်လောက်လက်မှာထည့်

ခင်ဗျားကိုယ်တိုင် ကဗျာဆရာလုပ်မလား။


ဝတ္ထုဟာ ခင်ဗျားရဲ့ အစ ဖြစ်တယ်ဆိုပါတော့

ဆင်းရဲသားလည်း ခင်ဗျားပဲ ပျော်တယ်

ထီပေါက်လည်း ခင်ဗျားသွားထုတ်မှာပဲ။


ခင်ဗျားရဲ့ အစဟာဝတ္ထုဖြစ်တယ်ဆိုပါတော့

ကွမ်းယာရမယ်

ဆေးလိပ်ရမယ်။

လိုအပ်သလို

ကမ္ဘာကြီးကို ပြားလိုက်လို့ ရမယ်။


အစဟာခင်ဗျားရဲ့ ဝတ္ထုဖြစ်တယ်ဆိုပါတော့

ကိုယ့်ကိုယိကို ပြန်ပြီး ဖတ်ချင်မှ ဖတ်မိမယ်

နွေရာသီဆိုလည်း

ခင်ဗျားချမ်းနေမှာပဲ။



ဝတ္ထုရဲ့ အစဟာ ခင်ဗျားဖြစ်တယ်ဆိုပါတော့

ခင်ဗျားကိုယ်တိုင်ဝတ္ထုဖြစ်သွားတဲ့အခါ

ကြိုက်သလိုငိုချင်းလည်း ချနိုင်ပါတယ်

' ဘာလင်က ဒါလင်ရေ'

ခုတော့

ကွဲပြီ ။ ။ ။ ။



ညီဇံလှ

29 November 2010

မနက်မိုးသောက်ရင်လေ ငါ မင်းကို


ထူထူခြားခြားကွန်ပြူတာကို မျက်နှာပြပြီး log in ၀င်

ဆန်ရေ

ထူးထူးခြားခြားအပင်များနဲ့ ဆိုဂိုထရာ ကျွန်း

Www.facebook.com/username မှာမိမိလိုချင်တဲ့ နာမည်ပေးမယ်

လုပ်ဇာတ်တွေကြား အကျွမ်းမ၀င်တဲ့ အရာ

ရွာရင်ရွာ၊၊ပြားချင်ပြား၊မခြားလျှင်တော်တယ်

မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ခဲ့ပါ

ဝေလည်းမွှေး၊ကြွေလည်းမွှေး

(Next အပြင်ဘက်လို့  ခန)


ဤနေရာတွင် ခွေးများသာသေးပေါက်ရန်
ပုံ
ခွေးဥက္ကဌ


ညတိုင်းသောက်တယ်

သောက်တိုင်းမပိုဘူး

သောက်ပိုတွေ သိပ်လုပ်တာပဲ

သိပ်ပြီး သောက်စပ်မြင်ကပ်တာပဲ


(Previous အထဲသို့ ခန)


ညီမငယ်များသိထားဖို့ လောကမှာ ဥပုဒ်စောင့်သော ယောက်ျားမရှိ

ဒေါင်းဖြူမြင်ရင် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ့ ရမယ်

အနမ်းသင်္ကေတလေးတွေမော်ကွန်းထိုးဖို့ 

ခွက်ကပ်စား

Gmail အဟတ်ခံစားရသူများအတွက် ၀မ်းသာစရာ သတင်း

တေးရေး တေးဆို ယဉ်မောင်း စက်ပြင်

တစ်ဖက်သားကို အရမ်းအထင်မသေးနဲ့ 

ရခိုင်မှ လေဘေးသင့်သားခြင်းများအတွက် ညီညွတ်စွာပူးပေါင်းပါဝင်ပေးရန်

အိပ်ရာထဲကနေ ပြတိုက်ကိုလေ့လာမယ်

လူပျိုကြီးများအတွက် စိတ်ဝင်စားဖွယ်


ကွန်ပြူတာ ပိတ်ထားလိုက်သည်


နားခိုရာ….ရှင်သန်ရာ…..ဆောက်တည်ရာ

ဝါ့ကာ ၀ါ့ကာ အေးအေ

မြန်မာ (Rap) အစ ၀ ထ က လ သ (မောင်ချောနွယ်)


ဂလိုပဲ

မဆူပဲထားတော့ ရေကျက်အေးပေါ့။


(Next အပြင်ဘက်သို့ ခန)

တောက်

ဒီရာသီဥတုနဲ့ တော့ “ ထီး “ပဲ ….


မနေနိုင်လို့ ရေးတဲ့ကဗျာမို့ မနေနိုင်ဘူး

သွေးဆူလွယ်တဲ့အလှတရားတွေ

မီးဖိုအောက်က ဂက်စ်အိုးလို ရင်ခုန်လိုက်တယ်




ကျေးဇူးပြု၍

စိတ်လှုပ်ရှားအောင် မလုပ်ကြပါနှင့်

ကျွန်တော့် ညီလေး နိုး,နိုးနေသည်

ငိုပြီးမှ အိပ်တတ်သည်။


ညီဇံလှ