31 March 2010

ကမ်း ဝေး ပင် လယ်

အ မျိုး ကွဲ တ နင်္ဂ နွေ တွေ ၀င် လိုက် ထွက် လိုက်

မြစ် တစ် မြစ် ထဲ နှစ် ခါ ပြန် ဆင်း ခွင့် မ ရ လည်း

ဒဏ်ရာ တွေ မ ကြာ မကြာ ပြန် ပြန် ဆင်း ကောက် ချင် မိ

ကျိန် စာ လား.............

ဒါ ကျိန် စာ လား

လော က နီတိ ရဲ့ သင် အံ မှု မှာ

ငါ့  မျက် ၀န်း ရဲ့ လက် လက် ထ ခြင်း ကို မှေး မှိတ် ပစ် တာ

စာ မျက် နှာ ကို အ စဉ် တ ကျ ဖတ် တဲ့ ထုံး တမ်း တွေ မှာ

ငါ့  အ ပြုံးက စိတ် ကူး နဲ့  ပဲ ရွှန်း ရွှန်း ဝေ ရ တဲ့ အ ခါ

ချစ် သူ ရဲ့ ခြေ သံ တွေ ပဲ ထစ် ချုန်း သွား တာ မ ဆန်း ဘူး

ငါ့ ကို ဆွဲ ညှိ ယူ ပါ ကမ်း ခြေ ရယ်

တိတ် တ ခိုး အ သံ ပြာ ခဲ့ ပါ ရဲ့

လမ်း ဆုံး ထိ ခြေ ရာ တွေ မ ညီ ကြ တဲ့ အ ခါ

ဒီ သံ ယော ဇဉ် ရပ် ၀န်း ဟာ စစ် တ လင်း လား

ချစ် သူ

ဒါ ငါ့ နောက် ကျော ပေါ့ 

ဓါး နဲ့ ထိုး ဖို့  လွယ် ကူ ပါ စေ

ဆာ တယ်

ဖွေး ဖွေး လှုပ် အောင် မွှေး တဲ့

ချစ် သူ ပေး ဖူး တဲ့ အဲ့ ဒီ တစ် ရာ သီ လုံး ကို အ ခု ထိ ဆာ တယ်

မုန်း ရောင်တွေ မှိုင်း မှိုင်း ညို သွား ရင် လည်း

ငါ့  စာ မျက် နှာ တွေ မှာ

နင် ဟာ လာ ခြင်း ကောင်း ခဲ့ ပါ ရဲ့ ကွယ်...........


ကဗျာသင်္ခါရ

Type the rest of your post here.

25 March 2010

ရေချိုးဆိပ် အပြင်းဖျားထားတဲ့ မြစ်တစ်စင်း

( ဆံနွယ်တစ်ခုဧ။်အလျား ကဗျာစာအုပ်မှ ၁၉၉၄)
လက်မထပ်နိုင်တာပဲ ရှိတယ်
အဲဒါကိုပဲ ငြင်းပယ်
ဒါကလဲကွယ်
ကောင်းကင်ကြီး ဖြုတ်ချရသလိုပါပဲ။

တန်ဖိုးဆိုတဲ့  ဒြပ်မဲ့ တောင်
ချုံပုတ်ထဲ ခိုအောင်းနေရ
လောကကြီးတစ်ခုလုံး
အမြဲစိမ်းလန်းရေး ယုံကြည်မှုတွေ
အဲဒီနောက်
အရာအားလုံး
ပလပ်စတစ် မြုံးတွေဖြစ်ခဲ့။

ရယ်လိုက်ကြ မျက်ရည်
ငိုလိုက်ကြ ပွင့်ဝေ
လက်ဖက်ရည်အဖျော်သမားတစ်ယောက်တောင်
ဥယျာဉ်မှုးဖြစ်သွားချင်ရဲ့ ။

ဟိုတုန်းကတော့
သူ့ လက်ချောင်းတွေဆုပ်ကိုင်ထားလို့ ပေါ့
ကမ္ဘာပေါ်မှာရှိရှိသမျှ
အချစ်အမှတ်တရနေ့ တွေ
အားလုံးနဲ့ အသားကျခဲ့တာ
အချစ်ဦးဆိုတဲ့ မှတ်တိုင်တွေပဲ။

ခြေရာ လက်ရာ ကိုယ်ရာ ဦးခေါင်းရာ
နောက်ဆုံး
ဒဏ်ရာရနေတဲ့  နှလုံးသားကိုတောင်
မောင်လို့ သည်းညည်းခံပေးခဲ့တဲ့ အတွက်
ဆုလာဘ်ချီးမြှင့်လိုက်ပြန်ပြီ။
အချစ်ဆုံးဆိုတာပေါ့။

အဲဒီနောက်
တွယ်ဖက်ထားတဲ့  လက်ချောင်းတွေ
ပြုတ်ထွက်လောက်တဲ့ အလင်းတန်းရှည်ကြီး
ထိုးစိုက်ကျရောက်လာတော့တယ်။

မိုးရေစိုလက် လမ်းမီးတိုင်တွေ
မျက်ရည်ဥတွေနဲ့ ထွန်းလင်းနေ။

နေခဲ့...တဲ့ 
နှုတ်ဆက်သွားသူပဲ ကျန်ခဲ့ရတဲ့ အဖြစ်
သိပ်ချစ်လွန်းသူရဲ့ နစ်ဝင်တွယ်ကပ်မှုတွေ
ဟေ့...မြေကြီးဆန်ကုန်ပြီ။

ဒီတော့လည်း
ဒုံးကျည်တစ်လက်နဲ့ 
အိပ်မက်မက်နေဲ့ ကမ္ဘာကြီးပေါ်ကနေ
တစ်စ တစ်စ ဖဲ့ချ
ဧရာဝတီလိုပဲ
ဝမ်းဆွဲဆရာမ မလိုစွာ
မွေးဖွားပစ်လိုက်ပြီ။

ပင်ပန်းလိုက်တာ
စိတ်တွေမှန်သမျှ
အုတ်ခဲကျိုးတွေ ချိတ်ဆွဲခံထားရသလို
မလွမ်းရဲ မဆွေးရဲ
ကြေကွဲမှု သိပ်ဖြစ်လိုက်တာနဲ့ 
အသက်ပါ အဆစ်ပြုတ်ထွက်သွားလောက်တယ်
ပင်ပန်းမှုတွေ...ပင်ပန်းမှုတွေ။

အချိန်ရဲ့ တောက်လောင်မှုဆိုတာ
သေချာအောင် ပြောပြရရင်
စီးကရက်တစ်လိပ်ကိုတောင်
ပြာခြွေခွင့် မရှိလိုက်သလိုပါပဲ
ပြီးခဲ့ပြီ...တဲ့ 
အဲဒီလိုပေါ့ပေါ့လေးပစ်လိုက်လို့ ဖြစ်မလား
ဧရာဝတီရဲ့ လှပနက်ရှိုင်းမှုမျိုးနဲ့ 
ရေချိုးဆိပ်အပြင်းဖျားထားတဲ့  မြစ်တစ်စင်း
မိန်းမတစ်ယောက်စီဆင်းနေတုန်းဆိုတာ
ယုံလား...ဒီမှာ
့ရင်တွေသာ လာခွဲကြည့်တော့ကွယ်။ ။

မိုးဝေး





Type the rest of your post here.

ဝမ်းနည်းဖွယ်ရာ စီးကရက်တွေ မသောက်ချင်ဘူး

( ဇေယျာလင်းရဲ့  ကြာပြီ ဖြစ်တဲ့ ကဗျာလေး တစ်ပုဒ်ပါ...အတတ်ပညာတစ်ခုခုကို ဒီကဗျာမှာ သူပြသွားပါတယ်...)


တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်းကစားစရာ
ကစားစ၇ာနှစ်ယောက် ကစားတမ်းဆော့ကြတယ်
အလေးအနက်ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို ပြန်ကစားတယ်
ပျော်စရာကြီးပါပဲလို့ တော့
ဘာကမှ ယောင်လို့ တောင် မဟကြဘူး
ကြည့် သူကစားနေတယ်
ကြည့် သူမကစားနေတယ်
ကြည့် ကစားတမ်းကြီးကစားနေတယ်....။ ။


ဇေယျာလင်း


Type the rest of your post here.

18 March 2010

ငယ်ငယ်တုန်းက ရှေ့ တစ်ပြ

လန်းတုန်းဆန်းတုန်း တစ်ခုခုလုပ်ကြရအောင်။
လွယ်လွယ်နဲ့ မေ့ ပစ်ခဲ့တဲ့ မေးခွန်းတွေဆီ ပြန်သွားမလား၊
လွတ်သွားလို့ ပိုကြီးတဲ့ ငါးကို လိုက်ဖမ်းမလား၊
လမ်းပေါ်ကြဲပြန့် နေတဲ့ တောက်ခေါက်သံတွေ ကြိုးချည်မလား၊
နေရောင်ခြည်ရဲ့  လူယောင်ဆောင်စကားလုံးတွေ ဆဲရေးမလား။

တစ်....နှစ်....သုံး......
ပြိုင်တူ ရှောင်လိုက်ကြရအောင်
ရှေ့ တပြမှာ
ရှေ့  တစ်လှမ်းတိုးဖို့ 
နောက်ဆုတ်လာနေတဲ့  ဆင်အုပ်။


ရှေ့ တပြမှာ
ဆေးလိပ်ထိုင်ဖွာနေတာ
ထောင်ထွက်သမားတစ်ယောက်လား၊
တောင်တက်သမားတစ်ယောက်လား။
တကယ်တမ်းလရောင် ဆိုတာလည်း
သူချည်းသက်သက်တော့ မအေးပါဘူးကွာ။

ဒီဖိနပ်တွေ ဘာကြောင့်ခွာထူနေကြသလဲ
တစ်ချက်ချက်နဲ့ နာရီသံတွေက
လူကို မြွေလို အရေခွံလဲစေချင်နေသလား။
မင်း မသိပါဘူးကွာ
ငါလည်းမသိဘူး
မသိခြင်းမှာ ရေငုံနှုတ်ပိတ်နေတာကောင်းမလား
သူ့ ကိုယ်သူလည်း မသိဘူး။


ရထားသံလမ်းတွေ ပါးလာတယ်။
စက်ရုံကြီးတွေ ငေးကြည့်ရင်း
ရေကာတာကြီးတွေငေးကြည့်ရင်း
သူ့ ဖိနပ်သူ ငုံ့ ကြည့်ရင်း
ဇရာတွန် နေပြီဖြစ်တဲ့  ရှေ့ တပြဟာ...။




ညီဇံလှ

Type the rest of your post here.

10 March 2010

ရုပ်ရှင်

လေသံဖြော့ဖြော့လေး မရှင်းမလင်းနဲ့
ကန့်လန့်ကာမတင်ခင်တည်းက
ရင်ခုန်သံက စင်အရှေ့ထွက်နေပြီ
ဒီလိုနဲ့
နေကြာစေ့ထုတ်လည်းပျောက်သွားတာဘဲ။
ရေသန့်ဘူးလည်းမှောက်သွားတာဘဲ။
ဇာတ်လမ်းလည်း သွားတာဘဲ။
ကဲပြီးရင် ရပ်လိုက်တော့
ရင်ရှုပ်အောင်မလုပ်ပါနဲ့ကွယ်
ပြောရင်းဆိုရင်း
ဇာတ်လမ်းက
ငါတို့ချစ်ခြင်းကိုပြန်ကြည့်နေတယ်။
အခု
ငါက
နေကြာစေ့ခွံလေးတွေနဲ့အတူ
ရေသန့်ဗူးလေးတွေနဲ့အတူ ပျောက်ဆုံးမသွားတဲ့
အတိတ်ကရှက်ပြုံးလေးတွေကို
စလိုးမိုးရှင်းနဲ့
စာလုံးပြန်ပေါင်းကြည့်မိနေတာပါ..။

စိမ်းခက်စိုး



Type the rest of your post here.

06 March 2010

ငါ့အိပ်ကပ်ထဲက ခုန်ချထွက်ပြေးသွားတဲ့  ဒီဇင်ဘာ

ယူတတ်ရင် ဒီဇင်ဘာဟာ သံဝေဂ

မသွေးရသေးတဲ့ မျက်နှာနဲ့ 

ညိုးငယ်နေတဲ့  သံချေးတက်ဒီဇင်ဘာ၊

ကောက်ရိုးပုံထဲကျသွားတဲ့ အပ်ဟာ

ငါ့ရှာနေတဲ့  ဒီဇင်ဘာလား။

တစ်ကိုယ်စာနွေးရုံလောင်စာနဲ့ 

တစ်ခါလေ လေကြီးမိုးကြီး အော်ရယ်လိုက်ပုံက

“အခြေနေအရတဲ့ ”။

သူ့ အတွက် ပိုလျှံနေတဲ့  နှင်းတောင်

ငါတို့ပေါ်ကွက်ကြားကြဲ နေတဲ့  ဒီဇင်ဘာ..။

ဒီဇင်ဘာ ထဲ ဘာတွေစိမ့်ဝင်နေလဲ

ငါတို့ ဟာ ငါတို့ မပီသခဲ့တော့

ခေတ်ဟာခေတ် မပီသခဲ့တော့

ငါတို့ ထဲမှာ ခေတ်ဟာ ရှိချင်မှ ရှိခဲ့ လေတော့

ညဆိုတာလည်း

ဖွာလန်ကြဲနေတဲ့  ဂစ်တာတစ်လက်နဲ့ 

အပျော်ဖတ်သက်သက်ကြီးပါကွာ။

ဒီဇင်ဘာကို ဘယ်သူတွေပုံပြောခဲ့လဲ

နေရောင်ခြည်ဆိုတာ နောက်ကျလေ့ရှိတတ်ကြောင်း၊

အောက်တိုဘာနဲ့ ညဘက်လမ်းတွဲမလျှောက်သင့်ကြောင်း၊

ခေတ်ကာလ ရောဂါဆန်းတွေကြား

ဒီဇင်ဘာကိုယ်တိုင် ရေးချိုးမမှားသင့်ကြောင်း၊

………………………………………………………

ပုံပြင်သံတွေနဲ့  ဒီဇင်ဘာဟာ ငွေ့ ငွေ့ လေးမှိုင်လို့ ၊

နောက်ကျောကို ဓါးထောက်

ချစ်လို့ စတာ ဆိုတဲ့ သားချော့တေးတွေကြား

ဒီဇင်ဘာဟာ ကလေးတစ်ယောက် မဟုတ်ခဲ့တာ သေချာပါတယ်။

ညီဇံလှ



Type the rest of your post here.

05 March 2010

ကျွန်တော့်ရဲ့ သော့ချက်

နေ့ တာတိုတတ်တဲ့ 
တို့ မြို့ လေးထဲ
စံပယ်တွေမှာ
ဘယ်တော့မှ အဖြူမမီဘူး။

တို့ ဖွဲ့ နွဲ့ တဲ့ ကြယ်တွေကလည်း
ကြယ်မဟုတ်တော့ဘူး ဆိုတော့
အလင်းနှစ်သန်းပေါင်းများစွာထဲ
ကောင်းကင်ဟာလည်း
ကောင်းကင်မဟုတ်နိုင်တော့ဘူး။

စိတ်ကူးနဲ့ 
လက်တွေ့ လွဲပြီး
အိမ်ပြန်လာခဲ့ရတယ်
ကျွန်တော်လည်း လူမဟုတ်တော့ဘူး။ ။


ဝင်းမြင့်

Type the rest of your post here.